သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-10-02
လားရှိုးမြို့ကို စစ်ကောင်စီတပ်က နေ့စဉ်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မြို့ခံတစ်ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။
2024-10-02
တင်သွင်းလာတဲ့ မူးယစ်ဆေးတွေဟာ မြန်မာနိုင်ငံ ကချင်နဲ့ ရှမ်းပြည်ဘက်ကဖြစ်ပြီး ပြည်သူ့စစ်တွေ၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ ရာဇ၀တ်ဂိုဏ်းတွေက ဦးစီးနေကြတာလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
2024-10-02
ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ က ၂၀၂၄ စက်တင်ဘာလ ၃၀ ရက်နေ့ အထိ အရပ်သား ခုနစ်ရာခန့် သေဆုံးသွားပါတယ်။
2024-10-02
မြေရှားသတ္တုထွက်တဲ့ ဆော့လော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပါတယ်။
2024-10-02
အမေရိကန်ဒေါ်လာငွေ အပါအဝင် ထိုင်းဘတ်နဲ့ တရုတ်ယွမ်ငွေ လဲလှယ်နှုန်းတွေ ဆက်တိုက်ကျလာပေမဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မကျသေးဘူးလို့ ရန်ကုန်မြို့က အိမ်ရှင်မတွေက ပြောပါတယ်။
2024-10-02
ကလောမြို့မှာ အောက်တိုဘာ ၁ ရက်နေ့က မိုးသည်းထန်ပြီး တောင်ကျရေကြောင့် ကလောချောင်းရေလျှံပြီး ရေ ခုနစ်ပေလောက်အထိ တက်လာတာကြောင့် ရေဘေးဒုက္ခသည်တွေ ရွှေ့ပြောင်းနေရပါတယ်။
2024-10-02
နိုင်ငံတစ်ဝန်း တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ နိုင်ငံခြားသား ငါးသောင်းကျော်ကို ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။
2024-10-02
ဟားခါးမြို့မှာ အောက်တိုဘာ ၁ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေ မြို့ထဲရပ်ကွက်တချို့မှာ သန်းခေါင်စာရင်း ကောက်ယူနေချိန် တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2024-10-02
AA ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်က ဒေသခံ ၁၄ ဦးကို AA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားပါတယ်။
2024-10-01
မြန်မာအပါအဝင် နိုင်ငံတချို့အပေါ် တစ်ဖက်သတ် အကျပ်ကိုင် ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်ကြောင်း ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ် Chenda Sophea Sok က ကုလသမဂ္ဂ ၇၉ ကြိမ်မြောက် အထွေထွေညီလာခံမှာ ပြောပါတယ်။
2024-10-01
နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ ရေကြီးရေလျှံတာကြောင့် စပါးစိုက်ဧက ရှစ်သိန်းနီးပါး ပျက်စီးခဲ့သလို အခြားသီးနှံ စိုက်ဧက ခုနစ်သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
2024-10-01
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာကြောင့် ကယားပြည်နယ်အတွင်း ကျောင်းသား ၁၃ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ IEC က ထုတ်ပြန်ပါတယ်။
2024-10-01
စစ်ကောင်စီဟာ နိုင်ငံတကာအဖွဲ့အစည်းတွေ အမြင်ကောင်းစေဖို့နဲ့ တိုင်းရင်းသားတွေနဲ့ PDF တွေကြား သပ်လျှိုဖြိုခွဲလာတဲ့အပေါ် သတိထားဖို့လည်း တော်လှန်ရေးအင်အားစုတွေကို တိုက်တွန်းထားပါတယ်။
2024-10-01
မြန်မာနိုင်ငံက စစ်တွေဆိပ်ကမ်းနဲ့ ကုလားတန်ဘက်စုံစီမံကိန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ အိန္ဒိယနိုင်ငံ ဆိပ်ကမ်းနဲ့ ရေကြောင်း ကုန်သွယ်ရေးဝန်ကြီး ဆာဘန်နန်ဒါ ဆိုနိုဝယ်က ပြောပါတယ်။
2024-10-01
နိုင်ငံရေးအကျဉ်းသားတွေက လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတာကြောင့် နှစ်စဉ် ဆယ်နဲ့ချီသေဆုံးနေတယ်လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။