သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-02-23
စစ်တပ်က လေကြောင်းတိုက်ခိုက်မှာကို စိုးရိမ်လို့ မြစ်စပ်မှာ ရွှေ့ပြောင်းနေကြတာလို့ လေးကေ့ကော်ဒေသ စစ်ဘေးဒုက္ခသည်စခန်းက အမျိုးသမီးတစ်ဦးက ပြောပါတယ်။
2023-02-23
ကောလင်းမြို့နယ်က ဒေသခံ ၂၀ ကို စစ်ကောင်စီတပ် ဖမ်းဆီးသွားပြီးနောက် ဒီနေ့အထိ အဆက်အသွယ်မရဘဲ ပျောက်နေပါတယ်။
2023-02-23
ဖားကန့်မြို့ပေါ်က ဆန်ဆိုင်နဲ့ စက်သုံးဆီဆိုင်တွေ အကုန်နီးပါး ပိတ်ထားရပြီး၊ ရပ်ကွက်ထဲက ဈေးဆိုင်တွေမှာလည်း လိုသလောက် ဝယ်ယူလို့မရဘူးလို့ ဆိုပါတယ်။
2023-02-23
ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းရွာဒေသခံ ၁၀၀ ကျော်ဟာ နှစ်ဖက်တိုက်ပွဲကြောင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကစလို့ ထိုင်းနိုင်ငံ ရနောင်းခရိုင်ထဲကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
2023-02-23
ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတာ ၃ လနီးပါးကြာတဲ့အထိ မိသားစုနဲ့ တစ်ကြိမ်တစ်ခါမှ တွေ့ဆုံခွင့် မရသေးပါဘူး။
2023-02-23
လှည်းကူးမြို့ ရိပ်သာရပ်ကွက်မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၈ နာရီက အသက်သုံးနှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လူငါးဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
2023-02-23
နိုင်ငံတစ်ဝန်းက နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေကို လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ပြန်ဖွင့်ဖို့ စစ်ကောင်စီဘက်က အသိပေးလာပါတယ်။
2023-02-22
မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ကြိုးပမ်းမှုကို EU ဥရောပသမဂ္ဂက ထောက်ခံကြောင်း အဖွဲ့ဝင်တစ်ဦးက ပြောကြားလိုက်ပါတယ်။
2023-02-22
အဲဒီထဲမှာ မြန်မာနိုင်ငံက ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC တို့လည်း တင်သွင်းခံထားရပါတယ်။
2023-02-22
UWSA ပြောခွင့်ရှိသူ ဦးညီရန်းက "တွေ့ကြတာ မှန်ပါတယ်။ အဓိကက မြန်မာပြည် ငြိမ်းချမ်းရေးအတွက် တိုက်တွန်း ဆွေးနွေးတာပါ" လို့ RFA ကို ပြောပါတယ်။
2023-02-22
အာဆီယံဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ အမျိုးသားအဆင့်တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံသွားမယ်လို့ ဆိုပါတယ်။
2023-02-22
စစ်ကိုင်းတိုင်း ရွှေဘို၊ အရာတော်နဲ့ ဝက်လက်မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးနယ်မြေတွေအဖြစ် စစ်ကောင်စီက ဖေဖော်ဝါရီ ၂၂ ရက်ညမှာ ထပ်တိုး ကြေညာလိုက်တာပါ။
2023-02-22
ရန်ကုန်တိုင်းအတွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာဖို့အတွက် ဆက်လက် ကြိုးစားသွားမယ်လို့ ပြောလိုက်ပါတယ်။
2023-02-22
ကန့်ဘလူမြို့နယ်ထဲက ရွာလေးရွာကို စစ်ကောင်စီတပ်က သုံးရက်အတွင်း ဝင်ရောက်စီးနင်း မီးရှို့တာကြောင့် နေအိမ် ၂၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-02-22
အင်းတော်မြို့နယ်နဲ့ ခင်ဦးမြို့နယ်တွေမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သား ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။