သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-02
ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ရိုဟင်ဂျာတွေကြားမှာ အခု မေလနဲ့ ဇွန်လ အတွင်းမွေးလာမယ့် ကလေးပေါင်း ၄၈၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားတဲ့အကြောင်း ကူညီရေးအဖွဲ့တွေ က ပြောလိုက်ပါတယ်။
2018-05-02
မြန်မာနိုင်ငံသားတွေအတွက် ဖေ့စ်ဘွတ်စာမျက်နှာ အခမဲ့ကြည့်နိုင်တဲ့အစီအစဉ်ကို မနှစ်က အဆုံးသတ်လိုက်ပြီလို့ သိရပါတယ်။ အရင်ကဆိုရင် MPT တယ်လီဖုန်းလိုင်းရှိရင် အင်တာနက်လိုင်းပိတ်ထားလည်း ဖေ့စ်ဘွတ်ဖွင့်ကြည့်လို့ရအောင် Tech Crunch ကုမ္ပဏီက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အင်တာနက်လိုင်းဖွင့်မှပဲ ဖေ့စ်ဘွတ်သုံးလို့ ရနိုင်တော့တာဖြစ်ပါတယ်။
2018-05-02
လာမယ့် မေလ ၉ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ကျင်းပမယ့် ၂၀၁၈ ရန်ကုန် ရင်းနှီးမြှုပ်နှံမှုဖိုရမ် Yangon Investment Forum 2018 မှာ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း အချက်အလက်တွေကို ဝန်ကြီးချုပ် က ရှင်းလင်းတင်ပြသွားမယ်လို့ တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး က ဒီနေ့ ပြောပါတယ်။
2018-05-02
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ပိတ်မိနေသူတွေ အမြန်ဆုံး လွတ်မြောက်ရေးအတွက် စုဝေးဆန္ဒပြခွင့်ရရှိဖို့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးခွင့် ရရှိရေးအတွက် ကချင်လူငယ်ဦးဆောင်ကော်မတီက ဒီနေ့ မြစ်ကြီးနားမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ် တောင်းဆိုခဲ့ပါတယ်။
2018-05-02
လူဦးရေ ၄၀၀ ကျော် တက်ရောက်နေတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့က ရခိုင်လူငယ်ညီလာခံ ဒီနေ့ ဒုတိယမြောက်နေ့မှာ မြို့နယ်အသီးသီးက တင်လာတဲ့ စာတမ်းတွေကို ဆွေးနွေးဖတ်ကြား ခဲ့ကြပါတယ်။
2018-05-02
ပါတီတည်ထောင်ခွင့်ရရှိထားတဲ့ ရှစ်လေးလုံးပြည်သူ့ပါတီဟာ ပါတီရဲ့ အလံ၊ အမှတ်တံဆိပ်နဲ့ မူဝါဒတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ဒီနေ့ တင်ပြခဲ့ပါတယ်။
2018-05-02
ပြီးခဲ့တဲ့နှစ်အတွင်း တရားသူကြီး ၈၈ ဦးအပါအဝင် တရားရေးအရာရှိ၊ တရားရုံးဝန်ထမ်း စုစုပေါင်း အယောက် ၁၆၀ ကို ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2018-05-02
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ ငြိမ်းချမ်းရေးကော်မရှင်က တာဝန်ရှိသူတွေဟာ SSPP ဌာနချုပ်ဖြစ်တဲ့ ဝမ်ဟိုင်းမှာ ဒီနေ့အထိ နှစ်ရက်ကြာတွေ့ဆုံပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။
2018-05-02
ဒုရဲမှူး မိုးရန်နိုင် ကို မယုံကြည်ရတဲ့သက်သေအဖြစ် ကြေညာပေးဖို့ တရားလိုဘက်က ဥပဒေအရာရှိတွေရဲ့ လျှောက်လဲချက်ကို ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။
2018-05-02
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်မှာ အင်္ဂါနေ့ မနေ့ညနေ ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန် ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို မြန်မာအစိုးရအနေနဲ့ တာဝန်ခံပြီး သင့်တော်သလို စုံစမ်းစစ်ဆေးရမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
2018-05-02
ရိုဟင်ဂျာအရေးလေ့လာဖို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ သူတို့တွေ့ရှိခဲ့တာနဲ့ပတ်သက်လို့ နေပြည်တော်မှာ ဒီနေ့ညနေ ၆ နာရီလောက်ကစပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။
2018-05-01
ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ KIA ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အခုထိ အနည်းဆုံး အရပ်သား ၁၀ ဦး သေဆုံး၊ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြပြီး၊ ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့အပေါ် အထူးစိုးရိမ်မိကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ က ပြောလိုက်ပါတယ်။
2018-05-01
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့ကို တပ်မတော်က ပစ်မှတ်ထား နယ်မြေရှင်းလင်းစဉ်အတွင်း၊ အရပ်ဘက် မွတ်စလင်တွေအပေါ် မုဒိမ်းမှုနဲ့ လူသတ်မှုတွေ၊ လူမျိုးစု ရှင်းလင်းမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ မဟုတ်မှန်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြင်းဆိုခဲ့ပါတယ်။
2018-05-01
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် လွတ်မြောက်တဲ့အထိ တောင်းဆိုမှုတွေ ပြုလုပ်သွားမယ်လို့ ဆန္ဒပြပွဲနဲ့ သပိတ်စခန်း ဦးဆောင်သူတွေက ဒီနေ့ ပြောပါတယ်။
2018-05-01
အနည်းဆုံး လုပ်ခလစာနှုန်းထား အမြန်ဆုံးထုတ်ပြန်ကြေညာပေးဖို့နဲ့ အလုပ်သမားရေးရာ ကိစ္စတွေကို အလေးထားဆောင်ရွက်ဖို့အတွက် မန္တလေးမြို့က အလုပ်သမား ၇၀၀ ခန့်က မေလ ၁ရက်နေ့ ဒီနေ့မှာကျရောက်တဲ့ အလုပ်သမားနေ့ အထိမ်းအမှတ်နဲ့ ဆန္ဒပြတောင်းဆိုကြပါတယ်။