သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-09-18
ရေဦးမြို့နယ်မှာ ညောင်လှ-ရေဦး-တန့်ဆည် ကားလမ်းပေါ်မှာ ထောင်ထားတဲ့မိုင်းတစ်လုံး ပေါက်ကွဲတာကြောင့် အဲဒီလမ်းပေါ် ဖြတ်သန်းသွားလာတဲ့ ခရီးသည်တင်ယာဥ် မိုင်းစထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
2024-09-18
စစ်ကိုင်းမြို့နယ် ကြွယ်ပုံရွာအနီးမှာ ကြွယ်ပုံရွာ ဒေသခံတွေ စီးနင်းလာတဲ့ မော်တော်ယာဉ်တိုက်ခိုက်ခံရပြီး အမျိုးသမီး ၁၂ ဦး သေဆုံးသွားပါတယ်။
2024-09-18
တပ်ကုန်းမြို့နယ် ချောင်းခြားရွာမှာ ရေဘေးကူညီကယ်ဆယ်ရေးအတွက် လာရောက်လှူဒါန်းတဲ့ အစားအသောက်တချို့ကိုစားမိရာကနေ အစာဆိပ်သင့်ပြီး လူတစ်ရာနီးပါး ဆေးရုံတက်ကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-09-17
နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၄၀ အရွယ် ဒေါ်ချိုမြင့်အပါအဝင် အသက် ၃ နှစ်နဲ့ ၁၇ နှစ်အရွယ် သူရဲ့သား နှစ်ဦးပါ သေဆုံးသွားပါတယ်။
2024-09-17
သန်းခေါင်စာရင်း ကောက်တော့မှာဖြစ်လို့ ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်နေတဲ့ ရေဘေးသင့်ပြည်သူတွေကို နေရပ်အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
2024-09-17
ရာဂီမုန်တိုင်းဒဏ်သင့် မြန်မာနိုင်ငံကို အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့ ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။
2024-09-17
မြန်မာပြည်သူတွေကို နယ်စပ်ဖြတ်ကျော် အကူအညီပေးဖို့ အရေးပေါ်လိုအပ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2024-09-17
ရေဘေးသင့် မြန်မာနိုင်ငံသားတွေကို ကူညီထောက်ပံ့ပေးဖို့ နိုင်ငံတကာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေက တောင်းဆိုလိုက်တာပါ။
2024-09-17
UNHCR ကိုယ်စားလှယ်အဖွဲ့ဝင်တွေ အကျဥ်းထောင်ကိုလာမှာဖြစ်တာကြောင့် အစာငတ်ခံဆန္ဒပြတာကို ရပ်ဆိုင်းထားတာလို့ India for Myanmar အဖွဲ့ တာဝန်ခံ ဆလိုင်းဒိုခါရ်က ပြောပါတယ်။
2024-09-17
ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အတိုင်း ဆက်သွားမယ်လို့လည်း RFA ကို ပြောပါတယ်။
2024-09-17
ဂွမြို့နယ် ဆန္ဒားရွာ (ရတနာမြိုင်ရွာ) မှာ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ မူလတန်းကျောင်းကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင်း ဒုက္ခသည်လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-09-17
လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ် ပန်ဝိုးစံပြကျေးရွာအတွင်း ရေကြီးရေလျှံပြီး မြေပြိုမှုကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ရှစ်ဦးနဲ့ ပျောက်ဆုံးသူ ဆယ်ဦးထက်မနည်း ရှိနေပါတယ်။
2024-09-17
KBZ Pay ကတစ်ဆင့် ရေဘေးကူညီရေးအတွက်လို့ ရေးသားပေးပို့ လွှဲပြောင်းပေမဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ အကောင့်ကို ယာယီပိတ်ထားကြောင်း အကြောင်းပြန်စာတွေ လက်ခံရရှိခဲ့တာလို့ အကောင့်ပိတ်ခံထားရသူတစ်ဦးက ပြောပါတယ်။
2024-09-17
ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်နေတဲ့ မြန်မာနိုင်ငံကို အိန္ဒိယနဲ့ တောင်ကိုရီးယားနိုင်ငံတို့က ထောက်ပံ့ကူညီမှုတွေ စတင်လိုက်ပါတယ်။
2024-09-17
ဒေသတွင်း ရေလွှမ်းမိုးမှုလျော့ကျစေရေး နည်းလမ်းတွေရှာဖွေဖို့ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မဲရစ်ဆန်ဂီယမ်ပုံဆာက ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဒီနေ့ ဖော်ပြပါတယ်။