သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-03-06
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာမှာ ဒီကနေ့ မတ်လ ၆ ရက်မနက်က ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့လို့ ကလေး ၁ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။
2020-03-06
ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ရန်ကုန်တိုင်းထဲက စက်ရုံ ၃ ရုံ ဒီနေ့ မတ်လ ၆ ရက်နေ့မှာ ပိတ်လိုက်ရတဲ့အတွက် အလုပ်သမားနှစ် ထောင်ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဒါဟာ နှစ်ပတ် အတွင်း အလုပ်သမား ငါးထောင်ကျော် အလုပ်လက်မဲ့ ဖြစ်သွားတာပါ။
2020-03-06
ရင်ပြည်နယ် မြဝတီမြို့မှာ နယ်ခြားစောင့်တပ်ဖွဲ့ BGF က ဖမ်းဆီးတာခံရပြီး မနေ့ က ပြန်လွှတ်လာတဲ့ သတင်းထောက် နှစ်ယောက်က သူတို့ကို ထိန်းသိမ်းခဲ့သူတွေက ရိုက်နက်နှိပ်စက်ခဲ့တယ်လို့ ပြောပါတယ်။
2020-03-06
မန္တလေးမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ အနီးကပ်စောင့်ကြည့်နေတဲ့လူနာတစ်ဦး ဒီနေ့မနက်မှာ သေဆုံးသွားပါတယ်။ ကန်တော်နဒီကို မတ် ၄ ရက်နေ့ကတည်းက ပို့ထားပေမယ့်၊ ဒီနေ့ မတ်လ ၆ ရက်နေ့ ညနေ ၆ နာရီအထိ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ဓာတ်ခွဲစစ်ဆေးမှုအဖြေကို တိတိကျကျ ပြောဆိုခြင်းမရှိပါဘူး။
2020-03-06
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ မြေယာလျော်ကြေး မထုတ်ရသေးတဲ့သူတွေကို ကာလပေါက်ဈေး တစ်ဧက ကျပ်သိန်း ၁၉၀ နှုန်းနဲ့ ပေးဖို့မဖြစ်နိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ဒီနေ့ မတ်လ ၆ ရက်နေ့က အမျိုးသားလွှတ်တော်မှာ ပြောလိုက်ပါတယ်။
2020-03-06
မကွေးတိုင်း မင်းလှမြို့နယ်မှာ ဖမ်းမိတဲ့ ရိုဟင်ဂျာ ၁၆ ယောက်ထဲက အသက် ခြောက်နှစ်အရွယ် ကလေးတစ်ဦးကလွဲပြီး ၁၅ ယောက်ကို အထောက်အထားမဲ့ ခရီးသွားလို့ဆိုပြီး ဒီနေ့ မတ် ၆ ရက်နေ့မှာ မြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်လိုက်ပါတယ်။
2020-03-05
ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရတဲ့ ကျောင်းသား ၅ ယောက်ကို ရန်ကုန်မြို့ ပညာရေးတက္ကသိုလ်မှာ ရဲတပ်ဖွဲ့တွေက မနေ့က လာရောက် ဖမ်းဆီးသွားပါတယ်။
2020-03-05
စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးမှာ မတ်လ ၁ ရက်နေ့က တက်ရောက်ကုသခဲ့တဲ့ လူနာတစ်ယောက်ကို ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသလား ဆိုတဲ့သံသယနဲ့ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီးမန္တလေးမြို့ ကန်တော်နဒီ ဆေးရုံကြီးမှာ သီးခြားခွဲထားပြီး ကုသနေတယ်လို့ သိရပါတယ်။
2020-03-05
ရန်ကုန်တက္ကသိုလ်မှာ မတ်လ ၅ ရက် ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ဥပဒေပညာရှင် ပါမောက္ခ ဝီလီယံရှားဘတ်စ် (William Schabas) ရဲ့ ဥပဒေပညာရပ်ဆိုင်ရာ ဟောပြောပွဲကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက သပိတ်မှောက်ခဲ့ပါတယ်။
2020-03-05
ချင်းပြည်နယ် ပလက်ဝမြို့နယ် ပွီဝုန်းရွာအနီးကို တပ်မတော်က မနေ့က လေကြောင်း ကနေ တိုက်ခိုက်ခဲ့တာကြောင့် ရွာခံတစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ် လို့ ရွာသားတွေက ပြောပါတယ်။
2020-03-05
တိုင်းပြည်အရေးပေါ်အခြေအနေ ပေါ်ပေါက်ခဲ့ရင် “တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကို အုပ်ချုပ်ရေးအာဏာ လွှဲပေးရမယ်” ဆိုတဲ့ ပြဌာန်းချက်ကို ပြင်ဆင်တာဟာ၊ တပ်မ တော်ရဲ့လုပ်ပိုင်ခွင့်ကို ဖယ်ရှားချင်တာလားဆိုပြီး တပ်မတော်သားကိုယ်စားလှယ်တွေက ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ မေးခွန်းထုတ်သွားပါတယ်။
2020-03-05
ရန်ကုန်အခြေစိုက်Frontier Myanmar မဂ္ဂဇင်းရဲ့ သတင်းထောက် နော်ဘက်တီဟန် ဟာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ဖမ်းဆီးခံရတယ်လို့ Frontier မဂ္ဂဇင်းရဲ့ အမှုဆောင်အရာရှိချုပ် ဦးဆန်နီဆွေ က RFA ကို ဒီနေ့ မတ်လ ၅ ရက်နေ့မှာ အတည်ပြုပါတယ်။ ဒီနေ့ညနေပိုင်းမှာတော့ BGF ခေါင်းဆောင်က ပြန်လွှတ်ပေးမယ်ပြောပါတယ်။ ညနေ ၆ နာရီ ၄၀ မှာတော့ ပြန်လွှတ်လိုက်ပြီလို့ Frontier Myanmar က ထုတ်ပြန်ပါတယ်။
2020-03-05
နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာအတွက် ရှေ့နေလိုက်ပေးတဲ့ ပါမောက္ခဝီလီယံ ရှဘတ်စ် William Schabas ဟာ ရန်ကုန်တက္ကသိုလ်မှာ ဥပဒေပညာရပ်ဆိုင်ရာ ဟောပြောမှု တစ်ခု ဒီနေ့ မတ်လ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
2020-03-05
ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်းရဲ့ သတင်းထောက် နော်ဘက်တီဟန် ဟာ ကရင်ပြည်နယ်အတွင်း ဖမ်းဆီးခံရတယ်လို့ Frontier မဂ္ဂဇင်းရဲ့ အမှုဆောင် အရာရှိချုပ် ဦးဆန်နီဆွေက RFA ကို ဒီမနက်မှာ အတည်ပြုပါတယ်။
2020-03-04
မှော်ဘီ၊ မြောင်းတကာသံမဏိသက်ရုံက အစာငတ်ခံဆန္ဒပြနေတဲ့ အလုပ်သမားတွေရဲ့ အကူအညီတောင်းခံမှုကို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီး ဖြေရှင်း ပေးသွားမယ်လို့ NLD ပါတီတာဝန်ရှိသူက ပြောကြားလိုက်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။