သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-11-21
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါ ခံစားနေရပြီး ဆေးကုသမှု ခံယူနေရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ဒီကနေ့ ပြောလိုက်ပါတယ်။
2019-11-21
ဒေါက်တာအေးမောင်ကို ထောင်ဒဏ်နှစ် ၂၀ ချမှတ်ပြီး ဖမ်းထားတဲ့အတွက် ရခိုင်နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့မရတော့ဘူး ဆိုတဲ့ အယူအဆ ခိုင်မာလာအောင် အားပေးရာရောက်တယ်လို့ ဒေါက်တာအေးမောင်ရဲ့ သားဖြစ်သူ လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ပြောပါတယ်။
2019-11-21
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ခမရ ၃၇၄ တပ်ရင်းမှူး မိုင်းခွဲတိုက်ခိုက်ခံရတဲ့ နေရာအနီးတဝိုက်ကျေးရွာတွေက ဒေသခံလေးဦးကို တပ်မတော်က ဖမ်းဆီးစစ်ကြောရာမှာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။
2019-11-20
UNESCO ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ဆိုင်ရာ အာရှ-ပစိဖိတ်အုပ်စုမှာ အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံ မနေ့က ရွေးချယ်ခံရပါတယ်။
2019-11-20
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်ရော၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကပါ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်နေတယ်လို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့- AI က ပုံပြရှင်းလင်းချက်တခုကို ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
2019-11-20
တပ်မတော်ကို ဝေဖန်တဲ့စာတွေ ဖေ့စ်ဘွတ်မှာ ရေးတင်လို့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က သမ္မတဦးဝင်းမြင့်ကို တောင်းဆိုလိုက်ပါတယ်။
2019-11-20
မြန်မာနိုင်ငံကို အရေးယူဖို့ ဂမ်ဘီယာနိုင်ငံရဲ့ အမှုဖွင့်တိုင်ကြားချက်နဲ့ ပတ်သက်ပြီး ရင်ဆိုင်ဖြေရှင်းဖို့ နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်သွားရောက်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ပါတယ်။
2019-11-20
သမ္မတအရည်အချင်း သတ်မှတ်ချက်မှာသာမက အစိုးရအဖွဲ့ဝန်ကြီးနဲ့ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ် အရည်အချင်း သတ်မှတ်ချက်မှာပါ မိမိကိုယ်တိုင် နိုင်ငံခြားသားမဖြစ်ဖို့၊ နိုင်ငံခြားသား တစ်ဦးဦးနဲ့ ဆွေမျိုးတော်စပ် ပတ်သက်တာ မဖြစ်ဖို့ ဆိုတဲ့အချက်ကို ဖြည့်စွက်ဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်မှာ တင်ပြလိုက်ပါတယ်။
2019-11-20
၂၁ ရာစုပင်လုံအစည်းအဝေးကို ၂၀၂၀ မတ်လကုန်မှာ ကျင်းပဖို့ NCA အပစ်ရပ် ၁၀ ဖွဲ့ က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်တွေကို ငြိမ်းချမ်းရေး ကော်မရှင်က အဆိုပြုခဲ့ပြီး တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အမြန်ဆုံး စတင်နိုင်ဖို့ နှစ်ဖက်သဘောထား ရရှိခဲ့တယ်လို့ သိရပါတယ်။
2019-11-20
ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်မှာ မိုင်းတိုက်ခိုက်ခံရပြီး တပ်ရင်းမှူး ကျဆုံးခဲ့တဲ့ဖြစ်စဉ်နောက်ပိုင်း ဖမ်းဆီးထားတဲ့ ဒေသခံ လေးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ကျောက်တော်ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။
2019-11-20
တရားရုံးကိုဖိနပ်နဲ့ပစ်ပေါက်ခဲ့ပြီး မီဒီယာတွေကို ပြောကြားခဲ့တဲ့စကားတွေက နိုင်ငံတော်ကို ထိခိုက်တယ်ဆိုပြီး တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်း ကို မန္တလေး ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် နှစ်နှစ် အမိန့်ချမှတ်လိုက်ပါတယ်။
2019-11-20
ချင်းပြည်နယ် ပလက်ဝမြို့နယ် ပကာဝကျေးရွာဘက်မှာ လက်နက်ချခဲ့တဲ့ အရာရှိ နှစ်ဦးအပါအဝင် တပ်မတော်သား ၁၃ ဦးကို ထိန်းသိမ်းထားတယ်လို့ ရက္ခိုင့်တပ်တော် (AA)က ထုတ်ပြန်ပါတယ်။
2019-11-19
ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ မူလတောင်သူတွေကို ပြန်ပေးရမယ့်မြေတွေကို ပြန်မပေးဘဲ နိုင်ငံတော်စီမံကိန်းမြေအဖြစ် ဆောင်ရွက်ဖို့စီစဉ်နေတဲ့အပေါ် သမ္မတရုံး အနေနဲ့ သိရှိခြင်းရှိမရှိ ပြည်သူ့လွှတ်တော်မှာ မေးခွန်းထုတ်လိုက်ပါတယ်။
2019-11-19
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို သပိတ်မှောက်ကြဖို့ Boycott Myanmar Campaign လို့ အမည်ပေးထားတဲ့ လှုပ်ရှားမှုကို ဗြိတိန်အခြေစိုက် ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့က ဦဆောင်ပြီး ဒီဇင်ဘာလ ၉ ရက်နေ့ စတင်မယ်လို့ RFA ကို ပြောပါတယ်။
2019-11-19
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာမှာ ဒီနေ့မနက်က ရွာထဲကို လက်နက်ကြီး ကျည်တစ်လုံး ကျရောက်ပေါက်ကွဲလို့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။