သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-03-19
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရွာထဲကို မတ်လ ၁၈ ရက်က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အသက်ခြောက်နှစ်အရွယ် စောဖိုးသင်္ကြန် သေဆုံးခဲ့ပါတယ်။
2023-03-19
ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-03-18
NUG ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတစ်ဝန်း မြို့ပေါင်း ၃၃ဝ ထဲမှာ ၂၅ဝ ကျော်ကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားနိုင်ပြီလို့ ပြီးခဲ့တဲ့နှစ်က ပြောထားပါတယ်။
2023-03-18
SNLD ပါတီဟာ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေရာ ၁၂၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၄၂ နေရာမှာ အနိုင်ရခဲ့ပါတယ်။
2023-03-18
မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်တန့်ပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးကြဖို့ ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ် သံအမတ်က တိုက်တွန်းလိုက်ပါတယ်။
2023-03-18
သာကေတ အမှတ် (၂) ရဲစခန်းအနီးမှာ မတ်လ ၁၇ ရက်က ရဲတပ်ကြပ်နှစ်ဦးနဲ့ ရဲတပ်သားသစ်တစ်ဦးတို့ သေနတ်နဲ့ ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးကာ တစ်ဦးက ဒဏ်ရာပြင်းထန်ထန် ရခဲ့ပါတယ်။
2023-03-18
စစ်ကိုင်းမြို့နယ်အတွင်း စစ်ကောင်စီတပ် နယ်မြေရှင်းလင်းရေးလုပ်ခဲ့ပြီး ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။
2023-03-18
မတ္တရာမြို့နယ်မှာ ငါးရက်အတွင်း စစ်ကောင်စီတပ်က ရွာကိုးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။
2023-03-18
ကျောက်ကြီး မုန်းမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က မတ်လ ၁၇ ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ၁၁၆၂ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2023-03-17
ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေဟာ ဒုက္ခသည်တွေ စိတ်ချလက်ချနဲ့ ရေရှည်ပြန်နေလို့ရတဲ့ အနေအထားမဟုတ်သေးဘူးလို့လည်း စတီဗင်ဒူဂျာရက်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
2023-03-17
ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ငါးသိန်းကျော်ပဲရှိတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေး တာဝန်ရှိသူတစ်ဦးက ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာနဲ့ မေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။
2023-03-17
ဆမီးမြို့ရှိ စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော်ကို နေရပ်ပြန်ဖို့ စစ်ကောင်စီက ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
2023-03-17
စစ်တွေမြို့မှ မိန်းကလေးတစ်ဦး နေအိမ်ကပျောက်ဆုံးသွားပြီးနောက် ရိုက်နှက်ခံရလို့ သေဆုံးသွားတယ်လို့ RFA ကို ပြောပါတယ်။
2023-03-17
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားတဲ့ တိုင်းရင်းသားပါတီ ၁၁ ခုအထိ ရှိလာပြီလို့ စစ်ကောင်စီ၊ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
2023-03-17
လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် FITEX ( Myanmar) အထည် ချုပ်စက်ရုံက အလုပ်သမား လေးရာကျော် အလုပ်ထုတ်ခံခဲ့ရပါတယ်။