သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-28
တိုင်းအစိုးရအဖွဲ့က ဝယ်ယူထားတဲ့ ဘတ်စ်ကားအသစ်တွေ ရောက်ရှိလာရင် လက်ရှိ ကားအဟောင်းတွေကို ဖယ်ရှား ပစ်ဖို့ ရှိ မရှိနဲ့ လွှတ်တော်က ခွင့်ပြုထားတဲ့ ဘတ်ဂျတ် ဘီလျံ ၇၀ ကို အသုံးပြုမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန္ဒာမင်းက ဒီကနေ့ လွှတ်တော်အစည်းအဝေး မှာ မေးမြန်းခဲ့ပါတယ်။
2017-04-28
ဧရာဝတီတိုင်းဒေသကြီးအတွင်းက ဘုန်းကြီးကျောင်းတွေမှာ အသုံးပြုနေတဲ့ လိုင်စင်မဲ့ကားတွေကို သက်ဆိုင်ရာရဲစခန်းတွေမှာ အပ်နှံကြ ဖို့ ဧရာဝတီတိုင်းဒေသကြီး သံဃာမဟာနာယကအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
2017-04-28
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်ဟာ အာဆီယံထိပ်သီး အစည်း အဝေးတွေ တက်ရောက်ဖို့ အတွက် ဖိလစ်ပိုင်သမ္မတနိုင်ငံကို ဒီကနေ့ မနက်ပိုင်းက ထွက်ခွာ သွားပြီး ဒေသစံတော်ချိန် ၂ နာရီ ၄၅ မိနစ်မှာ မနီလာမြို့က Nino Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိ သွားပါတယ်။
2017-04-28
မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သန်း ၁၇၀၀ ကျော်ကို အရင်ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွက် သုံးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး နောက်ကြောင်းပြန် သွားဖို့ မရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။
2017-04-28
တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေး ချမ်းရေးကို အနှောင့်အယှက် ဖြစ်စေတဲ့ စစ်ပွဲတွေရပ်တန့်ပြီး မြန်မာနိုင်ငံမှာ ထာဝရ ငြိမ်းချမ်းရေးရဖို့ တွန်းအားပေးဆောင်ရွက်သွားမယ်လို့ မြန် မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang က ဒီနေ့ပြုလုပ်တဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်းဆောင် သစ်ဖွင့်ပွဲမှာ ပြောလိုက်ပါတယ်။
2017-04-28
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် က ကျေးရွာအချို့မှာ လုပ်ကိုင်နေ တဲ့ ရွှေတူးဖော်တဲ့လုပ်ငန်းတွေကို အမြန်ဆုံးဖယ်ရှားပေးဖို့ဆိုပြီး ဒီနေ့နေ့လည်ပိုင်းက ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံထဲ မှာ ဒေသကောင်းကျိုးလိုလားသူများအဖွဲ့က ဆန္ဒပြတောင်း ဆိုကြပါတယ်။
2017-04-28
ရက္ခိုင့်တပ်မတော်ဖလားခေါင်းစဉ်နဲ့ ဘော လုံးပွဲ ကျင်းပလို့ မတရားအသင်း ဆက် သွယ်မှု ဥပဒေ ပုဒ်မ ၁၇/၁ နဲ့ ဖမ်းဆီးထိန်း သိမ်းခံထားရတဲ့ မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရနဲ့ ကိုခိုင်နီမင်းတို့ကို လွှတ်ပေးဖို့ မောင်တော မြို့မှာ ဒီနေ့ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုပါတယ်။
2017-04-28
ဧရာဝတီ မြစ်ရေဟာ လာမယ့် ၁၀ ရက် အတွင်း ၄ ပေကနေ ၆ ပေအထိ မြင့်တက် လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
2017-04-28
စစ်ကိုင်းပညာရေးကောလိပ်မှာ ကျင့်သုံးနေ တဲ့ ကျောင်းအုပ်ချုပ်မှုစနစ်ကို ကန့်ကွက် ဆန္ဒပြခဲ့ကြတဲ့အတွက် အဖမ်းခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ အဖွဲ့ဝင် ကျောင်းသား ၄ ယောက်ကို ဒီကနေ့ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ရုံးထုတ်ရာမှာ သူတို့အား လုံးက တရားခွင်ကို သပိတ်မှောက်ကြပါတယ်။
2017-04-28
မကွေးတိုင်းဒေသကြီး လက်ယက်ရေ နံတွင်းတိမ်လုပ်ငန်းမှ ၁ဝ လတာကာလ အတွင်း တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းပေါင်း ၁၄ဝဝ ကျော် ရရှိခဲ့တယ်လို့ မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။
2017-04-27
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မှော်ပုံရွာအနီးက တောက် ပကြယ်လုပ်ကွက်မှာ အလေးချိန် ခန့်မှန်း ၄ တန် လောက်ရှိတဲ့ ကျောက်စိမ်း ၁ လုံးကို ရေမဆေး သမားတွေက မနေ့က တွေ့ရှိထားပြီး ဒီနေ့ မှော်ပုံရွာ စာသင်ကျောင်းအဖြစ် သတ်မှတ်ထားတဲ့ မြေနေရာမှာ သယ်ယူထားပါတယ်။
2017-04-27
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာရှိတဲ့ ရခိုင် ဒုက္ခသည်စခန်းကို ဖျက်သိမ်းလိုက်ပြီး မိ သားစုတွေကို ပြင်ဖြူမော်ကျေးရွာ ကို ပြောင်းရွှေ့နေပြီဖြစ်ပါတယ်။
2017-04-27
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်က စွန်ရဲအင်းစိုက်ကွင်းအတွင်း ဝင်ရောက်ထွန် ယက် စိုက်ပျိုးခဲ့တဲ့ တောင်သူ ၇ ဦးကို စဉ့် ကိုင်တရားရုံးက တစ်ဦးကို ထောင်ဒဏ် နှစ်လစီ ချမှတ်လိုက် ပါတယ်။
2017-04-27
ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မိမြို့ဖ ဦးသာစိန်က တပ်မတော်(ရေ) အရာရှိနဲ့ စစ်သည်တွေဟာ သူ့အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန် ခဲ့တယ်ဆိုပြီး စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြား လိုက်ပါတယ်။
2017-04-27
မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့ ကို ဆက်သွယ်ထားတဲ့ တံတားကို ဗိုလ် ချုပ်အောင်ဆန်း တံတား (ဘီလူးကျွန်း) ဆိုတဲ့ ဆိုင်းဘုတ်ကိုတင်ပြီး ဒီကနေ့ကစလို့ ဖြတ်သန်းသွား လာခွင့် ပြုလိုက်ပါတယ်။