ရခိုင်ပြည်နယ်ကိစ္စ ကုလရုံး ပြစ်တင်ပြောကြား


2016.11.29

UN OHCHR (United Nations High Commissioner for Human Rights) ခေါ် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးက  ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေ နှိပ်စက်ခံနေရတာဟာ crimes against humanity လူသားဖြစ်တည်မှု ဆန့်ကျင်တဲြ့ပစ်မှုတွေဖြစ်နိုင်တယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအရာရှိ John McKissick က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေ လူမျိုးတုန်းသတ်ဖြတ်ခံနေရကြောင်း  နိုဝင်္ဘာ ၂၄ ရက်နေ့က ဘီဘီစီ ကို ပြောကြားခဲ့ပြီးနောက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက အခုလို ကြေညာချက်ထုတ်ပြန် ခဲ့တာဖြစ်ပါတယ်။ မနေ့က ကြေညာချက်မှာ မြန်မာအစိုးရဟာ ရခိုင်ပြည်နယ်က ပြဿနာတွေကို ဖြေရှင်းရေးအတွက် ကုလသမဂ္ဂရဲ့ ထောက်ခံတိုက်တွန်းချက်တွေကို လိုက်နာဖို့ အကြီးအကျယ် ပျက်ကွက်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

UNHCR အရာရှိ  John McKissick ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဂျနီဗာမှာရှိတဲ့ မြန်မာအစိုးရကိုယ်စားလှယ် က ၂၆ ရက်နေ့မှာ UNHCR ရုံးကို သွားရောက် ကန့်ကွက်ခဲ့ပြီး ရှင်းလင်းဖို့ တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။