သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-03
"ဘင်္ဂလားဒေ့ရ်ှနိုင်ငံကနေ ရခိုင်ပြည်နယ် အတွင်းကို တရားမဝင် ဝင်ရောက်လာ သူတွေကို ဘင်္ဂါလီလို့ ခေါ်ဝေါ်သုံးနှုန်းဖို့ ရခိုင်ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း" အဆိုတရပ်ကို ဘူးသီးတောင်မြို့ နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင် သိန်း က ရခိုင်ပြည်နယ်လွှတ်တော်မှာ ဒီကနေ့ တင်သွင်းခဲ့ ရာမှာ အဲ့ဒီအဆိုကို လက်ခံဆွေးနွေးဖို့ ပြည်နယ်လွှတ်တော် က ဆုံးဖြတ်လိုက်ပါတယ်။
2016-08-03
အစ္စလာမ်မစ်အစွန်းရောက် IS က မလေးရှားနိုင်ငံ က ရဲစခန်းတစ်ခုကိုပေးပို့တဲ့ ခြိမ်းခြောက်စာထဲ မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပါနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင် ငံတော် အကြီးအကဲတွေရဲ့လုံခြုံရေးကို ပုံမှန်ထက် အလေးထားဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
2016-08-03
ဒီနေ့မနက်က တနိုင်းဒေသမှာ အစိုးရ နဲ့ ကေအိုင်အိုတပ်တွေအကြား တိုက်ပွဲဖြစ် ပွားခဲ့ပါတယ်။
2016-08-02
နိုင်ငံတဝန်းလုံးမှာ အဂတိလိုက်စားမှုတွေ ကျဆင်းလျော့နည်းနိုင်ဖို့အတွက် ထိရောက် စွာ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးရေး အတွက် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်းအဆို ကို ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ တင်သွင်းလိုက်ပါတယ်။
2016-08-02
ကချင်ပြည်နယ်က တရားရုံးတွေမှာ ဘဏ္ဍာ သိမ်းပစ္စည်းအဖြစ် အမိန့်ချမှတ်ပြီး သိမ်း ဆည်းထားတဲ့ ယာဉ်မျိုးစုံကို လေလံ တင် ရောင်းချသွားမယ်လို့ ပြည်နယ် လမ်းပန်းဆက် သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှု ဝန်ကြီးဦးဝင်းညွှန့် က ပြောပါတယ်။
2016-08-02
ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေ မြင့် တက်နေမှုကြောင့် မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး နဲ့ ကချင် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုက လူဦးရေတစ်သိန်းနီး ပါးလောက် ရေဘေးဒဏ်ခံနေရ ပြီး ရေဘေးကယ်ဆယ်ရေး စခန်းတွေမှာ ပြောင်းရွှေ့နေကြရပါတယ်။
2016-08-02
မိုဘိုင်းဖုန်း သုံးစွဲသူတွေအနေနဲ့ လာမယ့် ၂၀၁၇ မတ်လ ၃၁ ရက်နေ့ မတိုင်မီ သက်ဆိုင်ရာ ဖုန်းအော်ပရေတာတွေဆီမှာ ကိုယ်ရေး အချက်အလက်တွေနဲ့ မှတ်ပုံတင်ဖို့ ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနက ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2016-08-02
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် လုံလောက်တဲ့ ရဲတပ်ဖွဲ့ဝင်အင်အားနဲ့ သီးခြားဘတ်ဂျက်ရရှိရေး အတွက် ဆောင်ရွက်နေတယ် လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ပြောပါတယ်။
2016-08-02
တနင်္သာရီတိုင်း မြိတ်မြို့မှာရှိတဲ့ အဆောင်ကောင်းနဲ့ မင်းဇာနည် ငါးအမှုန့် ကြိတ်စက်ရုံ ၂ ရုံဟာ အနံ့ဆိုးတွေ ထွက်နေတဲ့အတွက် တိုင်းအစိုးရက ညွှန်ကြားခဲ့ပေမယ့် မလိုက်နာတဲ့အတွက် လုပ်ငန်းလည်ပတ်ခွင့် ၆ လ ရပ်ဆိုင်း လိုက်ပါတယ်။
2016-08-02
လာမယ့် သြဂုတ်လ ၇ ရက်နေ့မှာ ထိုင်းနိုင် ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းပြည် လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပမှာဖြစ်တဲ့ အတွက် လုံခြုံရေးကို တိုးမြှင့်ထားတာကြောင့် ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အထူးသတိပြုသွား လာကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မနေ့က သတင်း ထုတ်ပြန်လိုက်ပါတယ်။
2016-08-02
အရင်အစိုးရအဆက်ဆက်က ဆောက်လုပ် ခဲ့တဲ့ ဆည်တွေနဲ့ မြစ်ရေတင် စီမံကိန်းတချို့ ဟာ ကိုယ်ကျိုးစီးပွားအတွက် ဆောက်လုပ် ခဲ့တာတွေ ရှိတဲ့အတွက် တိုင်းပြည်နဲ့ ဒေသခံတွေအတွက် အကျိုးရှိ မရှိ ပြန်လည်သုံးသပ်သွားမယ်လို့ စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းဝင်း က ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ပြောပါတယ်။
2016-08-02
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ် ချုပ်ရေး ဥပဒေမှာ ဧည့်စာရင်းတိုင်ကြား ရမယ်ဆိုတဲ့အချက်ကို ပြန်လည်ဖြည့်စွက်တဲ့အပေါ် ကန့်ကွက်ကြောင်း ပေးပို့ဖို့အတွက် လက်မှတ်တွေကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ က ကောက်ခံနေပါတယ်။
2016-08-02
မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ သဘာဝဘေး အတွက် သြစတြေးလျနိုင်ငံက နောက်ထပ် အမေရိကန် ဒေါ်လာ ၁၂ သန်း တိုးမြှင့်ကူညီမယ်လို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ကြေညာ ခဲ့တဲ့အပေါ် ကလေးသူငယ် ကူညီကယ်ဆယ်ရေး Save the Children အဖွဲ့က ကြိုဆိုလိုက်ပါတယ်။
2016-08-01
၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေ ကို ရုပ်သိမ်းဖို့ ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းကော်မတီက ပြည်သူ့လွှတ်တော်ထံ တနင်္လာနေ့က တင်ပြခဲ့ပါတယ်။
2016-08-01
စက်ရုံ အလုပ်ရုံ အလုပ်သမားတွေအတွက် လက်ရှိသတ်မှတ်ထားတဲ့ အနည်းဆုံး လုပ်ခလစာ တစ်ရက် ငွေကျပ် ၃၆၀၀ ကို ထပ်တိုးမြှင့်ပေးသွားနိုင်ဖို့ အမျိုးသားလွှတ်တော်ရဲ့ ပြည် တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီက စီစဉ်နေ ပါတယ်။