ရှစ်လေးလုံးပြည်သူ့ပါတီ အလံ အမှတ်တံဆိပ်တွေကို ကော်မရှင်ထံ တင်ပြ


2018.05.02
kokogyi-88-622.jpg ရှစ်လေးလုံးပြည်သူ့ပါတီရဲ့ ပထမခေါင်းဆောင် ဦးကိုကိုကြီးနဲ့ ဒုတိယခေါင်းဆောင် ဦးရဲနိုင်အောင်တို့ကို ၂၀၁၈ ခုနှစ်၊ မေလ ၂ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

ပါတီတည်ထောင်ခွင့်ရရှိထားတဲ့ ရှစ်လေးလုံးပြည်သူ့ပါတီဟာ ပါတီရဲ့ အလံ၊ အမှတ်တံဆိပ်နဲ့ မူဝါဒတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ဒီနေ့ တင်ပြခဲ့ပါတယ်။

"ပါတီမှတ်ပုံတင်ချင်းဥပဒေအရလည်းပဲ မှတ်ပုံတင်ကျပြီဆိုရင် အနီးဆုံးရွေးကောက်ပွဲမှာ သုံးနေရာနှင့်အထက် ကျင်းပတဲ့ရွေးကောက်ပွဲများမှာ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ အနည်းဆုံးသုံးနေရာဝင်ရမယ်၊ ဒါကဥပဒေအရ မဖြစ်မနေဝင်ရမယ်လို့ သတ်မှတ်ထားတယ်၊ အဲတော့ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ ဘယ်အချိန်လုပ် မယ်တော့ ကျနော်တို့ မသိသေးဘူး၊ တကယ်လို့ ပါတီမှတ်ပုံတင်ကျတဲ့အချိန်နဲ့ မှီတယ်ဆိုရင်တော့ ဥပဒေအရ အနည်းဆုံး သုံးနေရာ ကျနော်တို့ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်"

နိုင်ငံရေးပါတီမှတ်ပုံတင် ရရှိတဲ့အချိန်မှာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မှီတယ်ဆိုရင် ယှဉ်ပြိုင်သွားမယ်လို့ ပါတီရဲ့ ပထမခေါင်းဆောင် ဦးကိုကိုကြီးက ပြောပါတယ်။

၂၀၂၀ အတွက် ရွေးကောက်ပွဲမဟာဗျူဟာတွေ၊ စည်းရုံးရေးအခြေအနေတွေကို ညှိနှိုင်းဆွေးနွေးပြီး ထုတ်ပြန်သွားမယ်လို့လည်း ပြောပါတယ်။

နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေအရ ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီတွေဟာ ပါတီဝင် ၅၀၀၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီဟာ ပါတီဝင်အင်အား တစ်ထောင်စာရင်းကို တင်ပြရတာဖြစ်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားတွေ အများစု ပါဝင်တဲ့ ရှစ်လေးလုံးပြည်သူ့ပါတီဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၆ရက်နေ့က ပါတီတည်ထောင်ခွင့် ရရှိတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။