သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-03-08
အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အမျိုးသမီး ၃၁၂၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းထားပြီး သေဒဏ်ကျခံနေရသူ ၁၁ ဦးနဲ့ ထောင်ဒဏ်တစ်သက်ချမှတ်ခံရသူ ၁၅ ဦးရှိပါတယ်။
2023-03-07
ရာဇဝတ်မှု ကျူးလွန်သူတွေကို တရားရုံးတင်အပြစ်ပေးနိုင်မှသာ မြန်မာစစ်တပ်ကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးထားတဲ့ ယဉ်ကျေးမှုကို အဆုံးသတ်နိုင်မှာ ဖြစ်တယ်လို့လည်း နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ ဗြိတိန်သံအမတ် Rita French က ဆိုပါတယ်။
2023-03-07
နိုင်ငံတကာက အလှူရှင်တွေအနေနဲ့ လက်ရှိကြုံနေရတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေ ပိုဆိုးမလာခင် ဝိုင်းဝန်းကူညီပေးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
2023-03-07
ဒေသခံတွေကန့်ကွက်နေတဲ့ကြားကပဲ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို စစ်ကောင်စီက ဆက်လက်အကောင်အထည်ဖော်နေပါတယ်။
2023-03-07
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ် အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xijun တို့ မတ်လ ၆ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
2023-03-07
ဖားကန့်မြို့နယ် မှန်စိမ်းကျေးရွာအနီးမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်အကြား မတ်လ ၆ ရက်ကစလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ပြောပါတယ်။
2023-03-07
ခင်ဦးမြို့နယ် ကလုံရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာကြောင့် ကလုံရွာအပါအဝင် ကျေးရွာခုနစ်ရွာက အရပ်သား ၈,၀၀၀ နီးပါး ထွက်ပြေးနေရပါတယ်။
2023-03-07
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်တာကြောင့် ရွာခြောက်ရွာက အရပ်သား ၃၁၇၄ ဦး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက မတ်လ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
2023-03-07
(KNU) ထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၅ မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ခုနစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဒေသခံ အရပ်သားသုံးဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ပါတယ်။
2023-03-06
စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာက အရပ်သား ၁၇ ဦး ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်အတွက် မတ်လ ၆ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအပြီး NUG က တိုက်တွန်းခဲ့တာပါ။
2023-03-06
သေဆုံးသူအမျိုးသမီး ၁၅ ဦးထဲက ရှစ်ဦးဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့တာဖြစ်ပြီး သုံးဦးကတော့ မီးရှို့သတ်ဖြတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
2023-03-06
ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်မြို့နယ် မှာ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်လို့ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ရှစ်ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့ပါတယ်။
2023-03-06
မြင်းမူ လက္ကပင်ရွာကို မတ်လ ၅ ရက်မှာ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ဒေသခံ ၅၀ နီးပါးကို ကျေးရွာဘုန်းကြီးကျောင်းထဲမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-03-06
ခင်ဦး မုံလှရွာအနီးမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ရှစ်နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး ကျေးရွာခုနစ်ရွာက အရပ်သားရှစ်ထောင်နီးပါး ထွက်ပြေးနေရပါတယ်။
2023-03-06
ခင်ဦးနဲ့ ကသာမြို့နယ်တွေမှာ ဗုံးသီးပေါက်ကွဲခဲ့တာကြောင့် နှစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။