သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-08-08
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးအောင်မြင်မှုရနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့နဲ့အတူ ရပ်တည်တိုက်ပွဲဝင်မယ်လို့ (PNFC)၊ (PNLO) နဲ့ (NMSP-AD) တို့က ထုတ်ပြန်ပါတယ်။
2024-08-08
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲအတွက် အကြိုညှိနှိုင်းဆွေးနွေးမှုကိုတွေ လာမဲ့ သြဂုတ် ၂၁ ရက်နဲ့ ၂၂ ရက်နေ့ နှစ်ရက်ကြာ နေပြည်တော်မှာ ပြုလုပ်သွားမယ်လို့ နိုင်ငံရေးပါတီတွေက RFA ကို အတည်ပြုပြောပါတယ်။
2024-08-08
ရုရှားနိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား မိတ်ဖက်ဆက်ဆံရေးအတွက် ဆက်ဆံရေး ညှိနှိုင်းရေးမှူးတာဝန် ယူမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၅၇ နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့အတွက် ပေးပို့တဲ့သဝဏ်လွှာမှာ ဖော်ပြပါတယ်။
2024-08-08
လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) သိမ်းပိုက်မှုဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကြီးမားတဲ့အောင်မြင်မှုဖြစ်တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
2024-08-08
ဒေါ်လာဈေးဟာ ဩဂုတ် ၈ ရက်မနက်မှာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၅၅၀၀ ကျပ်အထိရှိလာပြီး မြန်မာကျပ်ငွေတန်ဖိုးလည်း ဆက်တိုက်ကျဆင်းနေတယ်လို့ နိုင်ငံခြားငွေလဲလှယ်ရေး လုပ်ငန်းလုပ်သူတွေက ပြောပါတယ်။
2024-08-08
မန္တလေးတိုင်း၊ ပြင်ဦးလွင်ကနေ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ဘက်ကို သွားလာတဲ့ လမ်းတွေကို စစ်ကောင်စီက သြဂုတ် ၇ ရက်နေ့မှာ ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-08-07
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ပါတီကိုဖျက်သိမ်းဖို့ တညီတညွတ်တည်း မဲခွဲဆုံးဖြတ်တာပါ။
2024-08-07
ဝန်ကြီးချုပ် ရှိတ်ဟာစီနာ အိန္ဒိယကို ထွက်ပြေးရတဲ့အထိ နိုင်ငံအုံကြွမှုကို ဦးဆောင်တဲ့ကျောင်းသားတွေက သူ့ကို ကြားဖြတ် အစိုးရခေါင်းဆောင် အဖြစ်ခန့်အပ်ဖို့ တောင်းဆိုတာလည်း ဖြစ်ပါတယ်။
2024-08-07
ရိုဟင်ဂျာတွေသေဆုံးခဲ့ရတဲ့ နေရာဟာ AA ထိန်းချုပ်နယ်မြေမဟုတ်ကြောင်းနဲ့ သေဆုံးတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေပြီး အမြန်ဆုံး ထုတ်ပြန်ပေးသွားမယ်လို့လည်း AA က ပြောပါတယ်။
2024-08-07
ဩဂုတ်လ ၆ ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားခုနစ်ဦးသေဆုံးသလို ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ်လို့ ဆိုပါတယ်။
2024-08-07
နိုင်ငံတစ်ဝန်း လူ ၁၃ သန်းကျော်စားနပ်ရိက္ခာ မဖူလုံဘဲ ရေလွှမ်းမိုးတာက ကူကယ်ရာမဲ့ သူတွေအတွက် ပိုဆိုးဝါးစေတယ်လို့ ဆိုပါတယ်။
2024-08-07
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် လှေတစ်စင်း ဩဂုတ် ၆ ရက်နေ့က နတ်မြစ်ထဲမှာ နစ်မြုပ်သွားတာကြောင့် ကလေးတွေအပါအဝင် ဆယ်ဦးထက်မနည်း သေဆုံးသွားပါတယ်။
2024-08-07
သီပေါနဲ့ ကွတ်ခိုင်မြို့တို့ကို စစ်ကောင်စီတပ်က ဩဂုတ် ၆ ရက်နဲ့ ၇ ရက် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-08-07
ဗန်းမော်မြို့နယ်နဲ့ မိုးမောက်မြို့နယ်တွေမှာ ဩဂုတ်လ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ တစ်ပတ်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သားငါးဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-08-07
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် စစ်ဘေးဒုက္ခသည် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး လူသုံးထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။