သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-03
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့ အတွက် လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ တက်ရောက်ဆွေးနွေးနေတဲ့ ဒေါက်တာသိန်းလွင်အနေနဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER မှာ ဦးဆောင်သူအဖြစ် တာဝန်ထမ်းဆောင်မယ် ဆိုရင် အန်အယ်လ်ဒီမှာ ဗဟိုကော်မတီဝင်အဖြစ် တာဝန် ထမ်းဆောင်ခွင့်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။
2015-02-03
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ ဧရာဝတီတိုင်း က ကျောင်းသားကျောင်းသူ ၈၀ လောက်က ရန်ကုန်မြို့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြဖို့အတွက် ပုသိမ်မြို့ ကနေ ဒီနေ့ စတင်လမ်းလျှောက်ကြပါတယ်။
2015-02-03
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် နေပြည်တော်မှာ ဒီနေ့ဆွေးနွေးဖို့ ပြင်ဆင် ခဲ့ပေမဲ့ နိုင်ငံတော်သမ္မတက ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။
2015-02-03
မြန်မာနိုင်ငံရဲ့ အမှတ် ၂ ဘီလူးချောင်း ရေအားလျှပ်စစ်စက်ရုံမှာ ပစ္စည်းဟောင်းတွေ အသစ်လဲလှယ်ရေး အတွက် JICA ခေါ် ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့က မြန်မာလျှပ်စစ်စွမ်းအင်ဌာန EPC ကို အမေရိကန်ဒေါ်လာ ၆၇ သန်း ထောက်ပံ့ကူညီမယ်လို့ သိရပါတယ်။
2015-02-03
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အိန္ဒိယနိုင်ငံမှာ မီဇိုသဘောတူညီချက်ကို လာရောက်လေ့လာကြဖို့ မြန်မာအစိုးရအဖွဲ့ဝင်တွေနဲ့ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့က ခေါင်းဆောင်တွေ သဘောတူညီခဲ့ကြတယ်လို့ မီဇိုရမ်ပြည်နယ် ဝန်ကြီး ချုပ်ဟောင်း ဇိုရမ်ထန်ဂါ Zoramthanga က ပြောဆိုကြောင်း အိန္ဒိယသတင်းစာတွေက ဖေါ်ပြကြပါတယ်။
2015-02-03
အမေရိကန်အခြေစိုက် Heritage Foundation အဖွဲ့က နှစ်စဉ်ထုတ်ပြန်နေတဲ့ ကမ္ဘာ့ နိုင်ငံတွေရဲ့ စီးပွားရေးလွတ်လပ်မှု အခြေပြညွှန်းကိန်း ကို မနေ့က ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင် ငံရဲ့ အဆင့်ဟာ ၁၆၁ နေရာမှာရှိနေပါတယ်။
2015-02-02
မြန်မာနိုင်ငံ မုတ္တမကမ်းလွန်ဒေသ မှာ ရေနံလုပ်ကွက်ရထားတဲ့ ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီမှာ မြန်မာအလုပ် သမားတွေ ခွဲခြားဆက်ဆံခံနေရတာကို ဖြေရှင်းပေး ဖို့ ဇောတိကကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်သားများ အဖွဲ့အစည်းက ကုမ္ပဏီတာဝန်ရှိသူတွေထံ ဒီနေ့ တောင်းဆို လိုက်ပါတယ်။
2015-02-02
မြို့နယ်နဲ့ ကျေးရွာအတော်များများရဲ့ အမည်တွေမှာ နိုင်ငံရေးပါတီတစ်ခုရဲ့ အမည်ကိုထည့်သွင်းပြီး ဆိုင်းဘုတ်တပ်ဆင်တာ ဟာ ပြည်ထောင်စုအစိုးရက တရားဝင်ခွင့်ပြုထားတာ မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဒီနေ့ ပြည်သူ့လွှတ်တော် မှာ ပြောပါတယ်။
2015-02-02
နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးမှာ ကျင်းပ မယ့် လေးပွင့်ဆိုင်တွေ့ဆုံပွဲ မှာ ဆွေးနွေးမယ့်အချက်တွေကို မြန် မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက်နဲ့ ကျောင်းသားကိုယ်စားလှယ်တွေက ရန်ကုန်မြို့မှာ ဒီနေ့ အကြိုညှိနှိုင်းကြပါတယ်။
2015-02-02
ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁၀၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နတ်မောက်မြို့ ဗိုလ်ချုပ်ပြတိုက်မှာထားရှိမယ့် ဗိုလ်ချုပ်အောင်ဆန်းပုံတူရုပ်တု ပြီးစီး သွားပြီဖြစ်တဲ့အတွက် မကွေးတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီအဖဲ့ွချုပ်က ဒီကနေ့ နတ်မောက်မြို့ကို သယ်ဆောင်သွားပြီဖြစ်ပါတယ်။
2015-02-02
အမျိုးသမီးတွေကို နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်ခံနေရတာတွေကို အကာ အကွယ်ပေးနိုင်မယ့် ဥပဒေတစ်ရပ်ပြဌာန်း ဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။
2015-02-02
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြတဲ့ ကျောင်း သူ ကျောင်းသားတွေဟာ မကွေး တိုင်းဒေသကြီး ရေနံချောင်းမြို့ကနေ မကွေးမြို့ကို ဒီနေ့ ဆက်လက်လမ်းလျှောက် ဆန္ဒပြကြပါတယ်။
2015-02-02
နှေးကွေးနေတဲ့ ထားဝယ် အထူးစီပွားရေးဇုန် တည်ဆောက်ရေးစီမံကိန်းကို အရှိန်မြှင့် ဖို့ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံအဆင်ြ့မင့် ပူးတွဲကော်မတီရဲ့ သုံးရက်ကြာ ဆွေးနွေးပွဲကို ဘန်ကောက် မြို့မှာ ကျင်းပခဲ့ပါတယ်။
2015-02-02
စင်္ကာပူ အစိုးရအဖွဲ့ ဂုဏ်ထူးဆောင် အကြီးတန်းဝန်ကြီး ဂိုချောက်ထောင် ဟာ မြန်မာနိုင်ငံကို ဒီနေ့ ရောက်ရှိမှာဖြစ် ပါတယ်။
2015-02-01
ငြိမ်းချမ်းရေးဖော်ဆောင်ရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ အတွက် ဇန်နဝါရီလ ၃ဝ ရက်နေ့က အထူးဒေသ (၄) မိုင်းလားဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကြီးလေးဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။