သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-11-23
စတုတ္တအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံကို ဒီဇင်ဘာလကုန်ပိုင်း (ဒါမှမဟုတ်) လာမယ့် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှသာ ကျင်းပနိုင်တော့မှာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီနေ့ ပြောကြားလိုက်ပါတယ်။
2018-11-23
တစ်နိုင်ငံလုံးက ကျောင်သားကျောင်းသူ အယောက် ၈၀ ခန့် တက်ရောက်ဆွေးနွေးခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (အသွင်တူဆောင်ရွက်ခြင်း) ကနေ ရရှိလာတဲ့ အချက် ၉ ချက်ကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ထံကို ပေးပို့သွားမယ်လို့ သိရပါတယ်။
2018-11-23
ကမန်တိုင်းရင်းသား မဟုတ်သူတွေ ကမန်အမည်ခံပြီး နိုင်ငံသားစိစစ်ရေးကတ် ရယူနေတာတွေ ရှိနေတဲ့အတွက် ကမန်တိုင်းရင်းသား အရေအတွက်နဲ့ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးထား မှုတွေကို ပြန်လည်စစ်ဆေးဖို့ ရခိုင်တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်တွေကို အစိုးရတာဝန်ရှိ သူတွေက လက်ခံသဘောတူခဲ့ပါတယ်။
2018-11-23
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ-နမ့်လန်လမ်းပိုင်း စယ်ခံကျေးရွာအုပ်စု နားလော့ရွာမှာ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP)နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်တွေ ဒီနေ့မနက်က ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် လေးတန်းကျောင်းသား ကလေးငယ် ၁ ဦးနဲ့ အမျိုးသား ၂ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပါတယ်။
2018-11-23
တပ်မတော်က ဖမ်းဆီးသွားတဲ့ ကွတ်ခိုင်မြို့နယ် ပန်ကူရွာ ဒုက္ခသည်စခန်းက ကလေးအမေ အပါအဝင် ၅ ဦးကို နိုဝင်ဘာလ ၂၂ ရက် မနေ့က ည ၈ နာရီ ဝန်းကျင်မှာ ပြန်လွှတ်ပေးလိုက် ပါတယ်။
2018-11-23
မန္တလေးမြို့အတွင်းမှာ ပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘဝ လုံခြုံမှု ကင်းမဲ့နေတယ်လို့ ပြည်သူတွေ အနေနဲ့ စိုးရိမ်နေကြကြောင်း မန္တလေးမြို့ အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက သတိပေး လိုက်ပါတယ်။
2018-11-23
ရိုက်တာ သတင်းထောက်နှစ်ဦးနဲ့ ဒီအမှုမှာပါဝင်ပတ်သက်ခဲ့တဲ့ ဒု-ရဲမှူး မိုးရန်နိုင်တို့ အကျဉ်းထောင်က ပြန်လည်လွတ်မြောက်ရေးအတွက် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ တင်ပြလိုက်ပါတယ်။
2018-11-23
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာရှိတဲ့ ဗင်းတေ့ချ် (Vitage) ငါးအမှုန်ကြိတ်စက်ရုံဟာ ငါအပုတ်တွေနဲ့ လုပ်ကိုင်နေတာကို စစ်ဆေးတွေရှိတာကြောင့် တိုင်းစည်ပင်ဥပဒေအရ ပိတ်သိမ်းဖို့ မနေ့က မြို့နယ်စည်ပင်ယာရေးကော်မတီက ဆုံးဖြတ်လိုက်ပါတယ်။
2018-11-23
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ကံကြမ္မာအတွက် သိပ်ကိုစိုးရိမ်ကြောင်း အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီး Simon Coveney က ပြောဆို လိုက်ပါတယ်။
2018-11-22
ဘင်္ဂလားပင်လယ်အော် ဒေသတွင်းနိုင်ငံတွေရဲ့ နည်းပညာနဲ့စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (BIMSTEC) အဖွဲ့ဝင်နိုင်ငံတွေအကြား လာမယ့် ၂ဝ၁၉ ခုနှစ်နောက်ဆုံးထားပြီး လွတ်လပ်စွာကုန်သွယ်ရေးစနစ် စတင်ကျင့်သုံးဖို့ သဘောတူလိုက်ကြပါတယ်။
2018-11-22
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာမွတ်စလင်တွေကို ပြန်ပိုမယ့်အစီအစဉ်မှာ သူတို့ုကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ အာမခံချက် ပါဝင်ရမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ကြေညာချက်ထုတ်ပြန် ပြောလိုက်ပါတယ်။
2018-11-22
ကချင်ပြည်နယ် ကျောက်စိမ်းတွင်းဒေသ ဖားကန့်မြို့နယ်မှာ လှိုဏ်ဖောက်ပြီး တူးဖော်ရတဲ့ ခေါင်းငုံ့ကျင်း တူးဖော်လုပ်ကိုင်ခွင့် ၆၀ ခုနဲ့ မြေဇာပစ်လမ်းကြောင်း ဖောက်လုပ်ခွင့် ၂၇ ခုကို ခွင့်ပြုသင့်ကြောင်း ပြည်ထောင်စုအစိုးရကို ပေးပို့တင်ပြသွားမယ်လို့ လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအားတီယောဟန် က ပြောပါတယ်။
2018-11-22
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်ကူကျေးရွာ ဒုက္ခသည်စခန်းကနေ အစိုးရစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ စစ်ပြေးဒုက္ခသည် ၅ ဦးဟာ ဒီကနေ့အထိ ပြန်ရောက်မလာကြသေးဘူးလို့ စခန်းတာဝန်ခံ ဦးသိန်းအောင် က RFA ကို ပြောပါတယ်။
2018-11-22
တခြားဘာသာဝင်တွေရဲ့ ပွဲတော်ကို အခုလိုတားမြစ်ပိတ်ပင်တာဟာ လူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်သလို ဒီလုပ်ရပ်ဟာ ဥပဒေမဲ့ လုပ်ရပ်လည်း ဖြစ်တယ်လို့ လူ့အခွင့် အရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင် က RFA ကို ဒီနေ့ ပြောလိုက်ပါတယ်။
2018-11-22
ရခိုင်ပြည်နယ် မောင်တောမြို့က ဒုက္ခသည်စခန်းမှာနေထိုင်နေရတဲ့ ဟိန္ဒူဒုက္ခသည် ၁၂၀၀ ကျော်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနက ရက်သတ္တနှစ်ပတ်စာ ဆန်၊ ဆီ၊ ဆား စတဲ့ စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။