သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-29
သတင်းစာဆရာနဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာ မျှော်လင့်တောင့်တခဲ့ တဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် အားလုံးပါဝင်ကြဖို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2016-11-29
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်း တန် တို့ကို တရားမဲ့ပြုကျင့်မှုနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်ထားမှုကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ခုံရုံးက ပလပ်လိုက်ပါတယ်။
2016-11-28
အီလက်ထရောနစ်ပစ္စည်းတွေ၊ ဘက်ထရီတွေနဲ့ ပလိပ်ပြားတွေထုတ်လုပ်ရာမှာ မရှိမဖြစ် အသုံးတွင် ကျယ်လာနေတဲ့ သံဖြူသတ္တုတွေကို ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးတွေက ဝယ်ယူနေရာမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ အရေးယူထားတဲ့ UWSA ဝပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့က ထုတ်လုပ်နေတဲ့ သံဖြူတွေလည်းပါဝင်နေတယ်လို့ ရိုက်တာ သတင်းတရပ်မှာ ဖေါ်ပြထားပါတယ်။
2016-11-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဦးစိန်ဝင်း၊ ဦးဉာဏ်လင်း၊ ဒေါက်တာ စိုးမိုးသူနဲ့ ဦးအောင်လှိုင် ဝင်း တို့ကို လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီတွေ မှာ ပေးအပ်ထားတဲ့ တာဝန်အသီးသီးကနေ ဖယ်ရှားလိုက် ပါတယ်။
2016-11-28
ရခိုင်ပြည်နယ် စစ်တွေမြို့က စက်မှုရပ် ကွက်အဖြစ် သိမ်းဆည်းခံထားရတဲ့ မြေ ယာတွေထဲက ဧကပေါင်း ၁၄၀ ကျော်ကို မူလတောင်သူတွေ လက်ထဲ ပြန်လည်ပေးအပ်ဖို့နဲ့ အဲဒီမြေယာတွေမှာ ဆောက် လုပ်ထားတဲ့ အဆောက်အဦးတွေကို ဖယ်ရှားပေးဖို့ တောင် သူ ၈၀ လောက်က စစ်တွေမြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
2016-11-28
မွန်ပြည်နယ်နဲ့ တနသာၤရီတိုင်းဒေသကြီးမှာ အစိုးရအဖွဲ့ဝင်တွေနဲ့ အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်တွေကြား ဖြစ် ပွားနေတဲ့ကိစ္စတွေကို ဖြေရှင်းဖို့ ပါတီဗဟိုက လေ့လာသုံး သပ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။
2016-11-28
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး ကို ဝန်ကြီးဟောင်း ဦးအုန်းမြင့် ကိုယ်စားလှယ် ဦးမျိုးချစ် က လမ်းပိတ်ဆို့မှု ပုဒ်မ ၃၄၁နဲ့ တရားလိုပြု တရားစွဲဆိုထားတဲ့ အပေါ် ဒီနေ့ ကျောက်တန်းမြို့နယ်တရားရုံးက ဒေါ်အေးမြမြ မျိုး မှာ အပြစ်မရှိကြောင်း ဆုံးဖြတ်လိုက်ပါတယ်။
2016-11-28
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ အမြင့်ဆုံး တသက်တကျွန်း အထိအပြစ်ပေးနိုင်မယ့် ဥပဒေ ကြမ်းကို ရေးဆွဲပြီး ရှေ့နေချုပ်ရုံးထံ တင်ပြထား တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။
2016-11-27
အင်ဒိုနီးရှားနိုင်ငံမှာ ဂျာကာတာမြို့တော် တွင်းက မြန်မာနိုင်ငံသံရုံးအပါအဝင် ထင်ရှားတဲ့ အဓိကရနေရာတွေကို တိုက် ခိုက်ဖို့စီစဉ်နေသူ နှစ်ဦးကို အကြမ်းဖက်မှု နှိမ်နင်းရေးတပ်ဖွဲ့ က ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
2016-11-27
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ် ကာလ ရောက်လာပြီ ဖြစ်တဲ့အတွက် သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေကို ထိထိမိမိ ဆောင်ရွက်သွားတော့ မှာဖြစ်ကြောင်း ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် မဲဆန္ဒ နယ်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။
2016-11-27
ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ သဘာဝသယံ ဇာတတွေကို ရခိုင်ပြည်သူတွေ အကျိုးခံစား ခွင့်ရရှိရေး အတွက် တောင်းဆိုကြသူ လူဦးရေ ၂၀၀ ကျော်ဟာ ပြီးခဲ့တဲ့ သတင်းပတ်က စစ်တွေ မြို့ကနေ ခရီးရှည် လမ်းလျှောက် ချီတက်လာရာမှာ ဒီကနေ့ သူတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ ကျောက်ဖြူမြို့ကို ရောက်ရှိခဲ့ပါ တယ်။
2016-11-27
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးဆိုင် ရာကော်မရှင် ဥက္ကဌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ Kofi Anan (ကိုဖီအာနန်) ဟာ လာမယ့် နိုဝင်ဘာ ၂၉ ရက်နေ့ မှာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ တစ်ခြားမြို့တွေကို သွားရောက်မှာဖြစ်ပါတယ်။
2016-11-27
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်၊ ယမ်းကြိမ်းကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက် နေ့က မီးလောင်တာကြောင့် နေအိမ် ၇၀ နီးပါး မီးထဲပါသွားပြီး လူဦးရေ ၅၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်နေပါတယ်။
2016-11-27
ရခိုင်ပြည်နယ် မောင်တောအရေးနဲ့ ပတ်သက်ပြီး ထိုင်း ၊ မလေးရှားနဲ့ အင်ဒိုနီး ရှားနိုင်ငံတွေမှာ ရှိတဲ့ မြန်မာသံရုံးတွေရှေ့ မှာ ဆန္ဒပြပြီးတာတွေဖြစ်ပြီး နောက်ပိုင်းသံရုံးတွေရဲ့ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ဖို့မှာကြားထားတယ်လို့ နိုင် ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေး က ပြောပါတယ်။
2016-11-27
အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် ကြူကုတ်(ပန်ဆိုင်း) နဲ့ မုံးကိုးမြို့ဘက်က ဆရာ၊ ဆရာမ ဦးရေ ၁၈၀ ကျော်ဟာ မူဆယ်မြို့မှာ တိမ်းရှောင်နေရပါတယ်။