သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-13
ရခိုင်အမျိုးသားပါတီ ANPက ရခိုင်အရေး ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတွေက ပြောကြား လိုက်ပါတယ်။
2015-01-13
ပြည်ထောင်စု အစိုးရအနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအပေါ် ဆန္ဒထက်သန်မှု မရှိကြောင်းနဲ့ ၆ ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပေးဖို့ကို ရှောင်ရှားခြင်း မပြုသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္က ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ့အကြီးအကဲတွေနဲ့ မနေ့ကတွေ့ ဆုံရာမှာ ဆွေးနွေးခဲ့တယ်လို့ အန်အယ်လ်ဒီ ပါတီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2015-01-13
ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက "တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကြမ်း" နဲ့ ပတ်သက်ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ၂၈ ဦးနဲ့ နေပြည်တော် ဇမ္ဗူသီရိခန်းမဆောင်မှာ ဒီနေ့ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။
2015-01-13
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Tom Malinowski ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဟာ နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားသူတွေ၊ လူ့အခွင့် အရေးနဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားဆောင်ရွက်သူတွေ နဲ့ ရန်ကုန်မြို့က အမေရိကန်သံရုံးမှာ ဒီကနေ့ တေ့ွဆုံခဲ့ ပါတယ်။
2015-01-13
မွန်ပြည်နယ်၊ ရေးမြို့နယ်က အံဒင်ကျေးရွာ မှာ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ် ဓါတ်အားပေးစက်ရုံ တည်ဆောက်မယ့် စီမံကိန်းနဲ့ ပတ်သက်ပြီး တာဝန်ယူတည်ဆောက်မယ့် တိုယို- ထိုင်းကုမ္ပဏီက တာဝန်ရှိသူတွေက မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ ပြည်နယ်လွှတ်တော် အစည်း အဝေးခန်းမမှာ တွေ့ဆုံခဲ့ပါတယ်။
2015-01-13
"ပြုပြင်ပြောင်းလဲရေး ပြည်သူနဲ့ နီးသလား - ဝေးသလား" ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့ စင်ထရယ်ဟိုတယ် မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2015-01-12
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တချို့ တွေ့မြင်လာခဲ့ရပေမဲ့ မြန်မာနိုင်ငံဟာ အခွင့်အရေးတွေကို လေးစားသမှုရှိတဲ့ ဒီမိုကရေစီနဲ့ အလှမ်းဝေးနေဆဲ၊ သတင်းသမားတွေ ဖမ်းဆီးထောင် ချခံနေရဆဲ ဖြစ်နေတယ်လို့ အမေရိကန်သမ္မတ ဘာရက် အိုဘားမားရဲ့ ကုလသမဂ္ဂသံအမတ် Samantha power ကပြောပါတယ်။
2015-01-12
အကျဉ်းကျနေတဲ့ တပ်မတော် သားဟောင်းတွေ၊ စာနယ်ဇင်းသမားတွေ နဲ့ နိုင်ငံရေးအကျဉ်းသား ၂၂ ဦးအတွက် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းက အလှူငွေ ကျပ်သိန်း ၅၀ ကျော် ကို မိသားစုဝင်တွေထံ ဒီနေ့ ပေးအပ်လှူဒါန်းလိုက်ပါတယ်။
2015-01-12
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ နိုင်ငံတော် အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံထားရတဲ့ အစ္စလာမ်ဘာသာဝင် ၂၀ ဦးထဲက ၁၈ ဦး ကို ထောင်ဒဏ် ၁၄ နှစ်စီ၊ ၁ ဦး ကို ထောင်ဒဏ် ၁၉ နှစ်နဲ့ ၁ ဦးကို ၇ နှစ် ပြစ်ဒဏ်ကျခံ ဖို့ တောင်ကြီးခရိုင်တရားရုံးက ဒီနေ့ အမိန့်ချမှတ် လိုက်ပါတယ်။
2015-01-12
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေဆုံးခဲ့တဲ့ မိုးကြိုးပြင်အလယ် ရွာက ဒေါ်ခင်ဝင်းရဲ့ မိသားစုဝင်တွေက ဆားလင်းကြီး မြို့မရဲစခန်းမှာ လူသတ်မှုနဲ့ သွားရောက်ဖွင့် ထားတဲ့အမှုကို ရဲစခန်းက ယာယီရပ်ဆိုင်းထားကြောင်း အကြောင်းပြန်ကြားတယ်လို့ သိရပါတယ်။
2015-01-12
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ် သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Tom Malinowski ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ကေအိုင်အို နည်းပညာ အကြံပေးအလုပ်အဖွဲ့နဲ့ မြစ်ကြီးနားမြို့မှာ ဒီနေ့ တွေ့ဆုံ ခဲ့ပါတယ်။
2015-01-12
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဌ နှစ်ဦးနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ အပါ အဝင် နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ တိုင်းရင်း သားရေးရာဝန်ကြီးတွေ စုစုပေါင်း ၄၈ ဦးတို့ နဲ့ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-01-12
မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာမှာ တည်ဆောက်မယ့် ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံကို ကန့်ကွက်တဲ့ လက်မှတ် ၄၀၀၀ နီးပါးကို ရေးမြို့ခံတွေက ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်လွှတ်တော်ထံ ဒီနေ့ ပေးပို့လိုက်ပါတယ်။
2015-01-12
ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်က လယ်ယာမြေ အငြင်းပွားမှုကို ကွင်းဆင်း စစ်ဆေး ပါမယ်လို့ ပြည်သူ့လွှတ်တော် မှာ ဆွေးနွေးခဲ့ပေမဲ့ ကွင်းဆင်း မစစ်ဆေး တဲ့အပြင်၊ မူလ ပိုင်ရှင်လယ်သမားနဲ့ သူ့သားနှစ်ဦး ဖမ်းဆီးခံရပြီး၊ ဇနီးဖြစ်သူ မှာလည်း ကျေးရွာအာဏာ ပိုင်တွေက ဖမ်းဆီးမယ် ခြိမ်းခြောက်တဲ့အတွက် တိမ်းရှောင်နေရတယ်လို့ လယ်သမား အကျိုးဆောင် ကွန်ယက်အဖွဲ့ ကပြောပါတယ်။
2015-01-11
ကချင်ပြည်နယ် မြို့အတော်များများမှာ ဒီလ ၈ ရက်နေ့ကစပြီး မိုးကြီးနေ တာကြောင့် ဗန်မော်မြို့နယ်က စိုက်ခင်း ဧက နှစ်ထောင်ကျော် ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရ ပါတယ်။