သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-27
တပ်မတော်ကို ဝေဖန်ပြောဆိုမှုကြောင့် ပုဒ်မ ၅ဝ၅ (က)နဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစု MDCF ခေါင်းဆောင် ကိုထင်ကျော် ကို ဒီကနေ့ ရန်ကုန် တိုင်း မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ ပါတယ်။
2016-10-26
နိုင်ငံတော်နဲ့ ရတနာတောင် တန်း ကျောက်မျက်ကုမ္ပဏီတို့ အကျိုးတူဆောင်ရွက်နေတဲ့ ဖားကန့် မက်လင်ချောင် အကျိူးတူ (၂) လုပ်ကွက်ကရတဲ့ တန်ချိန် ၂၁၀လောက်ရှိတဲ့ လုံးစွပ်ကျောက်စိမ်း အရိုင်းတုံးကြီးကို ခွဲစိတ်ပြုပြင်ပြီး မြန်မာ့ကျောက်မျက် ရတနာပြပွဲမှာ ပြ သရောင်းချပါမယ်။
2016-10-26
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက မအူပင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးသက်ကိုလေး အပါအဝင် ၄ ဦးကို လိမ်လည်မှုပုဒ်မ ၄၂၀ ၊ အသရေဖျက်မှုပုဒ်မ ၅၀၀ တွေ နဲ့ မအူပင်မြို့မရဲစခန်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ လ ၂၂ ရက်နေ့က အမှုဖွင့်ထားပါတယ်။
2016-10-26
ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှား သူများအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ် ရဲစခန်းက ပုဒ်မ ၅၀၅(က) အကြည်ညို ပျက်အောင်လုပ်ဆောင်မှုနဲ့ ဒီကနေ့ ညနေမှာ ဖမ်းဆီးလိုက် ပါတယ်။
2016-10-26
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ မြန်မာ့ကမ်းရိုးတန်းကို ဦးတည်မှု မရှိတော့တာကြောင့် ဧရာဝတီတိုင်းဒေသကြီးက လပွတ္တာ၊ မော်လမြိုင်ကျွန်းနဲ့ ဟိုင်းကြီး ကျွန်းမြို့တွေက မုန်တိုင်းတိမ်းရှောင် နေသူတွေကို တိုင်းဒေသကြီးအစိုးရ အစီအစဉ်နဲ့ နေရပ်ပြန်လည် ပို့ဆောင်နေပြီဖြစ်ပါတယ်။
2016-10-26
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအနေနဲ့ ဖက်ဒရယ် ပြည်ထောင် စုပေါ်ထွန်းရေးအတွက် ရည်မှန်းချက်တူ သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပါတီရဲ့ တွဲဖက် အတွင်းရေးမှူး ၂ ဦးစိုင်းကျော်ညွန့် က ပြောပါတယ်။
2016-10-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် အားလုံးနိုင်ရမယ်လို့ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ညွန်ကြားထားကြောင်း ပါတီနာယက သူရ ဦးတင်ဦးက ပြောပါတယ်။
2016-10-25
ရခိုင်ပြည်နယ် မောင်တောဒေသမှာ မြန်မာ တပ်ဖွဲ့တွေက အရပ်သားတွေကို သတ်ဖြတ် ပြီး ရွာတွေကို မီးရှို့ခဲ့တယ်ဆိုပြီး ပေါ် ထွက်နေတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ က တောင်းဆိုလိုက်ပါတယ်။
2016-10-25
တရုတ်နိုင်ငံ ဘေဂျင်းမြို့အခြေစိုက် အာရှတိုက် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြုှပ်နှံမှုဘဏ် Asian Infrastructure Investment Bank - AIIB ဥက္ကဌ Mr. Jin Liqun ဂျင်လီကွန်းက မြန်မာနိုင်ငံရဲ့ အခြေခံအဆောက် အအုံတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူတို့ဘဏ်အနေနဲ့ ကူညီလိုကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။
2016-10-25
အန်အယ်လ်ဒီပါတီကနေ ထုတ်ပယ်ခံ ထားရတဲ့ ရှမ်းပြည်နယ်ပါတီ ဥက္ကဌအပါအဝင် ၄ဦးကိစ္စကို ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆုံးဖြတ်ပေးသွား မယ်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ရှေ့နေ ဦးကျော်ဟိုး က ပြောပါတယ်။
2016-10-25
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ် စီးနင်းခွင့်ရှိတဲ့နယ်မြေတွေ သတ်မှတ်ပေးဖို့ အဆိုကို တိုင်းဒေသကြီးလွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်ပါတယ်။
2016-10-25
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို လေ့လာစုံစမ်းဖို့အတွက် မနေ့က ဖွဲ့စည်းလိုက်တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးပါဝင်တဲ့ လေ့လာစုံစမ်းရေးကော်မတီဟာ ဒီနေ့ ကွင်းဆင်းလေ့လာခဲ့ပါတယ်။
2016-10-25
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားအထူးဒေသ ၄ မှာ UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့နဲ့ အစိုးရတပ်မတော်တို့ စစ်ရေးတင်းမာနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် ရွှေ့ပြောင်း အလုပ်သမားတချို့ နေရပ်ပြန်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2016-10-25
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ခွန်ကျေးရွာက ဒေသခံတွေကို မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ကျေးရွာမြေငှား ဂရန်တွေ ဒီနေ့ ထုတ်ပေးခဲ့ပါတယ်။
2016-10-25
ထိုင်းနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံလုပ်အားခ တစ်ရက်ဘတ် ၃၆၀ သတ်မှတ်တိုးမြှင့်ပေးဖို့ ထိုင်းအစိုးရထံ ရွှေ့ပြောင်းလုပ်သား အခွင့်အရေးကွန်ရက် MWRN နဲ့ ထိုင်းလုပ်သားသမဂ္ဂတို့ ပူးပေါင်းတောင်းဆိုဖို့ ပြင်ဆင်နေပါတယ်။