သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-30
မြန်မာ သီလဝါစီးပွားရေးဇုန်ဟာ ကုန်ထုတ်လုပ်ရေးဒေသကြီးတခုဖြစ်လာနေပြီး နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ငွေပမာဏဟာ ကန်ဒေါ်လာ သန်းတထောင်နီးပါးရောက်ရှိနေပြီလို့ Nikkei Asean Review နစ်ကိုင်းအေးရှင်းရီဗြူး ဂျပန်စီးပွားရေးသတင်းဌာန က နိုဝင်္ဘာ ၃ဝ ရက်နေ့ မနေ့က ရေးသားလိုက်ပါတယ်။
2016-11-30
မြန်မာနိုင်ငံနယ်စပ်ဒေသကို လုံခြုံရေး ပိုမိုတင်းကျပ်လိုက်ကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြော ကြားလိုက်ပါတယ်။
2016-11-30
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့ ပြောခွင့်ရသူ Vivian Tan ဗီဗီယန်တန်းက မိမိတို့ရရှိထားတဲ့စာရင်းတွေ အရ လတ်တလောကာလအတွင်း ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိခဲ့တဲ့ ရိုဟင်ဂျာ ဦးရေဟာ အနည်းဆုံးတသောင်းရှိကြောင်း၊ အမှန်ပကတိ ဦးရေဟာ ဒီထက်များနိုင်ကြောင်း မနေ့က ပြောကြားလိုက် ပါတယ်။
2016-11-30
လယ်ယာမြေ ဧက ၅၀ အထိပိုင်ဆိုင် တဲ့ တောင်သူလယ်သမားတစ်ဦးကို ကျပ် သန်း ၅၀ အထိ ချေးငွေထုတ်ပေးသွား မှာကြောင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဒေါက်တာ အောင်သူ က ပြည်ထောင် စုလွှတ်တော်မှာ ဒီနေ့ ပြောပါတယ်။
2016-11-30
ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် နမ့်ဟိုင်းကျေးရွာတဝိုက်မှာ တပ်မတော် နဲ့ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေ ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် နမ္မတူမြို့ကို ဒီကနေ့ ထွက်ပြေး တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် ၅၀၀ ဝန်းကျင်ရှိတယ်လို့ နမ္မတူမြို့နယ် တအာင်းပလောင် အမျိုးသားပါတီဥက္ကဌ ဦးအောင်မြင့်က ပြောပါတယ်။
2016-11-30
လစ်လပ်မဲဆန္ဒနယ်တွေထဲက မွန်ပြည် နယ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ကို ဒေသခံကို မရွေးချယ်လို့ဆိုပြီး ချောင်းဆုံမြို့နယ် ဒေသခံ ၁၀၀ ကျော်က ဒီနေ့ မော်လမြိုင်မြို့မှာ ဆန္ဒပြကြပါတယ်။
2016-11-30
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးမှာ မဟုတ်ကြောင်း စစ်တွေမြို့မှာရှိတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ဆုံးဖြတ်လိုက်ပါတယ်။
2016-11-30
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ Eleven Media Group CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ရဲ့ အာမခံလျှောက်ထားတာကို တာမွေမြို့နယ် တရားသူကြီးက ဒီနေ့ ပယ်ချလိုက်ပါတယ်။
2016-11-29
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီ ၁၃ ခုက နိုင်ငံတော်ရဲ့ အထွေထွေအကျပ် အတည်းကို ဖြေရှင်းနိုင်ဖို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အစည်းအဝေးအမြန်ဆုံးခေါ်ယူဖို့ တနင်္လာနေ့က လက်မှတ်ရေးထိုး တောင်းဆိုချက်အပေါ် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ငြင်းဆိုလိုက်ပါတယ်။
2016-11-29
UN OHCHR (United Nations High Commissioner for Human Rights) ခေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီးရုံးက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေ နှိပ် စက်ခံနေရတာဟာ crimes against humanity လူသားဖြစ် တည်မှု ဆန့်ကျင်တဲြ့ပစ်မှုတွေဖြစ်နိုင်တယ်လို့ မနေ့က ပြော ကြားလိုက်ပါတယ်။
2016-11-29
ကရင်ပြည်နယ် ဘားအံမြို့မှာ ကျင်းပခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စား လှယ်တွေထဲမှာ ကျောင်းသားသမဂ္ဂတွေ ချမှတ်ထားတဲ့ မူတွေနဲ့ မကိုက်ညီသူတွေ ပါဝင်နေတဲ့အတွက် ညီလာခံကို သပိတ်မှောက်ပြီး ပြန်လာခဲ့တာဖြစ်ကြောင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂ ငါးခုက ကိုယ်စားလှယ်တွေ က ပြောပါတယ်။
2016-11-29
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းဖို့ တောင်းဆိုခဲ့တဲ့ သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲခံရတဲ့ ၄ နှစ်ပြည့်အဖြစ် မီးလောင်ဗုံး တရားခံ ဖော်ထုတ်ပေးဖို့နဲ့ သီးနှံလျော်ကြေးပေးဖို့ ဒီနေ့ ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုတဲ့ ဒေသခံ ၁၀၀ကျော်ကို ရဲတပ်ဖွဲ့က တားမြစ်ခဲ့ပါတယ်။
2016-11-29
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ မှာ ဖြစ်ပွားနေတဲ့ မိုင်းခွဲဖျက်ဆီးပစ်ခတ် မှုတွေကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ် သေကြေ ပျက်စီးနေရတဲ့အတွက် လွှတ်တော်က စိုးရိမ်ကြောင်း အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်မှာ ဆက် လက်ဆွေးနွေးဖို့ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2016-11-29
ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေ၊ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေနဲ့ ရန်ကုန်မြို့အတွင်း ပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး အထွေထွေ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ကို အမြန်ဆုံးခေါ်ယူကျင်းပပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၃ ပါတီက လက်မှတ်ရေး ထိုးတောင်းဆိုလိုက်ပါတယ်။
2016-11-29
ဧရာဝတီမြစ်ဆုံစီမံကိန်းကို အကောင် အထည်မဖော်သင့်ကြောင်း ကချင်ပြည် နယ်လွှတ်တော် ကိုယ်စားလှယ်တွေက ဧရာဝတီမြစ် ဆုံ မြစ်ညှာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာ၊ စိစစ်သုံးသပ်ရေးကော်မရှင် စေလွှတ်ထားတဲ့ မြန်မာ့ပတ်ဝန်းကျင် သိပ္ပံသုတေသနအဖွဲ့ ကွင်းဆင်းလေ့လာစဉ် ကန့်ကွက် လိုက်ပါတယ်။