သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-08
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက နဂါးမတောင်မှာရှိတဲ့ စစ်ကောင်စီပိုင် Mytel တာဝါတိုင်နဲ့ ဆက်စပ်ပစ္စည်းတွေကို စက်တင်ဘာလ ၇ ရက် မနေ့ည ၇ နာရီခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PRA) က မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။
2021-09-07
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းတာကို လက်မခံတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပါတယ်။
2021-09-07
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် ငြိမ်းချမ်းစွာ ကြိုးပမ်းအားထုတ်မှုကို ဗြိတိန်အစိုးရက ထောက်ခံတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက စက်တင်ဘာလ ၇ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2021-09-07
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာရှိတဲ့ မွတ်စလင်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို လက်မခံကြဖို့ ကျောက်တော်မြို့ ခမရ (၃၅၇) တပ်ရင်းမှာ စက်တင်ဘာလ ၆ ရက် မနေ့က အစည်းအဝေးခေါ်ယူပြီး သတိပေးခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးတွေက RFA ကိုပြောပါတယ်။
2021-09-07
လက်ရှိ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရသူတွေကို အကူအညီပေးနေတဲ့ သတင်းထောက်ဟောင်း ကိုမှူးအိမ်ဇော်ကို အာဏာသိမ်းစစ်ကောင်စီက စက်တင်ဘာလ ၆ ရက် မနေ့ည ၁၁ နာရီဝန်းကျင်မှာ ဖမ်းဆီးသွားတယ်လို့ ကိုမှူးအိမ်ဇော်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-09-07
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ မောင်တိုင် (၁) ရပ်ကွက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် (ခေါ်) ကိုလှိုင်လှိုင်ရဲ့ နေအိမ်ကို စက်တင်ဘာလ ၇ ရက် ဒီနေ့ မနက် ၅ နာရီဝန်းကျင် လောက်မှာ အရပ်ဝတ်တွေနဲ့လာရောက် ဖျက်ဆီးသွားတယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့သူက ပြောပါတယ်။
2021-09-07
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့တော်လှန်ရေး စတင်ကြေညာတဲ့ ဒီနေ့ စက်တင်ဘာ ၇ ရက်နေ့မှာပဲ မကွေးနဲ့ တနင်္သာရီတိုင်းတွေမှာ စစ်ကောင်စီတပ် တွေနဲ့ ပြည်သူကာကွယ်ရေးတပ် (PDF)၊ တိုင်းရင်းသားလက်နက် ကိုင်တပ်တွေ အကြား တိုက်ပွဲတွေဆက်ပြီး ဖြစ်ပွားနေပါတယ်။
2021-09-07
ကချင်ပြည်နယ် နောင်မွန်မြို့မှာ စစ်အာဏာရှင်စနစ် ကျဆုံးရေးနဲ့ မြန်မာပြည်ငြိမ်းချမ်းရေး ဆုတောင်းပွဲကြောင့် ခရစ်ယာန်သင်းအုပ်ဆရာ သုံးဦး အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာ အခုဆိုရင် အချိန်နှစ်လကျော် ကြာလာခဲ့ပါပြီ။ ဒီအတွက် ကချင်နှစ်ခြင်းအသင်းတော်နဲ့ ဒေသခံတွေကလည်း သင်းအုပ်ဆရာတွေ ပြန်လွတ်မြောက်ဖို့ ကြိုးပမ်းနေကြပါတယ်။
2021-09-07
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက ရွာအချို့ကို စစ်ကောင်စီအဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ဒေသခံရွာသား ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသလို စက်တင်ဘာလ ၇ ရက် ဒီနေ့မှာလည်း ဒိုးနွယ်ရွာက နေအိမ် နှစ်လုံး မီးရှို့ခံရတယ်လို့ ကလေးမြို့ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-09-07
မကွေးတိုင်းထဲက မြို့နယ် လေးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံနေရာ ငါးခုကို စက်တင်ဘာလ ၇ ရက် ဒီကနေ့မနက်ပိုင်း ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိဿနိုး ကာကွယ်ရေးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။
2021-09-07
ပဲခူးတိုင်း (အနောက်ခြမ်း) ၊ ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်မှာ နေထိုင်တဲ့ လူငယ် ညီအကိုနှစ်ဦးကို စက်တင်ဘာလ ၆ ရက် မနေ့ညနေ ၃ နာရီခန့်မှာ စစ်ကောင်စီဘက်က ရိုက်နှက်ဖမ်းဆီးသွားပြီးနောက် တစ်ဦးသေဆုံးသွားပါတယ်။
2021-09-07
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာလ ၇ ရက် ဒီကနေ့မှာ ကြေညာလိုက်တဲ့ ပြည်သူ့တော်လှန်ရေးနေ့မှာ မန္တလေးမြို့အခြေစိုက် တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ ၁၉ ဖွဲ့က ပါဝင်သွားမှာဖြစ်တယ်လို့ ဒီနေ့မနက်ပိုင်းမှာပဲ အရေးပေါ်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2021-09-07
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက၊ စက်တင်ဘာလ ၇ ရက် ဒီကနေ့ကစပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များတွေနဲ့ အထူးတပ်ဖွဲ့တွေအတွက် စစ်မြေပြင်မှာ လိုက်နာရမယ့် စည်းမျဉ်း၊ စည်းကမ်းတွေကို ကြေညာလိုက်ပါတယ်။
2021-09-06
စစ်ကောင်စီ လက်အောက်မှာရှိတဲ့ အရပ်ဘက် ရုံးဌာနအားလုံးကို ဒီကနေ့ကစပြီး ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်းနဲ့ အလုပ်ဆင်းရန် မလိုအပ်ကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း လက်မှတ်ထိုး ထုတ်ပြန်တဲ့ အမိန့်ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။
2021-09-06
စက်တင်ဘာလ ၇ ရက် ဒီနေ့ကစပြီး အာဏာသိမ်းစစ်ကောင်စီကို စစ်ရေးနည်းအရ ပြန်လည်ခုခံတိုက်ခိုက် သွားမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဒီကနေ့ ကြေညာလိုက်ပါတယ်။