သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-29
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ လာမယ့် ဇူလိုင်လဆန်းကျင်းပမယ့် ကုလသမဂ္ဂ အမျိုးသမီးများ ခွဲခြားဆက်ဆံမှုပပျောက်ရေး စီးဒေါ အစည်းအဝေးမှာ မြန်မာနိုင်ငံက အစိုးရမဟုတ်တဲ့ အမျိုးသမီးအဖွဲ့ ၅ ဖွဲ့ တက်ရောက်မှာဖြစ်ပြီး၊ မြန်မာနိုင်ငံ တွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု၊ အကာအကွယ် ကင်းမဲ့မှုနဲ့ အခွင့်အလမ်း တန်းတူညီမျှ မရရှိမှုတွေကို တင်ပြမယ်လို့ အဲ့ဒီအဖွဲ့တွေက ဒီနေ့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
2016-06-29
ရခိုင်ပြည်နယ်အစိုးရက ဖွဲ့စည်းထား တဲ့ နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့် ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ မှာ ဒေသခံတွေ ပါဝင်ခွင့်မရတဲ့အတွက် ကန့်ကွက်ကြောင်း ဘူးသီးတောင်မြို့နယ်မှာ ဒေသခံတွေက စုပေါင်းလက် မှတ်ရေးထိုးကြပါတယ်။
2016-06-29
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အပြီး ထိုင်းအရာရှိ ၂၃ ဦး ရာထူးကနေ ယာယီဖယ်ရှားခံရတာဟာ လူကုန်ကူးမှုတွေ မှာ ပါဝင်ပတ်သက်နေတာကြောင့်ဖြစ် ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ပတ်သက်မှု မရှိကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ General Prawit Wongsuwon က ပြောပါတယ်။
2016-06-29
7 Day သတင်းစာ အယ်ဒီတာချုပ် နဲ့ သတင်းထောက်ကို တပ်မတော်က ကမာရွတ်မြို့နယ်ရဲစခန်းမှာ တရားစွဲဆို ထားတာကို တရားစွဲဆိုသူ ဒုတိယ ဗိုလ်မှူးကြီး လင်းထွန်းက ဒီနေ့ ပြန်လည်ရုပ်သိမ်းလိုက် ပါတယ်။
2016-06-29
လာမယ့် သြဂုတ်လမှာကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် တပ်မတော်ဘက်က အတတ်နိုင် ဆုံး ပူးပေါင်းပါဝင်မယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် က ပြောပါတယ်။
2016-06-29
ထိုင်းနိုင်ငံနယ်စပ်က ဒုက္ခသည်စခန်းတွေ မှာ ရောက်ရှိနေတဲ့ မြန်မာတွေကို နေရပ် ကို ပြန်လည်ခေါ်ဆောင်နိုင်ဖို့အတွက် နှစ်နိုင်ငံအစိုးရ အချင်းချင်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2016-06-29
ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ရခိုင်တိုင်းရင်း သား ၅၀ လောက်က အစိုးရက သတ်မှတ် ထားတဲ့ ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်း ဆိုတဲ့အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။
2016-06-29
ယာယီရွှေ့ပြောင်းနေထိုင်သူတွေမဟုတ်ဘဲ အပြီးတိုင်ရွှေ့ပြောင်းနေထိုင်သူတွေကိုသာ အစိုးရက အိမ်ထောင်စုစာရင်းချထားပေး သွားမှာဖြစ်တယ်လို့ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီး ဦးဝဏ္ဏကျော် က ဒီနေ့ ပြည်နယ်လွှတ်တော်မှာ တင်ပြပါတယ်။
2016-06-29
စက်မှုထုတ်လုပ်ခွင့်လိုင်စင်နဲ့ စည်ပင်ခွင့်ပြု ချက်လိုင်စင် မရှိဘဲ ဈေးကွက်ထဲမှာ စားသုံး ဆီ ရောင်းချနေသူတွေကို စည်ပင်ဥပဒေ၊ စားသုံးသူကာကွယ်ရေး ဥပဒေတွေနဲ့ အရေးယူသွားမယ် လို့ မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA က ပြောပါတယ်။
2016-06-29
စစ်ကိုင်းမြို့က Myanmar Veneer သစ် အချောထည်စက်ရုံက ဖမ်းဆီးခံထားရသူ ၁၂ ဦးကို နေပြည်တော် တပ်ကုန်းမြို့နယ် တရားရုံးထုတ်မှာ လက်ထိပ်ခတ် မခံတဲ့အတွက်ဆိုပြီး ရဲတပ် ဖွဲ့နဲ့ ထောင်ဝန်ထမ်းတွေက ရိုက်နှက်တယ်လို့ အလုပ် သမားတွေက ပြောပါတယ်။
2016-06-29
ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီဟာ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်မရေးထိုးသေး တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ရန်ကုန်မြို့မှာ ဇူလိုင်လ ၁ ရက် နေ့ တွေ့ဆုံမယ်လို့ သိရပါတယ်။
2016-06-29
ကိုညီညီလွင် ခေါ် ရွှေဝါရောင်သံဃာ့ လှုပ်ရှားမှုခေါင်းဆောင် အရှင်ဂမ္ဘီရ ကို ထိုင်းနိုင်ငံဘက် တရားမဝင်နယ် စပ်ဖြတ်ကျော်ပုဒ်မနဲ့ ထောင်ချလို့ လွတ်ရက်စေ့ခါနီးမှာ ၂၀၁၂ ခုနှစ်ကစွဲထားတဲ့အမှု တွေရင်ဆိုင်ဖို့ မန္တလေးကနေ ရန်ကုန်အင်းစိန်ထောင်ကို ပို့လိုက်ပြီး၊ ဒီနေ့မနက်က ဗဟန်းတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
2016-06-28
လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ တာဝန်ယူဖြေရှင်းဖို့ ဆိုးဆိုးဝါးဝါး ပျက်ကွက်တဲ့ ကမ္ဘာ့နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံကို အနိမ့်ဆုံးအဆင့် ၃ မှာ သတ်မှတ် ထည့်သွင်းဖို့ အမေရိကန်ပြည်ထောင်စုက ဆုံးဖြတ် လိုက်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနအရာရှိတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဒီကနေ့ ရေးသားဖော်ပြလိုက် ပါတယ်။
2016-06-28
ဝေါမြို့နယ် သူရဲသမိန်ကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို ဥပဒေကြောင်းအရ ဖေါ်ထုတ် အရေးယူဖို့ အစီအစဉ် မရှိဘူးလို့ ပဲခူးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းထိုက် က ပြောပါတယ်။
2016-06-28
7 Day နေ့စဉ်သတင်းစာကို တပ်မတော်က တရားစွဲဆိုထားရာကနေ ကျေအေးပေးခြင်း မရှိသေးဘဲ နှစ်ဖက် ညှိနှိုင်းနေဆဲဖြစ်တယ် လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဌ ဦးဖိုးသော ကြာ က ပြောပါတယ်။