သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-27
ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မူကို ဦးစားပေးသွားမယ်လို့ ကတိပြုတာကြောင့် အတူ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ KNU ကရင် အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
2015-11-27
ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ် ပန်ရာရွေးကျေးရွာအနီးမှာ အစိုးရတပ်မ ၇၇ နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ရင်း ၄၃၄ တို့ ဒီနေ့ တိုက်ပွဲဖြစ် ပွားနေတယ်လို့ သိရပါတယ်။
2015-11-26
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း တွင်းဒေသမှာ ကုမ္ပဏီတွေရဲ့ လုပ်ကွက် တစ်ခုချင်းစီတိုင်းမှာ အသုံးပြုနေတဲ့ စက်ယန္တရားအရေအတွက်နဲ့ စက်အင်အားသုံးစွဲမှုတွေကို ထိန်းချုပ်သွားမယ်လို့ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွှန့်သိန်းက ပြောပါတယ်။
2015-11-26
ချင်းပြည်နယ် ဟားခါးမြို့ ဈေးသစ်ရပ်ကွက် က နေအိမ်တစ်လုံးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က ယမ်းပေါက်ကွဲပြီး လူ ၆ ဦး သေဆုံးခဲ့တဲ့အတွက် ပေါက်ကွဲမှုဖြစ်တဲ့ အိမ်ပိုင်ရှင်ကို ဟားခါးမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရ ပါတယ်။
2015-11-26
လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ကျရောက်မယ့် ထင်ရှားတဲ့ စာရေး ဆရာမကြီး လူထုဒေါ်အမာရဲ့ နှစ် ၁ဝဝ ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့ ဓမ္မသာလ ခန်းမမှာ ဒီနေ့ စတင်ကျင်းပပါတယ်။
2015-11-26
ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်က ဟိုက်ပါနဲ့ ဝမ့်ဝ ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည် စုစုပေါင်း ၂ ထောင်ကျော်ရှိပြီး ဝမ်းရော ဂါတွေခံစားနေရတာကြောင့် ကျန်းမာရေးစောင့်ရှောက် မှုတွေ ပေးဖို့အတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ဒီနေ့ မိုင်းရှူးမြို့ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
2015-11-26
အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ကြားဖြစ်နေတဲ့ တိုက်ပွဲတွေကို လျှော့ ချရပ်ဆိုင်းသွားဖို့အတွက် အစိုးရနဲ့ SSPP အဖွဲ့တို့ ပဏာမသဘောတူညီချက်ထဲမှာပါရှိပြီး SSPP ဘက်က ဗဟိုကော်မတီမှာ တင်ပြပြီး အစိုးရထံ အကြောင်းပြန်မယ်လို့ သိရပါတယ်။
2015-11-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဓါတ်ပုံကို မဖွယ်မရာပြုပြင်ပြီး လူမှုကွန်ရက် စာမျက်နှာမှာ ဖြန့်ဝေခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းကို အာမခံပေးထားရာကနေ နိုဝင်ဘာလ ၂၅ ရက် မနေ့က ဖမ်းဆီးလိုက်ပါတယ်။
2015-11-25
အဆင့်မြင့်ပညာရေးဥပဒေတစ်ရပ် ရေးဆွဲ ရုံသာမကဘဲ အမျိုးသားပညာရေးဥပဒေ တစ်ရပ်လုံးကို ပြင်ဆင်နိုင်မှသာ မြန်မာနိုင်ငံရဲ့ပညာရေးကို ကုစားနိုင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဒေါက်တာသက်နိုင်ဦးက ပြော ပါတယ်။
2015-11-25
NLD ပါတီအနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မှာ အပြတ်အသတ် အနိုင်ရရှိခဲ့ပေမယ့် အရာရာကို သိမ်းကြုံးယူသွားမှာ မဟုတ်ဘဲ လက်တွဲနိုင်မယ့် သူတွေ၊ ပါသင့်ပါထိုက်သူတွေနဲ့ မျှဝေယူသွားမှာဖြစ်ကြောင်း ၊ အစိုးရအဖွဲ့ ဖွဲ့စည်းတဲ့အခါမှာ ပါတီဝင်မဟုတ်တဲ့ တိုင်းရင်း သားခေါင်းဆောင်တွေ နိုင်ငံကိုအကျိုးုပြုနိုင်မယ့်သူတွေလည်း ပါဝင်ဖွယ်ရာရှိတယ်လို့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
2015-11-25
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်ရဲ့ နေအိမ်မှာ မွေးစားကလေးငယ်တစ်ဦး လက်ပြန်ကြိုးတုပ် ရိုက်နှက်ခံရတာကို ဓာတ်ပုံရိုက် ပြီး ဖေ့စ်ဘွတ်မှာတင်ခဲ့တဲ့ ကိုစည်သူဆိုသူကို ဗဟန်းမြို့နယ် ရဲစခန်းက ဒီနေ့ ခေါ်ယူမေးမြန်းတယ်လို့ သိရပါတယ်။
2015-11-25
ရိုဟင်ဂျာဟာ တိုင်းရင်းသားတွေဖြစ် တယ်လို့ ရေးသားဖော်ပြ ထားပြီး၊ မြန်မာ၊ အင်္ဂလိပ်၊ အာရဗီ သုံးဘာသာနဲ့ ပြက္ခဒိန် ရိုက်နှိပ်ထုတ်ဝေသူ ၅ ဦးထဲက ၄ ဦးကို ဖမ်းဆီးထားပြီး တာဝန်ခံဖြစ်သူ ဦးအောင်ခင်(စစ်တွေ) ဆိုသူကတော့ ရှောင်တိမ်းနေတယ် လို့ သိရပါတယ်။
2015-11-25
မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)နဲ့ ဖမ်းဆီး ခံထားရတဲ့ ၈၈ ကရင်မျိုးဆက် ကျောင်းသားအစည်းအရုံး ဥက္ကဌ ဦးစောမောင်ကြီးနဲ့ DKBA ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်က တပ်သားတစ်ဦးကို ကရင်ပြည်နယ် ဘားအံမြို့နယ်တရားရုံးက ထောင်ဒဏ်၂ နှစ်စီ ကျခံဖို့ ဒီနေ့ အမိန့်ချလိုက်ပါတယ်။
2015-11-25
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်နေရာမှာ အနိုင်ရရှိခဲ့တဲ့ အန်အယ်လ်ဒီကိုယ်စားလှယ် ဦးထွန်းမြင့် နဲ့ တော်ဝင်နှင်းဆီစားသောက်ဆိုင်ပိုင်ရှင် ဦးစိုးညွန့်တို့ကို မမှန်မကန်စွပ်စွဲရေးသားထားတဲ့ လက်ကမ်းစာစောင်ဖြန့်ေ၀ မှုနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါက်တာ ညိုညိုသင်းက ဗဟန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြား ထားပါတယ်။
2015-11-25
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကျောက် စိမ်းတွင်း မြေစာပုံ ပြိုကျခဲ့တဲ့အထဲ မှာ ပျောက်ဆုံးနေသူ တစ်ရာနီးပါးလောက်ရှိနေပေမယ့် ရှာဖွေရေးလုပ်ငန်းတွေကို ရပ်ဆိုင်းတော့မယ်လို့ သိရပါတယ်။