သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-26
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေလိုက်ပါမယ့် ကိုယ်စားလှယ်အဖွဲ့တစ်ခု မြန်မာနိုင်ငံကို နိုဝင်ဘာလအတွင်း သွားရောက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာမွတ်စလင်တွေ နေရပ်ပြန်လည် အခြေချရေးအတွက် ကူညီပံ့ပိုးမယ့် အစီအစဉ်အပေါ် စိုးရိမ်ပူပန်မိတယ်လို့ (ASEAN Parliamentarians for Human Rights) လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် အမတ်များအဖွဲ့က ဝေဖန်လိုက် ပါတယ်။
2018-10-26
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေကို ဝေဖန်ပုတ်ခတ်မှုနဲ့ စစ်တွေမြို့ခံ ဦးအောင်သန်းဝေကို စစ်တွေမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ အမိန့်ချလိုက်ပါတယ်။
2018-10-26
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်းနဲ့ မီဒီယာတချို့မှာ ဖော်ပြနေတာတွေဟာ တစ်ဖက် သက်ဖြစ်တဲ့အကြောင်း လူမျိးစုတွေရဲ့ ရိုးရာတေးဂီတတွေကို လေ့လာနေတဲ့ အမေရိကန်နိုင်ငံသား Mr. Rick Heizman ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကို ဒီကနေ့ ပြသခဲ့ပါတယ်။
2018-10-26
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ဒီနေ့မနက်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာခဲ့ပြီး ဒေသခံတိုင်းရင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2018-10-26
တပ်မတော်ဟာ အရပ်သားအစိုးရ လက်အောက်မှာရှိမယ်ဆိုရင် တပ်မတော်တစ်ခုတည်း ထားရှိရေးဆိုတာကို လက်ခံသွားမှာဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နာယက ဗိုလ်ချုပ် ဆေထင် က ပြောပါတယ်။
2018-10-26
ပြည်ထောင်စုက ဘယ်တော့မှ ခွဲမထွက်ရဆိုတဲ့ အချက်ကို ရှမ်းတိုင်းရင်းသားတွေရဲ့ ဆန္ဒ သဘောထား မရယူနိုင်သေးဘဲ လက်ခံနိုင်မှာမဟုတ်ကြောင်း NCA လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက် ပါတယ်။
2018-10-26
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသားတွေ အပေါ် အမြင်စောင်းမှုတွေနဲ့ သံသယစိတ်တွေ ဖြစ်ပေါ်နေတာကို တွေ့မြင်နေရတယ်လို့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ဒီနေ့ ကျင်းပတဲ့ နှစ် ၃၀ ပြည့် အခမ်းအနားမှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
2018-10-26
မန္တလေးတိုင်းအတွင်းက လယ်ယာမြေတွေကိုအကွက်ရိုက်ရောင်းချနေတာတွေနဲ့ ပတ်သက်ပြီး တရားစွဲမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်းက RFA ကို ဒီနေ့ ပြောပါတယ်။
2018-10-26
ရန်ကုန်တိုင်းအစိုးရက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲခံခဲ့ရတဲ့ Eleven မီဒီယာက အယ်ဒီတာ ၃ ဦးကို တာမွေမြို့နယ် တရားရုံးက တစ်ဦးကို ငွေကျပ် သိန်း ၁၀၀ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
2018-10-25
ဘင်္ဂလားဒေ့ရှ် သမ္မတ Abdul Hamid အဗ်ဒူ ဟာမစ်က ရိုဟင်ဂျာပဋိပက္ခ ဖြေရှင်းရေးအတွက် နိုင်ငံတကာအသိုင်းအဝန်း အနေနဲ့ မြန်မာနိုင်ငံကို ဖိအားပေးကြဖို့ မနေ့က တိုက်တွန်းလိုက် ပါတယ်။
2018-10-25
အီးယူ ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ခံစားခွင့်ပြုထားတဲ့ GSP ခေါ် အကောက်ခွန်ဆိုင်ရာ အခွင့်အရေးပေးမှုစနစ်ကို ပြန်လည်ရုပ်သိမ်းဖွယ်ရှိနေတဲ့ အခြေအနေကြောင့်၊ မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအပေါ် ထိခိုက်မှာမဟုတ်ကြောင်း DICA ခေါ် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။
2018-10-25
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး မြန်မာနိုင်ငံ အခြေအနေတွေ ကို ICC နိုင်ငံတကာခုံရုံးထံ ရောက်ရှိအောင် အမြန်ဆုံးဆောင်ရွက်ဖို့ Progressive Voice၊ ရိုဟင်ဂျာ အမျိုးသမီးများအဖွဲ့နဲ့ ထိုင်းအခြေစိုက် ကချင် အမျိုးသမီးအသင်းတို့က ကြေညာချက် ထုတ်ပြန် တိုက်တွန်းခဲ့ကြပါတယ်။
2018-10-25
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ ကာကွယ်မှုဥပဒေပုဒ်မ ၈ (ဇ)ကို ဖောက်ဖျက်ကျုးလွန်မှုနဲ့ မင်းဘူးမြို့မရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။
2018-10-25
မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်က စွန့်လွှတ်လယ်ယာမြေတွေကို တောင်သူတွေလက်ထဲ ပြန်လည် လွှဲပြောင်းပေးရာမှာ နိုင်ငံတော် သမ္မတရဲ့ လမ်းညွန်ချက်အတိုင်း မူလမြေကို ပြန်မပေးဘဲ အစားထိုးမြေနေရာပေးဖို့ ကြိုးစားတာကို ကျေနပ်မှုမရှိကြောင်း ဒေသခံတောင်သူတွေက ပြောပါတယ်။
2018-10-25
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းရင်(မုံးရင်) ကျေးရွာအုပ်စု အနီးပတ်ဝန်းကျင်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပူးပေါင်းအဖွဲ့နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေ တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံ ၇၅၀ နီးပါး နမ္မတူမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာပါတယ်။