သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-30
မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုး မိုင်ပေါင်း ၁၅၃ မိုင်ကျော် ကာရံထားတယ် လို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဒီနေ့ ပြောကြားခဲ့ပါတယ်။
2018-08-30
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မျဉ်းမှာ နေထိုင်နေတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် အစိုးရက အကူအညီတွေ ထောက်ပံ့ပေးခဲ့တယ်ဆိုတာဟာ နှစ်နိုင်ငံသဘောတူညီချက်ကို ချိုးဖောက်ရာမရောက်ကြောင်း UEHRD ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကပြောပါတယ်။
2018-08-30
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ကို သွားကြတဲ့ ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသား ၅၁ ဦး လမ်းခုလတ်မှာ ခရီးသွားခွင့် တားမြစ်ပိတ်ပင်ခံရတာဟာ ဒို့တာဝန်အရေး ၃ ပါးကို ချိုးဖောက်တာလို့ ရခိုင်အမျိုးသားရေး လှုပ်ရှားနေကြသူတွေက ပြောကြပါတယ်။
2018-08-30
အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်မယ့် ANP ရခိုင်အမျိုးသားပါတီရဲ့ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ဟောပြောချက်စာတမ်းကို ပြန်လည်ပြင်ဆင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောထားပေမယ့် ပါတီဘက်ကတော့ ပြန်လည်ပြင်ဆင်ပေးမှာ မဟုတ်ဘူးလို့ ANP ပါတီခေါင်းဆောင်တစ်ဦးက ပြောလိုက်ပါတယ်။
2018-08-30
ပဲခူးတိုင်းမှာ ဆွာရေလှောင်တမံ ကျိုးပေါက်ခဲ့တဲ့အတွက် ကျေးရွာတွေ ရေနစ်မြုပ်ခဲ့ပြီး လူငါးယောက်ပျောက် ဆုံးနေရာမှာ ဒီကနေ့ သေဆုံးအလောင်းတစ်လောင်းကို တွေ့ခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီးက လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
2018-08-30
၁၉၉၃ ခုနှစ်က မန္တလေးဘီယာစက်ရုံကို စစ်အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်ခဲ့တဲ့ “မြန်မာရောင်ခြည်ဦး” ကုမ္ပဏီပိုင်ရှင် ဒေါ်ဝင်းဝင်းနုကို “အများနဲ့ဆိုင်သော ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ- အ.ပ.က ပုဒ်မ (၃) နဲ့ ဒေါပုံမြို့နယ် အရှေ့ပိုင်းခရိုင်တရားရုံးက ဒီကနေ့ စွဲချက်တင်လိုက်ပါတယ်။
2018-08-30
တခြားလူနည်းစုတွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေပေါ် အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူတွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ မြန်မာအစိုးရက အရေးယူဖို့ မလေးရှားနိုင်ငံက တိုက်တွန်း လိုက်ပါတယ်။
2018-08-29
Facebook လူမှုကွန်ရက်မှာ ဖော်ပြတဲ့ အမုန်းစကားတွေကို ဖြစ်လာမှဖြေရှင်းတာထက် ကြိုတင်ပြီး ဖြေရှင်းပါလို့ ဒီသီတင်းပတ်ကုန်မှာ တာဝန်က အနားယူတော့မယ့် ကုလသမဂ္ဂ လူ့အခွင့်ရေး ကောင်စီမဟာမင်းကြီး Zeid Ra’ad Al Hussein က မနေ့က တိုက်တွန်းလိုက်ပါတယ်။ ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းတွေ အလွန်အကျွံ မသတ်မှတ်ဖို့လည်း သတိပေးပါတယ်။
2018-08-29
ပြီးခဲ့တဲ့ ၁၉၉၃ ခုနှစ်က မန္တလေးဘီယာစက်ရုံကို စစ်အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်ခဲ့ တဲ့ မြန်မာရောင်ခြည်ဦး ကုမ္ပဏီပိုင်ရှင် ဒေါ်ဝင်းဝင်းနုကို အများနဲ့ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၃ နဲ့ စသုံးလုံးက တရားစွဲဆိုထားတဲ့အမှုကို ဒီကနေ့ သြဂုတ်လ ၃ဝ ရက်နေ့မှာ တရားသူကြီးက စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ်ချက်ချမယ်လို့ သတင်းရပါတယ်။
2018-08-29
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်အပ်နှင်းထားတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ပြန်လည်ရုပ်သိမ်းရန် အကြောင်း တစ်စုံတရာ မရှိပါဘူးလို့ နိုဘယ်လ် ဆုကော်မတီက ဗုဒ္ဓဟူးနေ့ မနေ့က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
2018-08-29
ရခိုင်ပြည်နယ်က ထွက်ပြေးပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နိုင်ငံတကာနယ်နိမိတ် မှာ နေထိုင်လျက်ရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက အစားအစာနဲ့ တခြား အကူအညီတွေ ထောက်ပံ့နေတယ်လို့ သိရပါတယ်။
2018-08-29
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရ သက်တမ်းတစ်ဝက်အတွင်း ဆောင်ရွက်ချက်တွေ နဲ့ ပတ်သက်လို့ သုံးသပ်ထားတဲ့ အစီရင်ခံစာ တစ်စောင်ကို နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့် ကြည့်ရေးအဖွဲ့ (ICG) က သြဂုတ်လ ၂၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2018-08-29
ရှမ်းပြည်နယ် ကျိုင်းတုံကို သွားလာခွင့် တားမြစ်ခံရတဲ့ ရခိုင်တိုင်းရင်းသားတွေထဲက ၄၀ ဟာ ဒီနေ့ ရန်ကုန်မြို့ကို ရောက်ရှိပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
2018-08-29
နီပေါနိုင်ငံကိုရောက်ရှိနေတဲ့ သမ္မတဦးဝင်းမြင့်နဲ့ နီပေါသမ္မတတို့ဟာ ဗုဒ္ဓရှင်တော် ဖွားတော်မူရာ လုမ္ဗဏီဥယျာဉ်ကို သီးခြားစီ သွားရောက်ကြမှာ ဖြစ်တဲ့အတွက် လုမ္ဗဏီမှာ လုံခြုံရေးတင်းကြပ် ထားပါတယ်။
2018-08-29
နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲခံနေရတဲ့ ရိုက်တာသတင်းထောက် နှစ်ဦးကို အပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ပြီး ပြန်လွှတ်ပေးလိမ့်မယ်လို့ အမေရိကန်အစိုးရ က မျှော်လင့်နေကြောင်း အမေရိကန်သံအမတ်ကြီး နစ်ကီဟေလီက ပြောလိုက်ပါတယ်။