သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-27
အိန္ဒိယနိုင်ငံမှာ ထိန်းသိမ်းခံနေရတဲ့ မြန်မာရေလုပ်သား ၁ဝ ဦး ဒီကနေ့ မြန်မာနိုင်ငံကို ပြန်ရောက်မှာဖြစ်ပါတယ်။ သူတို့ ကို မြန်မာပြည် ပြန်လည်ခေါ်ယူဖို့အတွက် မိမိတို့ နိုင် ငံခြားရေးဝန်ကြီးဌာနနဲ့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာနတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဒေါ်အေးအေးစိုး က ပြောပါတယ်။
2016-07-27
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကြမ်းမှာ ဧည့်စာရင်း တိုင်ကြားရမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းပြဌာန်းသင့်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ဒီနေ့ ပြည်သူ့လွှတ်တော်ထံ အစီရင်ခံစာ တင်သွင်းလိုက်ပါတယ်။
2016-07-27
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ လက်အောက်ခံ ကျောက်ပန္တုရဲကင်းစခန်းထဲမှာ ဖွက်ထားတဲ့ WY မူးယစ်ဆေးပြားအရေအတွက် ၃ သိန်းနီးပါးကို မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
2016-07-27
ရှမ်းပြည်နယ် ပင်လုံမြို့မှာ တိုင်းရင်းသား လူငယ်ပေါင်းစုံ တက်ရောက်တဲ့ မြန်မာ နိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံကို ဒီကနေ့ စတင်ကျင်းပနေပါတယ်။
2016-07-27
ပဲခူးတိုင်း ပြည်မြို့မှာ ဖြစ်ပွားနေ တဲ့ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ပျံ့နံှ့မှုကို လက်ရှိအချိန်မှာ ထိန်းချုပ် ထားနိုင်ပြီး လိုအပ်တဲ့ကာကွယ်ရေး၊ ကုသရေးတွေ ကို ဆောင်ရွက်နေတယ်လို့ ပြည်ခရိုင် ဆေးရုံအုပ်ကြီး က ပြောပါတယ်။
2016-07-27
မြန်မာနိုင်ငံဘက်ခြမ်းကနေ မူးယစ်ဆေး ဝါးတွေ သယ်ယူလာတဲ့ မြန်မာနိုင်ငံသားနှစ် ဦးကို ထိုင်းဘတ်ငွေ ၅ သန်းခွဲကျော်တန်ဖိုး ရှိတဲ့ စိတ်ကြွမူးယစ်ဆေးပြားတွေနဲ့ အတူ ထိုင်းမြန်မာ နယ်စပ် မယ်ဆိုင်မြို့မှာ ဇူလိုင်လ ၂၆ ရက်နေ့ မနေ့ညနေ ပိုင်းက ထိုင်း မူးယစ်ဆေးဝါး တားဆီးကာကွယ် နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
2016-07-27
မိုင်ဂျာယန်မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းအဝေးကို ဒီနေ့ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပခဲ့ပါတယ်။
2016-07-27
ရန်ကုန်တိုင်းအစိုးရက မူလခွင့်ပြုထားတဲ့ အထပ်အရေအတွက်ထက် လျှော့ချဆောက် လုပ်ဖို့ ညွှန်ကြား ထားတဲ့ အထပ်မြင့်ကွန်ဒို ၁၂ လုံးထဲမှာ ၈ လုံးဟာ ဥပဒေစည်းမျဉ် စည်းကမ်းတွေနဲ့အညီ ဆောက်လုပ်ထားတာဖြစ်တဲ့အတွက် တိုင်းအစိုးရ အနေနဲ့ ပြန်လည်စဉ်းစားသင့်ကြောင်း ရန်ကုန်တိုင်း လွှတ်တော်ရဲ့ ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီက တိုင်းအစိုးရထံ တင်ပြထားပါတယ်။
2016-07-27
အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဥပဒေတွေ၊ နည်းဥပဒေတွေ ပြဌာန်း ထားပေမယ့် အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေ တရားဝင်မှတ်ပုံတင်ရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်တွေ က ပြောပါတယ်။
2016-07-27
ချင်းတွင်းမြစ်ရေမြင့်တက်တာကြောင့် စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ တစ်မြို့လုံး ရေဖုံး လွှမ်းနေပြီး ရေဘေး ဒုက္ခသည် တစ်ထောင် နီးပါးကို ဘုန်းကြီးကျောင်းတွေ မှာ ပြောင်းရွှေ့ပေးထားပြီး တပ်မတော်နဲ့ မီးသတ်အဖွဲ့တွေ ကပါ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေရ ပါတယ်။
2016-07-27
မြန်မာ နဲ့ အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသမှာ စစ်လက်နက်ပစ္စည်း မှောင်ခိုရောင်းဝယ်မှုနဲ့ လက်နက်ကိုင် သူပုန်တပ်တွေ လှုပ်ရှားတာ ကို ထိန်းသိမ်းရေးကိစ္စရပ်တွေကို နှစ်ဖက်အရာရှိကြီးတွေ မနေ့က ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယသတင်း စာတွေက ရေးသားဖေါ်ပြကြပါတယ်။
2016-07-27
ထိုင်းနိုင်ငံက ကမ္ဘာ့သမိုင်း အမွေ အနှစ်နေရာအဖြစ် သတ်မှတ်ဖို့ ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ကို တင်ပြထားတဲ့ နေရာအဝန်းအဝိုင်း မှာ မြန်မာ့ပိုင်နက် ပါဝင်နေတာကြောင့်၊ မြန်မာနိုင်ငံကလည်း ကိုယ့်ပိုင်နက် ပါဝင်နေတဲ့အပိုင်းကို ကမ္ဘာ့သမိုင်းအမွေ အနှစ်နေရာအဖြစ် သီးခြားတင်ပြမယ်လို့ သိရပါတယ်။
2016-07-27
ရှမ်းပြည်နယ် နမ္မတူမြို့နယ်က မန်စံကျေး ရွာမှာ RCSS/SSA တပ်ဖွဲ့တွေ မနေ့ မနက်ပိုင်းက ဝင်ရောက်လာပြီး တအာင်းအမျိုးသား အမျိုး သမီး စုစုပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွား တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
2016-07-27
ကချင်ပြည်နယ် မိုင်ဂျာယန်မှာ မနေ့က စတင်ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေ အစည်းအဝေးမှာ ပင်လုံသဘောတူညီချက်နဲ့ ပတ်သက်လို့ တိကျတဲ့ အဖြေသဘောထားတော့ မရသေးဘူးလို့ ကျင်းပရေးကော်မီတီဥက္ကဌ ကပြောကြားလိုက်ပါတယ်။
2016-07-26
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အခစားကျေးရွာအုပ်စုမှာရှိတဲ့ စားကျက်မြေ ဧက ၂၀၀ ကျော်မှာ ခမရ- ၃၇၄ တပ်ရင်းက သီးစားချလုပ်ပိုင်ခွင့်ပေးထားတာကို ရပ်တန့်ပေးဖို့ မြို အမျိုးသား ဒီမိုကရေစီပါတီ က ရခိုင်ပြည်နယ် အစိုးရကို မနေ့က မေတ္တာရပ်ခံလိုက်ပါတယ်။