သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-19
ကေအိုင်အေ တပ်မဟာ ၂လက်အောက်ခံ တပ်ရင်း ၆ က ဖမ်းဆီးထားတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ ထံ ဒီနေ့ လွှဲပြောင်းပေး လိုက်ပါတယ်။
2015-01-19
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဂျိတ္တောကျေးရွာ မှာ အိမ်ယာမရှိသူတွေအတွက် ကျေးရွာ သစ်တည်ထောင်ပေးဖို့ ဒေသခံ ၆၀၀ လောက်က ဒီကနေ့ သံတွဲမြို့မှာ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
2015-01-19
လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဖြစ် ပွားခဲ့တဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင် ဂျာ မွတ်စလင်တွေအကြား ပဋိပက္ခ နဲ့ ဆက်နွယ်ပြီး အင်း စိန် အကျဉ်းထောင်မှာ ထောင်ဒဏ်နှစ်ရှည်ကျခံနေရ တဲ့ ဒေါက်တာ ထွန်းအောင် ကို နိုင်ငံတော်သမ္မတရဲ့ အထူး လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ဒီကနေ့ ညနေ ၄ နာရီမှာ လွှတ်ပေးလိုက်ပါတယ်။
2015-01-19
သံလွင်မြစ်မှာတည်ဆောက်မယ့် ရေ ကာတာစီမံကိန်းတွေကြောင့် ပဋိပက္ခတွေ ပိုမို ဆိုးရွားလာပြီး၊ ဒေသခံတွေရဲ့ လူ့အခွင့် အရေး ချိုးဖောက်ခံနေရတဲ့အတွက် စီမံကိန်းတွေ ချက်ချင်း ရပ်ဆိုင်းဖို့ မြန်မာနိုင်ငံမြစ်ချောင်းများ ကွန်ရက်အဖွဲ့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2015-01-18
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု အောင်ဘာလေ ကျေးရွာအနီး တိုက်ပွဲကြားမှာ ပိတ်မိနေ တဲ့ လူနှစ်ထောင်ဝန်းကျင်မှာ တရုတ်နိုင်ငံသားတွေ ရာဂဏန်း ပါဝင်နေတယ်လို့ တရုတ်ပြည်မှာ အင်္ဂလိပ် ဘာသာနဲ့ထုတ်ဝေတဲ့ Global Times သတင်းစာက ဖော်ပြပါတယ်။ အရေအတွက် အတိအကျကိုတော့ ဖော်ပြမထားပါဘူး။
2015-01-18
အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်း ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း အလုပ်ရုံဆွေးနွေးပွဲမှာ အနိမ့်ဆုံးလုပ်ခ လစာကို တစ်ရက် အလုပ်ချိန် ၈ နာရီအပေါ် အခြေခံတွက် ချက်ပြီး သတ်မှတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ အလုပ်ရုံဆွေးနွေး ပွဲ တက်ရောက်သူတွေ က ပြောကြားကြပါတယ်။
2015-01-18
ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံ တပ်တွေက ဖမ်းဆီးထိန်းသိမ်းထားတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၃ဦးကို မြစ်ကြီးနားမြို့ အခြေစိုက် ကချင်ငြိမ်းချမ်းရေး အကျိုး ဆောင်အဖွဲ့ဝင်တွေ က ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နဲ့ ဆက်သွယ်ပြီး ဒီနေ့ သွားရောက်ခေါ်ဆောင်နေပါတယ်။
2015-01-18
ရန်ကုန်မြို့ကို မနေ့ညက ရောက်ရှိလာတဲ့ အမေရိကန်အောက်လွှတ်တော်အမတ် Aaron Schock ဟာ ဒီနေ့မနက် ၁၀ နာရီခွဲ မှာ မြန်မာငြိမ်း ချမ်းရေးစင်တာ MPC ကို သွားရောက်ပြီး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။
2015-01-18
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ခေါင်းဆောင်တချို့က ရှေ့ဆက် ပူးပေါင်းဆောင်ရွက် ရမယ့်ကိစ္စတွေကို နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်မှာ ၂ နာရီနီးပါး ကြာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြ ပါတယ်။
2015-01-18
အမေရိကန်ပြည်ထောင်စုရဲ့ လူဝင်မှု၊ ဒုက္ခ သည်များနဲ့ ရွှေ့ပြောင်းသွားလာရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Ms. Anne Richard ဟာ မောင်တောမြို့လူကြီးတွေ နဲ့ ဒီကနေ့ တွေ့ဆုံပြီး ရခိုင် တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေ ငြိမ်းချမ်းစွာအတူယှဉ် တွဲ နေထိုင်နိုင်ရေး အတွက် မေးမြန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2015-01-17
ထိုင်းနိုင်ငံက အလိုရှိနေတဲ့ မုူးယစ်ဆေး ဝါးမှောင်ခိုကုန်သည် ၁ဝ ဦးကို ဖမ်းဆီးပေး ဖို့ မြန်မာနဲ့ တရုတ် အာဏာပိုင်တွေကို ထိုင်း တရားရေး ဝန်ကြီး ပိုင်ဘွန်း ကူးချာယာက တောင်းဆိုလိုက်ပါတယ်။
2015-01-17
ပုပ်ရဟန်းမင်းကြီးက ခန့်အပ်တဲ့ ကာဒီနယ် ဘုန်းတော်ကြီးအဖြစ်နဲ့ မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ ဘာသာတရားတွေကြား ငြိမ်းချမ်းရေးနဲ့ ပြန် လည်ရင်ကြားစေ့ရေး ပေါ်ပေါက်လာအောင် ကြိုးပမ်းသွား မယ်လို့ ဘုန်းတော်ကြီး ချားလ်စ်ဘိုက ပြောကြားပါတယ်။
2015-01-17
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက် မှုတွေရှိနေဆဲဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်မှာ ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အကြို လူထုဟောပြောပွဲမှာ ပြောပါတယ်။
2015-01-17
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု အောင်ဘာလေကျေးရွာအနီး မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြားမှာပိတ်မိနေဆဲ ဒေသခံ ရွာသား နှစ်ထောင်လောက်ကို ဖားကန့်မြို့နယ်အခြေ စိုက် နိုင်ငံရေးပါတီတွေ၊ ဘာသာရေးနဲ့ လူမှုအဖွဲ့အစည်း တာဝန်ရှိသူတွေက ကားအစီး ၁၅၀ ကျော်နဲ့ သွားရောက်ခေါ်ဆောင်ပေမဲ့ အစိုးရတပ်မ ၆၆ လက်အောက် ခံတပ်တွေက သွားခွင့်မပြုဘူးလို့ သတင်းရရှိပါတယ်။
2015-01-17
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင် ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambia ဟာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ရခိုင်အရပ်ဘက်လူမှု အဖွဲ့အစည်း ခေါင်းဆောင်တချို့နဲ့ မနေ့ညနေက စစ်တွေ ဟိုတယ်မှာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။