သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-09-12
ညောင်ဦးမြို့နယ်နဲ့ ပုဂံမြို့သစ်မှာရှိတဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက ဘုရားတချို့ မိုးရွာသွန်းမှုများပြီး ပြိုကျပျက်စီးသွားပါတယ်။
2024-09-12
ကျောက်ဆည်နဲ့ မြစ်သားတို့မှာ စက်တင်ဘာ ၁၁ ရက်က ဇော်ဂျီမြစ်ရေလျှံတာကြောင့် သီးနှံစိုက်ခင်း ၁၈,၆၉၃ ဧက ရေဝင်နစ်မြုပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
2024-09-12
ကျောက်ဖြူမြို့နယ်အတွင်းက ကျေးရွာတွေကနေ တရားမဝင် ရိက္ခာသယ်ယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံခုနစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးထားပါတယ်။
2024-09-12
မဲဆောက်မြို့မှာ ၂၀၂၃ ခုနှစ်က ဖြစ်ခဲ့တဲ့ သက်ငယ်မုဒိမ်းမှုကို ထိရောက်စွာ ချက်ချင်း အရေးယူပေးဖို့ လူပေါင်း တစ်ထောင်ကျော်က NUG ကို အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။
2024-09-12
ထိုင်းနိုင်ငံရှိ တက္ကသိုလ်တွေမှာ ပညာသင်ကြားနေတဲ့ ကာလတို မြန်မာကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာတွေ ပြုလုပ်ပေးတော့မှာ မဟုတ်ပါဘူး။
2024-09-12
နေပြည်တော်မှာ ရေဘေးကြောင့် အတည်ပြုနိုင်တဲ့ သေဆုံးသူ သုံးဦးရှိလာပါတယ်။
2024-09-12
ကရင်နဲ့ ကယားမှာ မိုးများပြီး ရေကြီးရေလျှံတာကြောင့် စစ်ဘေးဒုက္ခသည်စခန်း ခြောက်ခုက နေအိမ် ရှစ်ဆယ်ကျော် ရေထဲမျောပါသွားပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
2024-09-12
သာစည်မြို့နယ်နဲ့ ဝမ်းတွင်းမြို့နယ်က ကျေးရွာပေါင်း နှစ်ဆယ်ကျော် ရေနစ်မြုပ်နေပြီး ကယ်ဆယ်ရေးတွေ လိုအပ်နေပါတယ်။
2024-09-12
ဖားကန့် ဆိုင်းတောင်ရွာက စစ်ကောင်စီတပ်သားနဲ့ ရဲအင်အား ခြောက်ဆယ်ခန့်ရှိတဲ့ ရဲစခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၂ ရက်နေ့ မနက်အစောပိုင်းက သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-09-12
အင်ဒိုနီးရှားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား အနည်းဆုံး ၁၁ ဦးဟာ အဓမ္မအလုပ်စေခိုင်းဖို့အတွက် မြန်မာနိုင်ငံကို လူကုန်ကူးခံထားရပါတယ်။
2024-09-12
ဘိုကလေးမှာ စစ်မှုထမ်း ဥပဒေအတွက် စစ်သားစုဆောင်းမပေးနိုင်တဲ့ ရွာတွေကို ငွေကျပ် သိန်းငါးဆယ်ကျော်အထိ စစ်ကောင်စီဘက်က တောင်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-09-12
ရေကြီးမှုကြောင့် ရမည်းသင်းမြို့နယ်မှာ ၁၀ ဦးနဲ့ ပုသိမ်ကြီးမြို့နယ်မှာ တစ်ဦး၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တို့မှာ တစ်ဦး၊ လယ်ဝေးမှာ တစ်ဦး၊ ရှမ်းပြည်နယ် မိုင်းကိုင်မှာ တစ်ဦး စုစုပေါင်း အမျိုးသား ငါးဦးနဲ့ အမျိုးသမီး ကိုးဦး သေဆုံးခဲ့တာပါ။
2024-09-11
နောင်ချိုမြို့နယ်အတွင်းက တောင်ခမ်းကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။
2024-09-11
စစ်ကိုင်းတိုင်းက မြို့နယ်တစ်ခုမှာ ပအဖ တစ်ဖွဲ့လုံးကို ယာယီရပ်ဆိုင်းထားပြီး စစ်ဆေးမှုတွေလုပ်နေသလို မြို့နယ် ခြောက်မြို့နယ်က ပအဖ အဖွဲ့ဝင်အချို့ကို အစားထိုး ခန့်အပ်သွားမယ်လို့ ပြောပါတယ်။
2024-09-11
စက်တင်ဘာ ၁၁ ရက် နေ့လယ် နှစ်နာရီဝန်းကျင် ခန့်မှန်းချက်တွေအရ နောက်ထပ် ၁၁ နာရီအတွင်းမှာ အမြင့်ဆုံးနေရာကို ရောက်မယ်လို့ ဦးဝင်းနိုင်က RFA ကို ပြောပါတယ်။