သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-07-25
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ အခုလ ၂၀ ရက်နေ့က နစ်မြုပ်ခဲ့တဲ့ မြမင်းအောင် (၁) ရှပ်ပြေးရေယာဉ်ကို ဒီကနေ့ နေ့လည်ပိုင်းမှာ ကမ်းပေါ်ကို ဝန်ချီစက်နဲ့ ဆွဲတင်နိုင်ခဲ့ပြီး ဖြစ်ပေမယ့် လူ (၁၄) ဦး ပျောက်ဆုံးနေဆဲလို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
2012-07-25
စက်မှုမြေအဖြစ် ရောင်းပြီးတဲ့ လယ်မြေတွေကို ပြန်မပေးနိုင်ဘူးလို့ ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် (၉) ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ဇူလိုင်လ ၂၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
2012-07-25
ဒီမိုကရေစီ မိတ်ဆွေဆယ်ပါတီက စုပေါင်းတင်ပြထားတဲ့ အချိုးကျ ကိုယ်စားပြု စံနစ်အကြောင်း ဆွေးနွေးဖို့အတွက် ပါတီတစ်ခုစီက ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး သို့မဟုတ် ဗဟို အလုပ်အမှုဆောင်တစ်ဦး တက်ရောက်ဖို့ ပြည်ထောင်စု ရွေးချယ် တင်မြှောက်ပွဲ ကော်မရှင်က ဖိတ်ကြားထားကြောင်း သိရပါတယ်။
2012-07-25
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပထမဆုံးအကြိမ် ဝင်ရောက် ဆွေးနွေးခဲ့ပါတယ်။ ကွတ်ခိုင် မဲဆန္ဒနယ်က ကြံံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းတဲ့ "တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေး" အဆိုကို သူကထောက်ခံ ဆွေးနွေးတာ ဖြစ်ပါတယ်။
2012-07-24
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန့်ဝါး ကျေးရွာအုပ်စု၊ မုတ်ကျိတ်ကျေးရွာ အေဂျီ ဧဝံဂေလိ အသင်းတော် ဘုရားရှိခိုး ကျောင်းထဲက ရွာသား ၄ ယောက်ကို မြန်မာစစ်တပ် တပ်မ (၈၈) က ဖမ်းဆီးသွားခဲ့မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စုံစမ်းမှုတွေ မနေ့က စတင်ပြုလုပ်ခဲ့ပါတယ်။
2012-07-24
မြန်မာနိုင်ငံတွင်း သတင်း ပြန်ကြားရေး လုပ်ငန်းဆိုင်ရာ အချက်အလက်တွေနဲ့ ပတ်သက်လို့ ကူညီနိုင်ဖို့အတွက် ဂျပန်နိုင်ငံက ဆူမီတိုမို ကော်ပိုရေးရှင်း ( Sumitomo Corporation) ဟာ ရန်ကုန်မှာရှိတဲ့ ရုံးအပြင် နောက်ထပ် ရုံးတစ်ရုံးကို သြဂုတ်လ ၁ ရက်နေ့မှာ နေပြည်တော်မှာ ထပ်မံ ဖွင့်လှစ်မယ်လို့ သိရပါတယ်။
2012-07-24
အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ နှစ်စဉ် ကျင်းပတဲ့ ဆန်ဖရန် စစ္စကို မာရသွန် ပြိုင်ပွဲမှာ မြန်မာနိုင်ငံ အတွင်းက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြီး မြန်မာ ၁၇ ဦး ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
2012-07-24
လှိုင်သာယာ စက်မှုဇုန် (၄) မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် ဟိုင်မို ဟိုက်အာ့တ် (Hi Mo - High Art) ဆံပင်တုစက်ရုံမှာ ဒီကနေ့ မနက် ကိုးနာရီက စတင်ကာ အလုပ်သမား နှစ်ထောင်နီးပါး စက်ရုံတွင်းမှာ အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။
2012-07-24
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်အတွင်း ဗဟိုလမ်းအနီးက ကျူးကျော် အရောင်းဆိုင်ခန်း ၄၀ ကျော်ကို မီးရထား ဝန်ထမ်းတွေနဲ့ ရဲဝန်ထမ်းတွေ အပါအဝင် လူအင်အား (၄၀) လောက်က ဒီကနေ့ မနက်က အဓမ္မ လာရောက် ဖျက်ဆီး ဖယ်ရှားခဲ့ကြတယ်လို့ ကာယကံရှင် ဆိုင်ခန်းရှင်တွေက RFA ကို ပြောပါတယ်။
2012-07-24
UNFC လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီက အစည်းဝေးတစ်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်း မြန်မာနယ်စပ် တစ်နေရာမှာ ပြုလုပ်ခဲ့ပြီးနောက် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ UNFC တို့ လွတ်လပ်တဲ့ ကြားဒေသ တစ်ခုမှာ တွေ့ဆုံဖို့ တောင်းဆိုလိုက်ပါတယ်။
2012-07-24
ဒီမိုကရေစီရေးရာ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေတဲ့ ဗြိတိန် အခြေစိုက် Westminster Foundation for Democracy (WFD) အဖွဲ့ အကြီးအကဲ Linda Duffield ဦးဆောင်တဲ့ ပါတီပေါင်းစုံက ဗြိတိန်လွှတ်တော် အမတ်များ အဖွဲ့နဲ့ အမျိုးသား ဒီမိုကရေစီချုပ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးကြောင်း သိရပါတယ်။
2012-07-24
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီညီလာခံ ကျင်းပနိုင်ရေးအတွက် ညီလာခံကျင်းပရေး ကော်မရှင်အဆင့်ဆင့်ကို ဖွဲ့စည်းလျက်ရှိရာမှာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ တိုင်းနဲ့ပြည်နယ် တစ်ဝက်လောက်မှာ မြို့နယ်အဆင့်တွေ ဖွဲ့စည်းပြီးပြီ ဖြစ်ကြောင်း NLD အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောပါတယ်။
2012-07-24
ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့မှာ လှည်းကူးတရားရုံးက တာဝန်ဝတ္တရား နှောက်ယှက်မှု ပုဒ်မ ၄၁၆ နဲ့ ထောင်ဒဏ် နှစ်လ အပြစ်ပေးခြင်းခံရတဲ့ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ထောင်ကပြန်လည် လွှတ်မြောက်လာခဲ့ပါတယ်၊
2012-07-24
ဒလဆိပ်ကမ်းမှာ ယာဉ်ရပ်နားခ ကောက်ခံတဲ့ ကန်ထရိုက်တာ ဒေါ်သစ်သစ်ဆွေက First Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးအောင်စိုးသူကို သတင်းမှား ရေးသားတယ်ဆိုပြီး အသရေဖျက်မှုနဲ့ စွဲဆိုထားတဲ့ အမှုကို ကျောက်တံတားမြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးခဲ့ပါတယ်။
2012-07-24
မြန်မာနိုင်ငံက ဆင်တွေ တစ်နှစ်ကို အကောင် ၅၀ ကနေ ၁၀၀ ကြား ထိုင်းနိုင်ငံကို ခိုးထုတ်ခံနေရတယ်လို့ Ecologist Film Unit (EFU) ဆိုတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဒီကနေ့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။