သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-20
ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်ရွာရဲ့ ခရစ်ယာန်ဘုရား ကျောင်းအနီးမှာ နိုဝင် ဘာ ၁၈ ရက်နေ့က စစ်ကောင်စီတပ်တွေ သေနတ်နဲ့ပစ် လိုက်လို့ ဇနီးမောင်နှံ နှစ်ယောက် သေဆုံးခဲ့ရတယ်လို့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။
2021-11-20
ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်မှာ နိုဝင်ဘာ ၁၉ ရက် မနေ့ညက အမျိုးသားတစ်ယောက်ဟာ လမ်းပေါ်က အထုပ်တစ်ထုပ်ကို ပံ့သကူအမှတ်နဲ့ ကောက်ယူခဲ့ရာ အဲဒီအထုပ်လက်ထဲမှာတင် ပေါက်ကွဲပြီး သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
2021-11-19
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အချိန် နှစ်နှစ်ကျော်ကြာ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ မြောက်ဦးမြို့နယ် လက္ကာကျေးရွာသား ၂၃ ဦးကို နိုဝင်ဘာလ ၁၉ ရက် ဒီနေ့မှာ အပြီးသတ် အမိန့်ချမှတ်ဖို့ ရုံးချိန်း ထားခဲ့ပေမယ့် အမိန့်မချဘဲ ထပ်မံရုံးချိန်းရွှေ့ဆိုင်းခံလိုက်ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2021-11-19
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနဲ့ ဒေါ်လာတွေ ပေးတယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ရင်ဆိုင် နေရတဲ့ အမှုနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်အကူ ဒေါ်ဝေဝေသန်းကို ခေါ်ယူစစ်ဆေးဖို့ ရှိနေတယ်လို့ ရှေ့နေနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက RFA ကို ဒီနေ့ ပြောပါတယ်။
2021-11-19
ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါခလိုက်လင်ကျေးရွာမှာ နိုဝင်ဘာလ ၁၈ ရက် မနေ့က စစ်ကောင်စီတပ်က စခန်းချပြီးနောက် နေအိမ် သုံးလုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ကျေးရွာရှိ ဒေသခံတစ်ဦးက ပြောပါတယ်။
2021-11-19
ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ မေလလယ်ကစပြီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၂၃,၀၀၀ ကျော်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က မနေ့က ထုတ်ပြန်ပါတယ်။
2021-11-19
ရန်ကုန်မြို့မှာ မနေ့က ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်ရဲ့ အမဖြစ်သူ ဒေါ်ခင်ပပသော်ဟာ ဒီနေ့ မနက် ၈ နာရီခွဲမှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ် လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
2021-11-19
နိုင်ငံကျော် Rapper အဆိုတော်တစ်ဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်ကို စစ်ကောင်စီက နိုဝင်ဘာ ၁၈ ရက် မနေ့က ဖမ်းဆီးလိုက်ပြီး သူနဲ့ဆက်စပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူငယ် ၅၀ နီးပါးကိုလည်း နိုဝင်ဘာ ၁၂ ရက်ကနေ ၁၇ ရက်နေ့အတွင်း ကြိုတင်ဖမ်းဆီးခဲ့ပါတယ်။
2021-11-19
စစ်ကိုင်းတိုင်း ကလေးမြို့မှာ နိုဝင်ဘာ ၁၆ ရက်နေ့က ကလေး PDF စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက် တိုက်ခိုက်ချိန်မှာ စခန်းအတွင်းကျဆုံးခဲ့တဲ့ ဆေးတပ်အမျိုးသမီး အပါအဝင် ကျဆုံးသူ သုံးဦးရဲ့ ရုပ်အလောင်းကို နိုဝင်ဘာလ ၁၈ ရက် မနေ့က မြေမြှုပ် သင်္ဂြိုဟ်ခဲ့ကြတယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2021-11-19
မကွေးတိုင်း ဆောမြို့နယ် တောမရွာအနီးမှာ ဒီကနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့က စစ်ကောင်စီနဲ့ ဒေသခံ တပ်ပေါင်းစုအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ်အသုံးပြုပြီး တိုက်ခိုက် ခဲ့တယ်လို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။
2021-11-19
မြန်မာနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ ၁၉၈ ဦးခန့် သေဆုံးပြီး ၁၄၈ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာက ဒီနေ့ဖော်ပြပါတယ်။
2021-11-19
မန္တလေးမြို့ပေါ်က ဆန္ဒပြပွဲတစ်ခုအတွင်း ဒဏ်ရာအပြင်းအထန်နဲ့ ဖမ်းဆီးခံရ ပြီးတဲ့နောက် သေဆုံးပြီလို့ သတင်းထွက်နေတဲ့ ကျောက်ဆည်နည်းပညာတက္ကသိုလ် ကျောင်းသား ကိုလင်းပိုင်စိုးရဲ့ အခြေအနေမှန်ကို နှစ်လနီးပါးကြာတဲ့အထိ အတိအကျ မသိရတာကြောင့် မိသားစုက စိုးရိမ်ပူပန်နေပါတယ်။
2021-11-19
မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် နတ်နန်းကျေးရွာမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်သား ၈၀ ခန့် ရောက်ရှိလာချိန် ရွာသားတွေက ကြောက်လန့် ထွက်ပြေးကြတဲ့အတွက် သေနတ်နဲ့ပစ်ခတ်ခဲ့ရာ တက္ကသိုလ် ကျောင်းသားတစ်ဦး အပါအဝင် အမျိုးသားနှစ်ဦး သေဆုံးပြီး နောက်ထပ် ၁၂ ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြော ပါတယ်။
2021-11-18
ရှေ့လာမယ့် သီတင်းပတ်အတွင်း တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်နဲ့ ကျင်းပဖို့ရှိတဲ့ အာဆီယံ- တရုတ် အစည်းအဝေးကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားဖို့ တရုတ်သံတမန် မစ္စတာ ဆွန်ကော်ရှန်းက ကြိုးပမ်းပေမဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ တချို့က လက်မခံခဲ့ဘူးလို့ သံတမန်အသိုင်းအဝိုင်းကရရှိတဲ့ သတင်းတွေကို အခြေခံပြီး ရိုက်တာသတင်းတစ်ရပ်မှာ မနေ့က ဖော်ပြထားပါတယ်။
2021-11-18
NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဖြိုးဇေယျာသော်ကို နိုဝင်ဘာလ ၁၈ ရက် နေ့လယ်ပိုင်းမှာ ရန်ကုန်မြို့ ရတနာနှင်းဆီ ကွန်ဒိုအိမ်ရာမှာ စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ ဦးဖြိုးဇေယျာသော်နဲ့ ပုံမှန် အဆက်အသွယ်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။