သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-28
ရန်ကုန် - မန္တလေးမြို့ရှောင်လမ်းဖောက် လုပ်စဉ် လယ်ယာမြေဧက ၁၇၀ ကျော် သိမ်းယူခံထားရတဲ့ နေပြည်တော် ပျဉ်းမနား မြို့နယ်က တောင်သူ ၂၈၀ ကျော်ကို အစိုးရက လျော်ကြေး ကျပ်သန်းပေါင်း ၃၅၀ ကျော် ပေးအပ်ခဲ့ပါတယ်။
2016-06-28
ကျိုက်ထီးရိုးတောင်ပေါ်မှာ အစိုးရရဲ့ ခွင့်ပြုချက်ထက် အခန်းပေါင်း ၁၀၀ ကျော် ဆောက်ထားတဲ့ ရိုးရိုးလေးကုမ္ပဏီပိုင်ရှင်က အဲဒီအခန်းတွေကို ဆက်လက်ထားရှိခွင့်ပေးဖို့ နိုင်ငံတော် သမ္မတ နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အသနားခံစာ တင်ပြသွားမယ်လို့ ပြောပါတယ်။
2016-06-28
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ငွေကျပ် သန်းပေါင်း နှစ်ထောင်ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက် ၈ သိန်းလောက်ကို စစ်တွေခရိုင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ ပါတယ်။
2016-06-28
ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူတွေရဲ့ ဘဝတွေကို မြှင့် တင်ပေးနိုင်ဖို့အတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ကယားပြည်နယ် လိုွင်ကော်မြို့မှာ ဒီကနေ့ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
2016-06-28
နောင်မျိုးဆက်တွေအတွက် ချန်ထားပေးရမယ့် အကောင်းဆုံးအမွေဟာ ငြိမ်းချမ်းရေးဖြစ်တယ် လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။
2016-06-27
မကြာခင်ကျင်းပမယ့် ၂၁ ရာစု ပင်လုံပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ လက်နက်ကိုင်တိုင်းရင်းသားတွေအားလုံး ပါဝင်ဆွေးနွေးနိုင်ဖို့၊ အဖွဲ့အားလုံးရဲ့ ဘုံရပ်တည်ချက်ကို တင်ပြနိုင်ဖို့၊ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ ထိပ်သီး အစည်းအဝေးကို ဇူလိုင်လအတွင်း ကျင်းပနိုင်အောင် စီစဉ်နေပါတယ်။
2016-06-27
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကွန်ပျူ တာတက္ကသိုလ် ကျောင်းသား မောင်ဂွမ် ဆိုင်းအောင် သေနတ်ထိမှန် သေဆုံးမှုနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်အောင် စစ်ဆေးပေးဖို့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ္ဂများအဖွဲ့ချုပ် (အထက်ဗမာပြည်) က ဒီကနေ့ မန္တလေးမြို့မှာ ဆန္ဒပြ တောင်းဆိုလိုက်ပါတယ်။
2016-06-27
အစိုးရတပ်မတော်က ရှမ်းပြည်နယ် မြောက် ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အကြောင်း ရေးသားပြုစုထားတဲ့ "ညှဉ်းပန်းနှိပ်စက်ရန် လေ့ကျင့်ထားသူများ" အစီရင်ခံစာ ထုတ်ပြန်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်မပြုတာကြောင့် သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်း လိုက်ရကြောင်း တအာင်းအမျိုးသမီး အဖွဲ့အစည်းက ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2016-06-27
မြန်မာနိုင်ငံက အကျဉ်းထောင်တချို့မှာ အကျဉ်းထောင်နဲ့ အကျဉ်းသားဦးရေ မမျှတတာ မျိုးတွေကို တွေ့ခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ မြန် မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က ပြောပါတယ်။
2016-06-27
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပညာဝကျေးရွာမှာ စစ်ဘေးဒုက္ခသည်တစ်ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးကို ကျောက်တော်မြို့နယ် ရဲစခန်းက လူသတ်မှု နဲ့ အမှုဖွင့်ထားပါတယ်။
2016-06-27
ကျိုက်ထီးရိုးတောင်ပေါ်မှာ အစိုးရရဲ့ ခွင့်ပြုချက်ထက်ပိုပြီး တည်ဆောက်ထားတဲ့ ရိုးရိုးလေးကုမ္ပဏီ ရဲ့ တည်းခိုဆောင်ထဲက အခန်းတစ်ရာကျော်ကို တစ်လအတွင်း အပြီးဖျက်ပေးရ မှာဖြစ်ကြောင်းနဲ့ လိုက်နာဖို့ ပျက်ကွက်ရင် လုပ်ငန်းအားလုံး ကို ရပ်ဆိုင်းဖို့ ညွှန်ကြားသွားမှာဖြစ်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က ပြောလိုက်ပါတယ်။
2016-06-27
7 Day သတင်းစာ အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်းနဲ့ သတင်းထောက် ကိုမင်းဟိန်းကျော်တို့ကို တပ်တွင်းစည်း လုံးရေးကို ပျက်ပြားအောင် ရေးသားဖော်ပြတယ် ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၁ နဲ့ တပ်မတော်အရာရှိတစ်ဦးက ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်ရဲစခန်းမှာ တရားစွဲဆို ထားကြောင်း အကြောင်းကြားစာကို လက်ခံရရှိထားတယ်လို့ 7 Day သတင်းစာ ဒုတိယအယ်ဒီတာချုပ်ကိုအားမာန် က ပြောပါတယ်။
2016-06-27
ရှမ်းနီရိုးရာစာပေနဲ့ ယဉ်ကျေးမှုကော်မတီက ဦးဆောင်ပြီး လူအင်အား နှစ်ရာကျော်က ၂၁ ရာစု ပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲ ကို ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကာမိုင်းမြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2016-06-27
ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ညွှန်ကြား ချက်နဲ့ ကချင်ပြည်နယ်အတွင်း လိုင်စင် မဲ့မော်တော်ဆိုင်ကယ်နဲ့ သုံးဘီး ဆိုင်ကယ်တွေကို ကော်မတီဖွဲ့ပြီး စစ်ဆေးဖို့ ပြည်နယ် အစိုးရအဖွဲ့က ပြင်ဆင်နေပါတယ်။
2016-06-27
ပြီးခဲ့တဲ့ရက်ပိုင်းက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်းဝေါမြို့နယ် သူရဲသမိန်ကျေးရွာက မွတ်စလင် သက်ကြီးရွယ်အို ၅၀ ကျော်ကို ဇွန်လ ၂၅ ရက်နေ့ က ဝေါမြို့ပေါ် ကို ပြောင်းရွှေ့ပေးထားတယ်လို့ ဝေါမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် က ပြောပါတယ်။