သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-27
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အရပ်ဖက်အဖွဲ့တွေ၊ အနုပညာရှင်တွေ ပူးပေါင်းပြီး လူထုငြိမ်းချမ်းရေးလှုပ်ရှားမှု ရက်သတ္တပတ်ကို တနင်္သာရီတိုင်းဒေသကြီးက မြို့ ၉ မြို့မှာ လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။
2017-11-27
ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံ ၁၅၀၀ ကျော်ဟာ အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံနေကြရပြီး စားနပ်ရိက္ခာ အခက်အခဲတွေကြုံတွေ့နေရတယ်လို့ ကူညီပေးနေသူတွေက ဒီနေ့ ပြောပါတယ်။
2017-11-26
ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ပြုလုပ်မယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်လိုသူတွေအတွက် မြန်မာ့မီးရထားက ရန်ကုန်မြို့တွင်းမှာ ပုံမှန်ပြေးဆွဲနေကျ မြို့ပတ်ရထားတွေအပြင် အထူးရထား သုံးစင်းနဲ့ ပွဲကျင်းပရာ ကျိုက္ကဆံကွင်း အနီးဝန်းကျင်ထိ ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။
2017-11-26
အနည်းဆုံးလုပ်ခလစာတစ်ရက် ကျပ် ၅၆၀၀ သတ်မှတ်ပေးဖို့ အထက်မြန်မာပြည် အလုပ်သမားကိုယ်စားလှယ်တွေက ဒီနေ့ အစိုးရကို တောင်းဆိုလိုက်ပါတယ်။
2017-11-26
ကချင်ပြည်နယ်မှာ စီးပွားရေးအဆင်မပြေတာကြောင့် ဘဝရပ်တည်ရေးအတွက် တရားဝင်ရော၊ တရားမဝင်လုပ်ငန်းတွေကိုပါ လုပ်ကိုင်နေကြတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် က ဒီနေ့ ပြောပါတယ်။
2017-11-26
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နဲ့ ကက်သလစ်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆုတောင်းပွဲမှာ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ကြဖို့ ပုပ်ရဟန်းမင်းကြီး ခရီးစဉ် သတင်းနဲ့ ပြန်ကြားရေးကော်မတီ က သတင်းမီဒီယာသမားတွေကို ဒီနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။
2017-11-26
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေကို မြန်မာနိုင်ငံဘက်က ပြန်လည်စိစစ်လက်ခံဖို့ အစီအစဉ်ကို နှစ်လအတွင်းဆောင်ရွက်ဖို့နဲ့ မြန်မာပြည်တွင်းမှာ နေထိုင်ခဲ့ကြောင်း အထောက်အထား တစ်စုံတစ်ခုပြနိုင်မယ်ဆိုရင် လက်ခံဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးထားတယ် လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီနေ့ ပြောပါတယ်။
2017-11-25
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ကြိုဆိုဖို့နဲ့ ဝတ်ပြုဆုတောင်းဟောပြောပွဲကို တက်ရောက်ဖို့အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ လာရောက်တဲ့ ကက်သလစ်ဘာသာဝင် တစ်ထောင်ကျော်ဟာ ဒီကနေ့မနက်အစောပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိလာပါတယ်။
2017-11-25
လက်ရှိမြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ လောက်က မရရှိခဲ့တဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် ရရှိနေပြီလို့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ဒီနေ့ ပြောပါတယ်။
2017-11-25
တယ်လီဖုန်းဘေလ် ဖြတ်တောက်မှုတွေနဲ့ ပတ်သက်ပြီး ဘေလ်စာရင်းကို သက်ဆိုင်ရာ ဖုန်းအော်ပရေတာတွေဆီကနေ တောင်းခံနိုင်သလို ကျေနပ်မှုမရှိရင် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနထံ တိုင်ကြားနိုင်တယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။
2017-11-25
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် ဝါးစိမ်းတောင်ဒေသမှာ တရုတ်နိုင်ငံ ယန်စီကုမ္ပဏီက သတ္တုကြောတစ်ခု ရှာဖွေတွေ့ရှိထားပြီး တူးဖော်ထုတ်လုပ်ခွင့်ရဖို့အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံ တင်ထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင်က ဒီနေ့ ပြောပါတယ်။
2017-11-25
အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ တန်းတူညီမျှတဲ့ ပညာသင်ကြားခွင့်ရရှိဖို့အတွက် ရှမ်းအမျိုးသမီးရေးရာ လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN က အစိုးရထံ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2017-11-24
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို ဒီကနေ့ နေပြည်တော်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ရုံးမှာကျင်းပပြီး နိုင်ငံရေး ဆွေးနွေးရေး မူဘောင် ပြင်ဆင်သုံးသပ်ရေးကိစ္စတွေကို အဆုံးအဖြတ်ယူခဲ့ပါတယ်။
2017-11-24
မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်း SME ပေါင်း ၅၂၀၀၀ ခန့်ရှိပြီး အဲဒီအထဲက ၁၉၀ ကျော်သာ ချေးငွေရရှိထားတဲ့အတွက် SME ကဏ္ဍ ဖွံ့ဖြိုးဖို့ မလွယ်ဘူး လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ထွန်းနိုင် က ဝေဖန်လိုက်ပါတယ်။
2017-11-24
နိုင်ငံရေးပါတီတွေအနေနဲ့ ဥပဒေ၊ နည်းဥပဒေတွေကို လေးစားလိုက်နာဖို့ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်က မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။