သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-04-24
မစ္စတာဘန်ကီမွန်းဟာ ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ရှုတ်ချပြောဆိုနေသူတစ်ဦးလည်းဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ဖိတ်ကြားချက်ကြောင့် အခုလိုရောက်လာတာလို့ စစ်တပ်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောဆိုကြပါတယ်။
2023-04-24
ဖားကန့်မြို့နယ်၊ မရှိကထောင်ရပ်ကွက်က Happy KTV အရှေ့မှာ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်သားတွေ ပစ်သတ်ခဲ့ပါတယ်။
2023-04-24
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ရဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်ခြောက်ဦး ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီ ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
2023-04-24
မတ္တရာမြို့နယ် ကင်းရွာမှာ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို သွေးသောက်အဖွဲ့တံဆိပ် ချိတ်ဆွဲလျက် တွေ့ခဲ့ရပါတယ်။
2023-04-24
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်က တောမ၊ ဝဲကြီး၊ မရသိမ် စတဲ့ရွာတွေအပါအဝင် ရွာငါးရွာနီးပါးကို ဧပြီလ ၂၄ ရက်၊ မနက်ပိုင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ခြောက်ကြိမ်တိုက်ခဲ့လို့ အရပ်သားသုံးထောင်နီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2023-04-24
ပဇီကြီးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ဧပြီလ ၂၀ ရက်နေ့မှာ လေကြောင်းက မှားယွင်းပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂၀ နီးပါးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
2023-04-24
ရသေ့တောင်မြို့နယ်မှာ လက်နက်နဲ့ထွက်ပြေးနေတဲ့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် (ALP) တပ်ဖွဲ့ဝင်တစ်ဦးကို AA တပ်ဖွဲ့ဝင်တစ်ရာကျော်က ပစ်ခတ်ဖမ်းဆီးသွားပါတယ်။
2023-04-24
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက မူးသာ၊ တောင်မြို့၊ ရွာသစ်၊ ရွာထောင် စတဲ့ရွာလေးရွာကို ဧပြီလ ၂၃ ရက် မနေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှိုခဲ့လို့ နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-04-24
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလ ၂၃ ရက် မနေ့ညက လေကြောင်းခရီးစဉ်နဲ့ နေပြည်တော်ကို ရောက်ရှိလာပါတယ်။
2023-04-23
ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ ရွာသုံးရွာက အမျိုးသမီးနှစ်ဦး အပါအဝင် ဒေသခံခြောက်ဦးကို စစ်ကောင်စီ တပ်သားတွေဖမ်းဆီးခဲ့ပါတယ်။
2023-04-23
သရက်ချောင်းမြို့နယ် မြိတ် - ထားဝယ် ကားလမ်းမအနီးက ရငဲရွာမှာနေထိုင်တဲ့ ဒေသခံ ၈၀ နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ဆေးနေပါတယ်။
2023-04-23
ဝက်လက်မြို့နယ် အောင်ချမ်းသာရွာကို ဧပြီလ ၂၃ ရက်မှာ အင်အား ၆၀ ကျော်ရှိတဲ့ စစ်ကြောင်း ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၁၄၀ ဝန်းကျင် မီးလောင်ပျက်စီးပြီး ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရပါတယ်။
2023-04-23
နောင်ချိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် လေးထောင်နီးပါးအထိရှိလာပါတယ်။
2023-04-23
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်ကနေ ၂၂ ရက်အထိ ငါးရက်အတွင်းမှာတင် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃၉ ဦးအထိ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
2023-04-23
ညောင်လေးပင်ခရိုင်ထဲမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းလေးခုကို KNLA တပ်မဟာ (၃) ပူးပေါင်းတပ်ဖွဲ့တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။