သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-08
ရခိုင်ပြည်နယ်မှာ စစ်တွေမြို့မှာ ဆရာတော် ဦးဥတ္တမပျံလွန်တော်မူတဲ့ ၈၂ နှစ် မြောက် အောက်မေ့ဖွယ် အခမ်းအနား ကို ဒီနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာ ကိုဗစ်ကပ်ရောဂါ အခြေအနေတွေကြောင့် လူအကန့်အသတ်နဲ့ ကျင်းပ နေပါတယ်။
2021-09-08
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခုခံတွန်းလှန်စစ် ဆင်နွှဲဖို့ ကြေညာလိုက်တာဟာ စိတ်မကောင်းစရာဖြစ်ပေမယ့်၊ အာဏာသိမ်းပြီး ၇ လအတွင်း စစ်တပ်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ချေမှုန်းမှုတွေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက အရေးယူမှု မရှိတာတွေအပေါ် NUG နဲ့ မြန်မာပြည်သူတွေရဲ့ အားမလိုအားမရဖြစ်မှုတွေကို မိမိတို့ နားလည်သဘောပေါက်ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က စက်တင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2021-09-08
ထိုင်း- မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အပါအဝင် လူ ငါးထောင်လောက်ကို ခုရက်ပိုင်းအတွင်း ဒုတိယအကြိမ်အဖြစ် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေ ပါတယ်။
2021-09-08
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တစ်နိုင်ငံလုံးကို အရေးပေါ် အခြေအနေ ကြေညာပြီး တော်လှန်ရေးစတင်ဖို့ ကြေညာလိုက်တာဟာ မြန်မာ့အရေး ကြားဝင် ဆောင်ရွက်နေတဲ့ အာဆီယံရဲ့ ကျရှံးမှုတစ်ခု ဖြစ်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က စက်တင်ဘာလ ၈ ရက် ဒီနေ့ ပြောလိုက်ပါတယ်။
2021-09-08
ရခိုင်ပြည်နယ်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲခံထားရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု နဲ့ ဝန်ကြီးလေးဦးကို စစ်တွေမြို့နယ် တရားရုံးမှာ ဗွီဒီယိုအွင်လိုင်းစနစ်နဲ့ ဒီနေ့ စတင်စစ်ဆေးခဲ့တယ်လို့ အကျိုးဆောင်ရှေ့နေ ဦးအောင်စစ်မင်းက RFA ကိုပြောပါတယ်။
2021-09-08
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်လာပြီး စစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းမှုတွေအတွင်း ဒေသခံ ရှစ်ဦး သတ်ဖြတ်ခံခဲ့ရသလို လူပေါင်း တစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
2021-09-08
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေးစတင်ကြောင်း ကြေညာတဲ့ နေ့မှာပဲ ချင်းပြည်နယ် ဟားခါးနဲ့ ကန်ပက်လက်မြို့တွေမှာ CDF အဖွဲ့နဲ့ စစ်ကောင်စီ တပ်သားတွေအကြားတိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ တိုက်ခိုက်မှုတွေ အရှိန်မြင့်လာဖို့ရှိတယ်လို့လည်း ဟားခါး CDF က ပြောပါတယ်။
2021-09-08
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ညောင်ကိုင်းကျေးရွာက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ ပါတီဝင် နေအိမ်အချို့ စက်တင်ဘာလ ၇ ရက် ည ၁၂ နာရီကျော်လောက် သေနတ်နဲ့ အပစ်ခံရတာကြောင့် နေအိမ်ထဲမှာရှိနေတဲ့ ပါတီဝင် သုံးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-08
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အနီးမှာ စက်တင်ဘာလ ၈ ရက် ဒီကနေ့၊ မနက် ၁၁ နာရီခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးညီညီအောင် ခြေထောက်ဒဏ်ရာရခဲ့သလို ရုံးစာရေးတစ်ဦးလည်း လက်မှာ ထိခိုက်ဒဏ်ရာအချို့ ရရှိခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
2021-09-08
မကွေးတိုင်း၊ ပေါက်မြို့နယ် ကင်းမကျေးရွာက ရွာသားသုံးဦးနဲ့ ဒိန်းကွင်းကျေးရွာက ရွာသားသုံးဦး စုစုပေါင်းခြောက်ဦးကို ဩဂုတ် ၂၇ နဲ့ ၂၈ ရက်နေ့မှာ ရွာထဲမှာ တပ်စွဲ နေကြတဲ့ စစ်ကောင်စီတပ်သားတွေက သတ်လိုက်တယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။
2021-09-08
ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ စက်တင်ဘာ ၇ ရက်နေ့ မနေ့ ည ၇ နာရီ ဝန်းကျင်ကစဖြစ်တဲ့ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ပွဲအတွင်း ထွက်ပြေး တိမ်းရှောင်ခဲ့ရတဲ့ ပြည်သူတွေထဲက အသက် ရှစ်နှစ် အရွယ် မိန်းကလေးငယ်တစ်ဦး ယာဉ်မတော်တဆမှု ဖြစ်ပြီး သေဆုံးသွားပါတယ်။
2021-09-08
စက်တင်ဘာလ ၉ ရက်နေ့မှာ အွန်လိုင်းကနေ ပြုလုပ်မယ့် တရုတ်ကွန်မြူနစ်ပါတီနဲ့ အရှေ့တောင်အာရှ၊ တောင်အာရှ နိုင်ငံတွေရဲ့ နိုင်ငံရေးပါတီများ ဆွေးနွေးပွဲကို တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားမှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် မြန်မာနိုင်ငံက နိုင်ငံရေးပါတီ လေးခု တက်ရောက်မှာ ဖြစ်ပါတယ်။
2021-09-08
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို စက်တင်ဘာ ၇ ရက် မနေ့ညနေပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ခံရတယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက RFA ကို ပြောပါတယ်။
2021-09-08
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက မြစ်ဆုံရွာထဲကို စက်တင်ဘာလ ၈ ရက်၊ ဒီကနေ့ မနက်ပိုင်းကစတင်ပြီး စစ်ကောင်စီအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ် နေတာကြောင့် တစ်ရွာလုံး ထွက်ပြေးနေကြရတယ်လို့ မြစ်ဆုံရွာဒေသခံတွေက RFA ကို ပြောပါတယ်။
2021-09-08
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အရှေ့စည်းရွာက ရွာသားနှစ်ဦးကို စက်တင်ဘာလ ၇ ရက် မနေ့မှာ စစ်ကောင်စီတပ်သားတွေက လမ်းပြအတွက် ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် သေဆုံးသွားတယ်လို့ ကလေးမြို့ဒေသခံတွေက RFA ကို ပြော ပါတယ်။