သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-11-29
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၂၆ ရက်နေ့က စစ်ကောင်စီတပ် ဒရုန်းနဲ့ပစ်ခဲ့တာကြောင့် ဒေသခံ နှစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ဘုန်းကြီးကျောင်းတစ်ခုလည်း မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2023-11-29
ကွတ်ခိုင်မြို့နယ် ကာလိုင်လမ်းခွဲအနီးမှာရှိတဲ့ တုံဆင်လေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ် တစ်ဦးအပါအဝင် မိသားစုဝင် သုံးဦးသေဆုံးခဲ့ပါတယ်။
2023-11-29
မတူပီမြို့နယ်၊ ရေဇွာမြို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ တပ်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ နိုဝင်ဘာလ ၂၉ ရက် ဒီနေ့မနက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ (CDF) ဇိုတုန်ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောပါတယ်။
2023-11-29
ကျောက်ဖြူမြို့မှာ စစ်ကောင်စီတပ်က သွားလာခွင့်ကန့်သတ်ထားတာကြောင့် ရိက္ခာဆန်ပြတ်လပ်နေပြီး အခြေခံလူတန်းစားအချို့ဟာ ပရဟိတအဖွဲ့တွေကူညီတဲ့ အလှူခံဆန်ကို စားနေကြရတယ်လို့ ကျောက်ဖြူမြို့ခံတွေက ပြောပါတယ်။
2023-11-29
မတူပီမြို့နယ်၊ လိုင်လင်းပီမြို့သိမ်း တိုက်ပွဲအတွင်း စခန်းစွန့်ခွာ ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်သား သုံးဆယ်ခန့် အိန္ဒိယနိုင်ငံဘက်ကို လက်နက်ချခိုလှုံခဲ့ပါတယ်။
2023-11-29
ရွှေဘိုမြို့နယ်၊ သူဇာရပ်ကွက်ရှိ ညမွှေးပန်း KTV မှာ လုံခြုံရေးတပ်ဖွဲ့နဲ့ ဆိုင်ကိုလာရောက်တဲ့ လူငယ်တွေကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး လူငယ်လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-11-29
လောက်ကိုင်မြို့မှာ တိုက်ပွဲကြားပိတ်မိနေတဲ့ မလေးရှားနိုင်ငံသား ၁၂၇ ဦးကို ကယ်ဆယ်ထားပြီးဖြစ်တယ်လို့ မလေးရှားအစိုးရကပြောကြောင်း AP သတင်းဌာနက နိုဝင်ဘာ ၂၈ ရက်နေ့က ဖော်ပြပါတယ်။
2023-11-28
၁၁၁၁ စစ်ဆင်ရေးစတဲ့ လဝက်ကျော်အတွင်း ကယားပြည်နယ်မှာ အရပ်သား ၈၀ နီးပါး သေဆုံးခဲ့ပါတယ်။
2023-11-28
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်က စစ်ကောင်စီတပ် တပ်စွဲထားတဲ့ နေရာတွေကို PDF ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်နေပါတယ်။
2023-11-28
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က ရွှေပြည်အေးမြို့အပြင် စစ်ကောင်စီ တပ်စခန်းသုံးခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2023-11-28
နိုဝင်ဘာ ၂၇ ရက်နေ့မှာတင် တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား ၅၅၃ ဦးကို တရုတ်နိုင်ငံကို ပြန်လွှဲခဲ့တယ်လို့ ဆိုပါတယ်။
2023-11-28
ကက်သလစ်ခရစ်ယာန်တွေ အထွတ်အမြတ်ထားတဲ့ ဘုရားကျောင်းဝင်းထဲမှာ တပ်စွဲထားတာကြောင့် ဝမ်းနည်းရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
2023-11-28
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာဟာ၊ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှု အကျပ်အတည်းကို ဖြစ်စေရုံတင် မကဘဲ၊ မြန်မာပြည်သူတွေဟာ ရာသီဥတု အပြောင်းအလဲရဲ့ ဒဏ်ကြောင့် ပိုပြီးထိခိုက်လွယ်တဲ့ အခြေအနေကို ဖြစ်စေတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ပြောလိုက်ပါတယ်။
2023-11-28
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဝါးရှီးလာရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် သုံးဦးသေဆုံးပြီး၊ နောက်ထပ် ခုနစ်ဦး ဒဏ်ရာရခဲ့တယ်။
2023-11-28
ကယားပြည်နယ် (ကရင်နီပြည်)၊ လွိုင်ကော်မြို့မှာ နိုဝင်ဘာလ ၂၇ ရက်မနေ့က လက်နက်ကြီးကြောင့် နေအိမ်တချို့ မီးလောင်ခဲ့သလို နိုဝင်ဘာလ ၂၂ ရက်ကနေ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်မှုကြောင့် (၁၂) နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သားခုနစ်ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။