သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-08
ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ အိမ်ထောင်စု ၂၆ စုက မြန်မာနိုင်ငံသား ၉၆ ဦးကို ဒီလအတွင်း ပြန်လည်ခေါ် ယူပြီး မြဝတီမြို့က လေးကေ့ကော်မြို့သစ်စီမံကိန်းမှာ ယာယီနေရာချထားပေးဖို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဦးစီးဌာနက စီစဉ်နေပါတယ်။
2016-10-07
မြန်မာပြည်အပေါ် အမေရိကန်ပြည်ထောင် စုရဲ့ စီးပွားရေးအရပိတ်ဆို့မှုတွေကို သမ္မတ အိုဘားမား က ရုပ်သိမ်းလိုက်ပါပြီ။ အမေရိကန်လွှတ်တော် ကို သောကြာနေ့ မနေ့က ပို့လိုက်တဲ့ အကြောင်း ကြားစာမှာ သမ္မတ အိုဘားမား က မြန်မာပြည်မှာ နိုဝင်ဘာလက ကျင်းပ ခဲ့တဲ့ ရွေးကောက်ပွဲအပါအဝင် ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးဆိုင်ရာ တိုးတက်မှုတွေကြောင့် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖု့ိ ဆုံးဖြတ် လိုက်ကြောင်း ဖေါ်ပြထားပါတယ်။
2016-10-07
နိုင်ငံသားများရဲ့ပုဂို္ဂလ်ဆိုင်ရာ လွတ်လပ်မှု နဲ့ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်း ကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ပြင်ဆင်ဖြည့်စွက်ချက် အချို့နဲ့ အတည်ပြုလိုက်ပါတယ်။
2016-10-07
မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုဥပဒေ ကို ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2016-10-07
ရခိုင်ပြည်နယ်ထွက် သဘာဝသယံ ဇာတတွေကို ရခိုင်ပြည်သူတွေကိုယ်တိုင် စီမံခန့်ခွဲပိုင်ခွင့်နဲ့ အကျိုးခံစားခွင့် အပြည့် အဝရရှိရေးအတွက် ဒီလ ၃၀ ရက်နေ့မှာ စစ်တွေ ကနေ ကျောက်ဖြူမြို့ အထိ လူထုလမ်းလျှောက်ဆန္ဒပြပွဲ တစ်ခု ပြုလုပ်သွားဖို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကွန်ရက်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2016-10-07
ကန်ထရိုက်စနစ်နဲ့ အထက်တန်းပြ ဆရာတွေ ခန့်မယ်လို့ ပညာရေး ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ပြောကြားခဲ့တဲ့အတွက် ပညာရေးတက္ကသိုလ်ကျောင်းသားတွေက Facebook စာမျက်နှာတွေမှာ ဖဲပြားစိမ်းလှုပ်ရှားမှုတွေ ပြုလုပ်ပြီး ကန့်ကွက်နေပါတယ်။
2016-10-07
ရန်ကုန်မြို့တွင်း လူမှုရေး ဗီဇာတွေနဲ့ အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားသားတွေကို စိစစ်အရေးယူဖို့ ဆောင်ရွက်သွားမယ်လို့ ပန်းပဲတန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး က ပြောပါတယ်။
2016-10-07
ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည် နယ် အပါအဝင် တနိုင်ငံလုံးမှာ တိုက်ပွဲတွေ ရပ်တန့်ပေးဖို့အတွက် ၂၁ရာစု ပင်လုံညီလာ ခံ အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ် ဖြစ်မြောက်ရေးကော် မတီ(ယာယီ) က မနေ့က ကြေညာချက်ထုတ်ပြန် တောင်း ဆိုလိုက်ပါတယ်။
2016-10-07
ကေအိုင်အေတပ်ဖွဲ့ တပ်ရင်း ၂၅၂ အခြေစိုက်တဲ့ ဂီဒွန်ဆိုတဲ့ တောင်ကုန်းကို တပ်မတော်က ဒီကနေ့ မနက်က လေယဉ် ၄ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ် လို့ ကေအိုင်အေတပ်မှူး တစ်ဦးက အတည်ပြု ပြော ပါတယ်။
2016-10-06
တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေ စုပေါင်းလက်မှတ်ထိုးပြီး တောင်းဆို သွားမယ်လို့ မန်တုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးက ပြောပါတယ်။
2016-10-06
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဆင်းရဲနွမ်းပါးသူတွေကို အစိုးရ ကမြေနေရာတွေချပေးဖို့ ဒေသခံ ၂ဝဝ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-10-06
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ အကျဉ်းထောင် ထဲမှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ရည်စူးပြီး သရက်မြို့မှာ အမှတ်တရကျောက်တိုင်တွေ စိုက်ထူဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက စီစဉ်နေပါတယ်။
2016-10-06
ဒီကနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် က ပြင်ဆင်ချက်နဲ့ ပြန်ပို့လာတဲ့ ရပ်ကွက် သို့မဟုတ် ကျေးအုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ကြမ်းကို တပိုဒ်ချင်းအလိုက် ဆွေးနွေးပြီး အတည်ပြုလိုက် ပါတယ်။
2016-10-06
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပေး ဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့နေတဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရေးကို ပိတ်ပင်တားဆီးတာတွေမလုပ်ဖို့ ကချင်အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက် ပါတယ်။
2016-10-06
ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွေ အနေနဲ့ ပွဲလမ်းသဘင်တွေ ကို အကြောင်းပြပြီး ငွေကြေးကောက် ခံတာတွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေရှိရင် အရေးယူ သွားမှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့လွှတ်တော်မှာ မေးခွန်းမေးတာကို ဖြေကြားပါတယ်။