သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-26
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဂျာမဏီနိုင်ငံဆိုင်ရာ ဆွစ်စလန်သံအမတ်ကြီး Christine Schraner Burgener ခရစ်တင်း ရှယားနား ဘာဂီးနာကို ခန့်အပ်လိုက်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် (Antonio Guterres) က ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။
2018-04-26
ဖေ့စ်ဘွတ် Facebook လူမှုကွန်ယက်အဖွဲ့ အရာရှိတစ်ဦးက မြန်မာနိုင်ငံနိုင်ငံဆိုင်ရာလုပ်ငန်းတွေ ကို သူတို့ ပြန်လည်သုံးသပ်မှာဖြစ်တယ်လို့ ဗြိတိန် လွှတ်တော်မှာ မနေ့က ပြောကြားလိုက်ပါတယ်။
2018-04-26
မြန်မာနိုင်ငံကို သွားရောက်ပြီး ကစားမယ့် ဗြိတိသျှ ကလပ်အသင်း Leeds United ဘောလုံး အသင်းကို Bradford က ရိုဟင်ဂျာအဖွဲ့များက မြန်မာနိုင်ငံကို မသွားဖို့ တောင်းဆိုလိုက်ပါတယ်။
2018-04-26
အီးယူ ဥရောပသမဂ္ဂက မြန်မာအပေါ် ချမှတ်ထားတဲ့ လက်နက်အရောင်းအဝယ် ကန့်သတ်ပိတ်ဆို့ အရေးယူထားတာကို ဆက်လက်ထားရှိတဲ့အပြင်၊ စစ်တပ်အရာရှိတချို့ကိုပါ ပိတ်ဆို့အရေးယူဖို့ ပြင်ဆင်နေပါတယ်။
2018-04-26
မြန်မာနဲ့ တရုတ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို အခုထက်ပိုမြှင့်တင်ပြီး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တရုတ်ကွန်မြူနစ်ပါတီတို့ကြားမှာ ပါတီချင်းဆက်ဆံရေး အပြန်အလှန် ဖလှယ်ကြဖို့ ကတိပြုကြတယ်လို့ သိရပါတယ်။
2018-04-26
အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ငြိမ်းချမ်းရေးတွေ့ ဆုံဆွေးနွေးရေး ကော်မတီတို့ရဲ့ တရားဝင် ဆွေးနွေးပွဲ ဒီနေ့ ပထမနေ့ အရင်က သဘောတူထား တဲ့ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် ပူးတွဲစောင့်ကြည့်ရေးကိစ္စတွေ ခိုင်မာဖို့ ဆွေးနွေး ခဲ့ပါတယ်။
2018-04-26
ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် ၂ ယောက်နဲ့ အဲဒီအမှုအတွက် တရားရုံးမှာ သက်သေထွက်ဆိုတဲ့ ဒုရဲမှူး မိုးရန်နိုင်တို့နဲ့ ပတ်သက်ပြီး တရားမျှတမူရှိအောင် ဆောင်ရွက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၆၃ ဖွဲ့က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ အိတ်ဖွင့်ပေးစာတစောင်ကို ဒီကနေ့ ပေးပို့လိုက်ပါတယ်။
2018-04-26
တနင်္သာရီတိုင်းဒေသကြီးအတွင်း တိုင်းအစိုးရကချပေးထားတဲ့ မြေတွေထဲက မစိုက်ပျိုးနိုင်တော့တဲ့ အတွက် ပြန်သိမ်းဆည်းထားတဲ့ မြေဧက တစ်သိန်းခွဲကို စိုက်ပျိုးလုပ်ကိုင်သူတွေအနေနဲ့ မြေလွတ်မြေရိုင်းဥပဒေနဲ့အညီ လာရောက်လျှောက်ထားနိုင်တယ်လို့ တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးက ပြောပါတယ်။
2018-04-26
လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်တာကို ၈ဝ ရာခိုင်နှုန်းလောက် ထိန်းချုပ်နိုင်ပေမယ့် မီးခိုးတွေမထိန်းနိုင်သေးတဲ့အတွက် ထိုင်းနိုင်ငံက Biofoam မီးသတ်ဆေးတွေကို မှာယူထားတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
2018-04-26
တပ်မတော် အရာရှိ ၄ ဦးအပါအဝင် အရပ်သား ၁၁ ဦးကို တရားမဝင်ကားတင်သွင်းတဲ့အတွက် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ နယ်မြေရဲစခန်းမှာ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ အရေးယူထားပါတယ်။
2018-04-26
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး အမှုတွေအပါအဝင် NLD ပါတီက အမှုတွေကို လိုက်ပါဆောင်ရွက်ပေးခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင် အသက် ၈၆ နှစ်အရွယ်ရှိ ရှေ့နေ ဦးကြည်ဝင်းဟာ မနေ့က မနက်အစောပိုင်းမှာ ကွယ်လွန်ခဲ့ပါတယ်။
2018-04-26
မြန်မာနိုင်ငံကို ရှေ့လအတွင်း သွားရောက်ဖို့ရှိတဲ့ ဗြိတိသျှ ဒုတိယတန်းကလပ်က Leeds ဘောလုံးအသင်းကို နိုင်ငံရေးသမားများ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန် တာကြောင့် ဘောလုံးအသင်းပိုင်ရှင်က ဒီခရီးစဉ်ကြောင့် အကောင်းဘက် ရိုက်ခတ်မှုတွေ ရှိနိုင်ပါတယ်လို့ ပြန်လည်ခြေပပါတယ်။
2018-04-26
နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ RSF က၊ ၂ဝ၁၈ ခုနှစ်အတွက် ကမ္ဘာ့ သတင်းလွှတ်လပ်ခွင့် ညွှန်းကိန်းကို ဧပြီလ ၂၅ရက်နေ့၊ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ရာမှာ နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံဟာ အဆင့် ၁၃၇ ဖြစ်ပြီး မနှစ်ကထက် ၆ ဆင့် ပိုပြီး နိမ့်ဆင်းသွားပါတယ်။
2018-04-26
ဥရောပနိုင်ငံများအဖွဲ့ EU ရုံးဆိုက်ရာ ဘရပ်ဆဲလ်မြို့က မနေ့က လာတဲ့သတင်းအရ မြန်မာနိုင်ငံ အပေါ် လက်နက်ရောင်းဝယ်မှုပိတ်ပင်တဲ့ ပြဌာန်းချက်ကို EU ကနောက်ထပ်တနှစ် သက်တမ်းတိုးမယ်လို့ သိရပါတယ်။
2018-04-26
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် (Antonio Guterres) က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်အဖြစ် လက်ရှိ ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး ခရစ်တင်း ရှယာနာ ဘာဂနာ (Christine Schraner Burgener) ကို ခန့်အပ်ပါလိမ့်မယ်။