သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-06
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန်အနောက်ဘက်ခြမ်း ငါးမိုင်ခန့်အကွာက ညောင်ရွှေမြို့နယ်၊ သန်းထောင်ရွာနဲ့ ဘုရားနီရွာအနီးမှာ ဇန်နဝါရီလ ၃ ရက်နေ့က စစ်ကောင်စီတပ်နဲ့ PDF အမှတ် ၁၀၀၉ တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားပြီး PDF သုံးဦးသေဆုံးကာ တစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-06
စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နဲ့ ညောင်ပင်ကြီးရွာသွား ကားလမ်းပေါ် လမ်းတလျှောက်ရှိ ရွာပေါင်း ၂၀ ဝန်းကျင်က လူတစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-06
၂၂ ခုနှစ် တစ်နှစ်အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အနေနဲ့ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေအတူ ကယား (ကရင်နီ)ပြည်နယ်မှာ တိုက်ပွဲပေါင်း ၃၄၁ ကြိမ် ဖော်ဆောင်နိုင်ခဲ့တယ်လို့ KNDF က ဇန်နဝါရီလ ၆ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2023-01-06
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့က ချောင်းဆုံ (တ) ကျေးရွာကို အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုဟာ ဒီနေ့ မနက် ၉ နာရီ ဝန်းကျင်မှာ ရွာထဲကို ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-05
တွေ့ဆုံဆွေးနွေးတဲ့အထဲမှာပါဝင်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဆုကတော့ လက်ရှိအချိန်မှာ အစိုးရနဲ့လွှတ်တော်မရှိသေးတာကြောင့် ဒီကိစ္စတွေ အကြေအလည်ဆွေးနွေးနိုင်ဖို့ အချိန်ထပ်ယူရဦးမယ်လို့ RFA ကို ပြောပါတယ်။
2023-01-05
ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားရတဲ့ မြန်မာနိုင်ငံဘက်က မူဆယ်မြို့နဲ့ တရုတ်နိုင်ငံ ကျယ်ဂေါင်အကြား နယ်စပ်ဂိတ်သုံးခုကို ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီလ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
2023-01-05
ညောင်ပင်သာ ကျေးရွာအုပ်စုက ငှက်ပျောတောရွာ၊ တာဟိုးနားကျေးရွာအုပ်စုက တာဟိုးနား ကျေးရွာအနီးကို မြစ်ကြီးနား လေတပ်စခန်းက တိုက်လေယာဉ် သုံးစင်းနဲ့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် ကိုမျိုးသက်ကျော် ဦးခေါင်းပွင့်ထွက်သေဆုံးခဲ့တယ်လို့ ရုပ်လောင်းကို သွားရောက်ကြည့်ရှုခဲ့တဲ့ မျက်မြင်တစ်ဦးက ပြောပါတယ်။
2023-01-05
ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စောမြ၊ ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ဟာ မနေ့မနက်ပိုင်းက စစ်ကောင်စီက ဦးဆောင်ကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားကအပြန် စက်ရုံစုရပ်ကွက် ဆီတန်းလမ်းမပေါ်မှာ ပစ်သတ်ခံလိုက်ရတာပါ။
2023-01-05
လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ဇန်နဝါရီ ၄ ရက်နေ့မှာပဲ နိုင်ငံတစ်ဝန်းမှာရှိတဲ့ နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၂၂ ဦးကို စစ်ကောင်စီက ထပ်မံ ဖမ်းဆီးလိုက်တယ်လို့ နိုင်ငံရေး အကျဉ်းသားများရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2023-01-05
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဇန်နဝါရီလ ၂ ရက်နေ့ ညနေ ၆ နာရီခန့်က ကျွန်းချောင်းရွာနဲ့ ကဇွန်းမရွာကြားမှာ PDF တပ်ဖွဲ့ဝင်ကိုးဦး ပစ်ခတ်ခံရလို့ သေဆုံးပြီး နှစ်ဦးဖမ်းဆီးခံရတယ်လို့ ဆိပ်ဖြူ ဘာမထီ ပြည်သူကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
2023-01-05
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးအခြေစိုက် တပ်စခန်းသုံးခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ဇန်နဝါရီလ ၄ ရက် မနေ့မနက်ပိုင်းက စတင်တိုက်ခိုက်ခဲ့ပြီး ဒီနေ့ ဇန်ဝါရီ ၅ ရက်မနက်ပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KNU/KNLA တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2023-01-05
မင်းရွာ အထက်တန်းကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ရွာခံတွေဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် ဦးငြိမ်း၊ အသက် ၂၇ နှစ်အရွယ် ကိုသောင်းတန်၊ ၂၅ နှစ်အရွယ် ကိုဇော်ထွေးတို့ကို ဒီဇင်ဘာလ ၃ ရက် နေ့လယ်က စစ်ဆေးမေးမြန်းစရာ ရှိတယ်ဆိုပြီး ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
2023-01-05
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာနားမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ဇန်နဝါရီ ၃ ရက်နေ့က စစ်သုံ့ပန်းချင်း လဲလှယ်ခဲ့တယ်လို့ ဒေသခံမျက်မြင်တွေက RFA ကို ဒီကနေ့ ပြောပါတယ်။
2023-01-04
“လွတ်ရက်စေ့လို့တော့ မဟုတ်ဘူး။ သူတို့လျှော့ပေးတဲ့ လျှော့ရက်နဲ့ လွတ်လာတာပါ။ တခြားသတင်းထောက်တွေ အင်းစိန်ထောင်ကနေ လွတ်တာမရှိပါဘူး။ သတင်းသမားတွေ အကျဉ်းကျခံနေရဆဲဖြစ်လို့ လွတ်မြောက်လာတဲ့အပေါ် အပြည့်အဝမပျော်နိုင်ပါဘူး” လို့ မသူဇာက ပြောပါတယ်။
2023-01-04
အာဏာသိမ်းပြီးချိန်ကစလို့ တစ်နှစ်ခွဲကျော်ကြာအောင် အင်တာနက်လိုင်းအပိတ်ခံထားရတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာလည်း မနေ့ကစပြီး အင်တာနက်ပြန်သုံးလို့ရနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။