သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-10-27
ကယားပြည်နယ်မှာ ဒီးမော့ဆိုမြို့နယ်မှာ နယ်သာလန်နိုင်ငံ ကုမ္ပဏီတစ်ခုရဲ့ ဝက်မွေးမြူရေး စီမံကိန်းကထွက်လာတဲ့ စွန့်ပစ်အညစ်အကြေးကြောင့် ရေရှည်မှာ ရေအရင်းအမြစ်တွေ ပျက်စီးသွားမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။
2020-10-27
ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ပေါက်တော၊ စစ်တွေ၊ အမ်း၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ် ရှစ်ခုမှာ စစ်ဘေးဒုက္ခသည်အိမ်ထောင်စု ၃၀၀၀ ကျော် အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က စားနပ်ရိက္ခာအတွက် ငွေကြေးထောက်ပံ့ရာမှာ အကူအညီဖြစ်စေဖို့ မိုဘိုင်းဖုန်းတွေကို အခုလကစပြီး အခမဲ့ငှားရမ်းဖို့ စီစဉ်နေတယ်လို့ WFP ကပြောပါတယ်။
2020-10-27
ဒီမိုကရေစီအစိုးရ နှစ်ဆက်ရဲ့ လုပ်ဆောင်ချက်တွေကို ချိန်ထိုးပြီး စဉ်းစားမဲပေးကြဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော် သားတွေနဲ့ တပ်မိသားစုဝင်တွေကို တိုက်တွန်းလိုက်ပါတယ်။
2020-10-26
လာမယ့် နိုဝင်ဘာလ (၈) ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲကျင်းပမယ့်နေ့မှာ မလိုအပ်ပဲ အိမ်ပြင်မထွက်ရ stay-at-home အမိန့်ကို ပယ်ဖျက်ပေးမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။
2020-10-26
ရခိုင်ပြည်နယ်ထဲက တချို့မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲ ကျင်းပခွင့်ရအောင် တောင်းဆိုသွားမယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ပြောလိုက်ပါတယ်။
2020-10-26
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မြန်မာနိုင်ငံသား ငါးဦးဆီကနေ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးနောက်ပိုင်း မြဝတီ-မဲဆောက် ကုန်သွယ်ရေး ယာယီပိတ်ထားခဲ့ရာကနေ အောက်တိုဘာ ၂၆ ရက်နေ့မှာ ပြန်ဖွင့်လိုက်ပါတယ်။
2020-10-26
နိုင်ငံရေးပါတီ ငါးပါတီက ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်မယ့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ မွန်ညီညွတ်ရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD တို့ အားပြိုင်မှု ပြင်းထန်နေပါတယ်။
2020-10-26
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အစကနေ အဆုံးတိုင် ပြန်လည်ပြင်ဆင်ရေး၊ စစ်အာဏာရှင် တိုက်ဖျက်ရေးနဲ့ လူမျိုးကြီးဝါဒ တိုက်ဖျက်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး က ပြောပါတယ်။
2020-10-26
ဝိုင်းမော်မြို့မှာ ဒေသခံ ရှမ်းတိုင်းရင်းသားတွေ သဘောထားမပါဘဲ တည်ဆောက် တပ်ဆင်နေတဲ့ မနောတိုင် အမှတ်အသားပါ ဆိုင်းဘုတ်တွေဟာ အတူယှဉ်တွဲနေထိုင် တဲ့ ရှမ်းနဲ့ ကချင် တိုင်းရင်းသားတွေကြား သွေးကွဲစေတယ်ဆိုပြီး ဒေသခံတွေက ကန့်ကွက်ခဲ့ပါတယ်။
2020-10-26
နေအိမ်မှာ နေထိုင်ရေး သတ်မှတ်ထားတာ တစ်လကျော်လာတဲ့ ရန်ကုန်တိုင်းမှာ နောက်ဆက်တွဲ ရင်ဆိုင်ရတာကတော့ အလုပ်အကိုင် ပျက်ယွင်း၊ ဝင်ငွေ ထိခိုက်ပြီး စားရေးသောက်ရေး အခက်တွေ့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။
2020-10-25
ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တပ်ရင်း ၅ က ဖမ်းခေါ်သွားခဲ့တယ်ဆိုတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာ ဒေသခံသုံးဦး အောက်တိုဘာ ၂၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
2020-10-24
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့က အက်ဆစ်နဲ့ အပက်ခံရခဲ့ရတဲ့ ဖြစ်စဉ် အတွက် အဓိကကျတဲ့ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ နဲ့ ဖွင့်ထားတဲ့အမှုဟာ ဖြစ်စဉ် စဖြစ်တဲ့နေ့ကနေ တစ်နှစ်ပြည့်သွားတဲ့ ဒီနေ့အချိန်အထိ တရားခံကိုလည်း မမိသေးသလို အမှုစုံစမ်းမှုလည်း ထူးခြားမှုမရှိသေးပါဘူး။
2020-10-24
နိုင်ငံတဝှမ်းက မြို့နယ်ပေါင်း ၃၃၀ ထဲမှာ မြို့နယ် ၂၇၁ မြို့နယ်က လုံခြုံစွာမဲပေးဖို့ တပ်မတော်ဘက်က အာမခံပြီး လုံခြုံရေးစီမံချက်တွေလုပ်ပြီး မဲပေးနိုင်တဲ့ မြို့နယ်၂၀နဲ့ လုံခြုံရေးအားနည်းတယ်လို့ သုံးသပ်တင်ပြခဲ့တဲ့ မြို့နယ်ပေါင်း ၃၉ မြို့နယ်ရှိတယ်လို့ အကြံပြုတင်ပြခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
2020-10-23
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရုပ်သားကျေးရွာက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အသက် ၅၂ နှစ်အရွယ် ဦးမောင်ကျော်သန်းဟာ တပ်မတော်စစ်ကြောရေးစခန်းက ရလာတဲ့ အတွင်းဒဏ်ရာတွေနဲ့ ရဲစခန်းအချုပ်မှာရောက်နေပြီး၊ ဆရာဝန်နဲ့ပြသခွင့်မရလို့ စိုးရိမ်နေတယ်လို့ မိသားစုက ပြောပါတယ်။
2020-10-23
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုတွေကို လက်ရှိမှာ အစိုးရဆေးရုံတွေ ဆေးခန်းတွေမှာပဲ ပြုလုပ်နေရာကနေ ပုဂ္ဂလိက ဆေးရုံတွေကို ပြုလုပ်ခွင့် ပြုတော့မယ်လို့ သိရပါတယ်။ အဲဒီကိစ္စအတွက် အစိုးရကျန်းမာရေးဌာနနဲ့ ပုဂ္ဂလိက ဆေးရုံတာဝန်ရှိသူတွေ မနေ့က တွေ့ဆုံခဲ့ပါတယ်။