သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-12-03
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၁၆၈ ဦးကို ဒီဇင်ဘာ ၃ ရက်နေ့က တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
2023-12-03
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာကို ဒီဇင်ဘာ ၃ ရက် နေ့လယ်ပိုင်း စစ်ကောင်စီတပ်သား တစ်ရာကျော် ဝင်ရောက်မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-12-03
မုန်းမြို့ထဲက စစ်ကောင်စီတပ်စခန်းတွေကို (PDF) နဲ့ (KNLA) ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ကို သိမ်းပိုက်ရရှိခဲ့ပါတယ်။
2023-12-03
မူဆယ်မြို့နယ် စယ်လန့်နဲ့ နမ့်ခွန်ရွာမှာ ဒီဇင်ဘာ ၂ ရက်က လေကြောင်းနဲ့ လက်နက်ကြီးကြောင့် လေးလသားအရွယ် ယောက်ျားလေးတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။
2023-12-03
ကုန်းကြမ်းမြို့နယ်မှာ စစ်ကောင်စီတပ်က တစ်ရာနီးပါး သေဆုံးခဲ့တယ်လို့ (MNDAA) က သတင်းထုတ်ပြန်ပါတယ်။
2023-12-02
မုံရွာမြို့နယ် ကျပိုင်ရွာမှာ ဒီဇင်ဘာလ ၂ ရက်က အရပ်သား ၁၁ ဦးကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-12-02
ပေါက်တောမြို့ပေါ်မှာ ပိတ်မိနေတဲ့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ဒေသခံ ၁၃ ဦးကို ဒီဇင်ဘာ ၁ ရက်မှာ လေးကြိမ်မြောက်ကယ်ထုတ်ခဲ့ပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ထားတယ်လို့ AA က မနေ့က ရုပ်သံဖိုင်နဲ့အတူ ထုတ်ပြန်ပါတယ်။
2023-12-02
မြန်မာရေတပ်နဲ့ တရုတ်ရေတပ်တို့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ဒီဇင်ဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ ဆောင်ရွက်ခဲ့ပါတယ်။
2023-12-02
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်အနီးမှာရှိတဲ့ ဆာဘန်းကျွန်းကို ဒီနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ရိုဟင်ဂျာ ၁၇ဝ ခန့် လိုက်ပါလာတဲ့ လှေတစ်စီး ဆိုက်ရောက်လာတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
2023-12-02
ဖမ်းဆီးခံရတဲ့ ရွာသားအားလုံးကို မုံရွာမြို့ အမှတ် (၁) ရဲစခန်းမှာ ချုပ်နှောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်နွှယ်မှု ရှိ၊ မရှိ စစ်ဆေးနေတယ်လို့ သိရကြောင်း ဒေသခံတွေက ဆိုပါတယ်။
2023-12-02
ထီးချိုင့်မြို့မှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပြီးနောက် မြို့ပေါ်နဲ့ မြို့အနီးအနားက ရွာတွေကနေ ထွက်ပြေးခဲ့ရတဲ့ ဒေသခံငါးသောင်းကျော် အခုထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ထီးချိုင့်ဒေသခံတွေက ပြောပါတယ်။
2023-12-02
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့ညက စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-12-02
ဘူးသီးတောင်မြို့ပေါ်မှာ ဒီဇင်ဘာလ ၁ ရက်က စစ်ကောင်စီတပ်သားတွေ ပစ်ခတ်မှုကြောင့် စစ်ဘေးဒုက္ခသည်တစ်ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရခဲ့ပြီး မြို့ခံလေးဦး ဖမ်းဆီးခံလိုက်ရပါတယ်။
2023-12-02
ကော့ကရိတ်နဲ့ ကျုံဒိုးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဟန်းတစ်ပါးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ်။
2023-12-02
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ သီပေါ- လားရှိုး ပြည်ထောင်စုလမ်းမပေါ်က စဉ့်အင်တံတား သုံးလို့မရအောင် ကျိုးကျပျက်စီးသွားခဲ့တယ်လို့ သီပေါနဲ့ လားရှိုးဒေသခံတွေက ပြောပါတယ်။