သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-04-10
ကိုကိုးကျွန်းမှာ တရုတ်အလုပ်သမားတွေ အလုပ်လုပ်နေတဲ့ ဂြိုဟ်တုက ရိုက်ထားတဲ့ ဓာတ်ပုံတွေကို အိန္ဒိယအစိုးရအရာရှိတွေက စစ်ကောင်စီလက်အောက်ခံ အရာရှိတွေကို ပြခဲ့ပါတယ်။
2023-04-10
လူတွေကို ဒုက္ခရောက် ဆင်းရဲအောင် လုပ်နေတဲ့စနစ်၊ လူ့သက်တမ်းမကုန်သေးဘဲ အသက်ဆုံးရှုံးနေရတဲ့ စနစ်ချုပ်ငြိမ်းဖို့ ကြိုးစားကြရမယ်လို့ တိုက်တွန်းလိုက်တဲ့အကြောင်း UCA သတင်းမှာ ဖော်ပြထားပါတယ်။
2023-04-10
စစ်အုပ်ချုပ်ရေး မကြေညာခင်ကထက် တိုက်ပွဲအကြိမ်ပေါင်း သုံးဆတိုးလာတာလို့ ISP-Myanmar ရဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။
2023-04-10
AA တည်ထောင်ခြင်း ၁၄ နှစ်ပြည့်နေ့ကို NUG အပါအဝင် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ ၂၀ ကျော်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
2023-04-10
တိုက်ပွဲရက်ရှည်ဖြစ်နေတဲ့ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းက စီသောင်၊ မံခါးနဲ့ စီမော်ရွာက နေအိမ် တစ်ရာကျော်ကို စစ်ကောင်စီတပ်က မီးထပ်ရှို့ခဲ့ပါတယ်။
2023-04-10
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မြောက်ပိုင်းမှာ နယ်ခြားစောင့်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး ပူးပေါင်းတပ်တွေဘက်က သေဆုံးသူတွေ ရှိနေပါတယ်။
2023-04-10
ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ စာသင်ကျောင်းအနီး ဧပြီ ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ် လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကျောင်းအုပ်ဆရာကြီးအပါအဝင် ဒေသခံ ကိုးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။
2023-04-10
မဲဆောက်မှာအဖမ်းခံလိုက်ရတဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေကိစ္စအပါအဝင် အလားတူကိစ္စတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ညှိနှိုင်းနေတယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။
2023-04-10
တော်လှန်ရေးအောင်မြင်ဖို့ ရည်ရွယ်တဲ့ ၂၀၂၃ ခုနှစ်၊ ဒေါင်းမျိုးဆက်တော်လှန်သံချပ် (မုံရွာ) ကို စစ်ကိုင်းတိုင်းမှာ ပြုလုပ်နေပါတယ်။
2023-04-10
ဟုမ္မလင်းမြို့နယ်က ဥပဒေနောက်ဆုံးနှစ်ကျောင်းသား ကိုကျော်ဝင်းစိန်အပါအဝင် နိုင်ငံရေးလှုပ်ရှားသူကိုးဦးကို ဟုမ္မလင်းမြို့နယ် တရားရုံးကနေ ဧပြီ ၇ ရက်နေ့က နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
2023-04-10
တောင်သာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးကို ဖျက်ဆီးသွားတယ်လို့ ပါတီဝင်တစ်ဦးက ပြောပါတယ်။
2023-04-09
ဘုတလင်မြို့နယ် တရော်တောရွာ၊ ကုက္ကိုစုရွာနဲ့ ယုန်လှေးကုန်းရွာတွေကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၆၁ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
2023-04-09
သရက်ချောင်းမြို့နယ်နဲ့ ထားဝယ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီ ဂိတ်စခန်းသုံးခုကို ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။
2023-04-08
တိုက်ပွဲတွေကြောင့် ဒေသခံ တစ်သောင်းကျော် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
2023-04-08
စစ်အာဏာရှင် ဆန့်ကျင်သူတွေနဲ့ ဒီမိုကရေစီ လိုလားသူတွေက တပ်ပျက်နေပြီလို့ ပြောဆိုနေချိန်မှာ တပ်တွင်းစည်းလုံးမှုရှိဖို့ အခုလိုစည်းရုံးပြောဆိုလိုက်တာ ဖြစ်ပါတယ်။