သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-26
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံဆီးကျေးရွာမှာ တိုက်ပွဲကြောင့်ပိတ် မိနေတဲ့ ဒေသခံရွာသား ၂ဝဝဝ နီးပါးအတွက် အစား အသောက်နဲ့ ဆေးဝါးတွေကို ကချင်ပြည်နယ် ကြက်ခြေနီ အသင်းက ဒီနေ့ သွားရောက် လှူဒါန်းခဲ့ပါတယ်။
2015-01-25
ထိုင်း မြန်မာနယ်စပ် မြဝတီနဲ့ မဲဆောက် ကြား ဒုတိယချစ်ကြည်ရေးတံတား တည်ဆောက်ရေးကို လာမယ့် စက်တင်ဘာလအတွင်း မဲဆောက်မြို့မှာ စတင်နိုင်မယ်လို့ မျှော်လင့်ရကြောင်း ထိုင်း သယ်ယူပို့ဆောင်ရေး ဝန်ကြီး ပရာဂျင် ဂျန်တောင်းကို ကိုးကားပြီး The Nation သတင်းစာက ဖော်ပြပါတယ်။
2015-01-25
အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက် ဆန္ဒပြတဲ့အနေနဲ့ မန္တလေးကနေ ရန်ကုန်ကို ခရီးရှည်ချီတက် ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေရဲ့ ဒီမို ကရေစီပညာရေးစစ်ကြောင်းဟာ နွားထိုးကြီးကနေ မြင်းခြံမြို့ကို မနေ့ညနေက ရောက်ရှိသွားပြီး မူလစီစဉ်ထားတဲ့ အတိုင်း ဒီမနက် ၉ နာရီမှာ မြင်းခြံမြို့ကနေ တောင်သာကို ဆက်လက်ချီတက်ပါမယ်။
2015-01-25
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် ဆန္ဒပြကြတဲ့ကျောင်းသား သပိတ် စစ်ကြောင်းဟာ နွားထိုးကြီးမြို့ကနေ ဆက်လက် ထွက်ခွာ လာတဲ့ မြင်းခြံမြို့ကို ဒီကနေ့ ညနေ ၅ နာရီခွဲကျော် က ရောက်ရှိလာတာမှာ မြင်းခြံနည်းပညာ တက္ကသိုလ်ကျောင်းသားတွေနဲ့ မြို့လူထုပါလာရောက် ပူးပေါင်းတယ်လို့ သိရပါတယ်။
2015-01-25
မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ မှာ နေပြည်တော် မှာ တွေ့ဆုံဖို့ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
2015-01-25
ကချင်ပြည်နယ်ဖားကန့်နယ်မှာ ဖြစ်ပွားနေ တဲ့ အစိုးရတပ်တွေနဲ့ KIA တပ်တွေရဲ့တိုက် ပွဲများဟာ ပြန်လည်ငြိမ်သက်နေပြီဆိုပေမယ့် ဇန်နဝါရီလ ၂၄ရက်နေ့ မွန်းလွဲ ပိုင်းက မိုးကောင်းနဲ့ ကာမိုင်းလမ်းမှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIA တပ်ရင်း- ၆ တပ်ရင်း မှူး ဗိုလ်မှူး တန်ဆန့်က ပြောပါတယ်။
2015-01-25
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ပြန်လည်ဖွဲ့စည်းပေးဖို့ လက်မှတ်ရေးထိုးတောင်းဆိုပွဲကို ရန်ကုန် မြို့ဒဂုံဆိပ်ကမ်းမြို့နယ်က အမေ့အိမ်ကျောင်းခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2015-01-25
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ဧရိယာ တိုးချဲ့ရာမှာ သိမ်းယူခံရမယ့် လယ်ယာမြေဧက ငါးထောင်ကျော်အတွက် မြို့နယ် အုပ်ချုပ်ရေးအဖဲ့ွ က လျော်ကြေးပေးဖို့ ဒေသခံတွေ နဲ့ တွေ့ဆုံညှိနှိုင်းနေပါတယ်။
2015-01-24
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်မှာ ရော်ဘာစီမံကိန်းအတွက် သိမ်းထားတဲ့ လယ်ယာမြေတွေပြန်ပေးဖို့ ဒေသခံတွေက မနေ့က တောင်းဆိုလိုက်ပါတယ်။
2015-01-24
ဒီမိုကရေစီပညာရေးစနစ်ကို တောင်း ဆိုနေတဲ့ ကျောင်းသားသပိတ်စစ်ကြောင်း ဟာ မနေ့ကမနက်မှာ ပြင်စည်ရွာကနေ ထွက်ခွါပြီးတဲ့နောက် ညပိုင်းမှာတော့ နွားထိုးကြီးမြို့မှာ ညအိပ်ရပ်နားခဲ့ကြပါတယ်။
2015-01-24
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တောမှော်ကျေးရွာမှာ သစ်ဆွဲ အိမ်ဆင်တစ်ကောင်ဟာ မုန်ယိုပြီး လိုက်လံသောင်း ကျန်းနေရာမှာ လူငါးဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
2015-01-24
မြန်မာ့သမိုင်းပညာရှင် ဗိုလ်မှူးဘရှင် နှစ် ၁၀၀ ပြည့် မွေးနေ့အကြို ဂုဏ်ပြုအခမ်း အနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ မှာ ဒီနေ့ညနေပိုင်းက ကျင်းပခဲ့ပါတယ်။
2015-01-24
ဖားကန့်ကျောက်စိမ်းတွင်း ဒေသဘက် ကနေ တရုတ်ပြည်ဘက်ကို တရားမဝင် ခိုးထုတ်သယ်ဆောင်မယ့် ကျောက်စိမ်းကား ၆ စီးအပါအဝင် ယာဉ်မျိုးစုံ ၁၂စီးနဲ့အတူ တရုတ်နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံ သားတွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ မြစ်ကြီးနားမြို့နယ် ဆင်ဘို မြို့အနီးမှာ စခန်းချနေတယ်လို့ ဒေသခံရွာသားတွေက ပြော ပါတယ်။
2015-01-24
အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး (မဘသ)အဖွဲ့ ဥက္ကဌ ဆရာတော် ဦးတိလောကာ ဘိဝံသ သီတင်းသုံးထိုင်တဲ့ ရန်ကုန်မြို့ အင်းစိန် မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်မှာ ဇန်နဝါရီ ၂၃ ရက်ညက အကြမ်းဖက်တိုက်ခိုက်ဖို့ ဗုံးလှန့် ခြိမ်းခြောက်ခံခဲ့ရပါတယ်။
2015-01-24
နေပြည်တော်မှာ ဇန်နဝါရီလ ၂၇ရက်နေ့မှာ ထပ်မံကျင်းပမယ့် ဗိုလ်ချုပ်နှစ်တစ်ရာပြည့် အခမ်းနားကို တပ်မတော်သား ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖိတ်ကြားလိုက်တယ်လို့ သိရပါတယ်။