သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-02
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်သုံးဦးရဲ့ နေအိမ်တွေကို နိုဝင်ဘာလ ၂ ရက်ကစပြီး စစ်ကောင်စီက ချိတ်ပိတ်ခဲ့ပါတယ်။
2021-11-02
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းပြည်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်တွေ တိုက်ပွဲဖြစ်ခဲ့တဲ့ မိုင်းကိုင်မြို့နယ် လွယ်ရွဲကျေးရွာမှာ ဒီနေ့ နေ့လယ်က ကျွဲကျောင်းပြီးပြန်လာတဲ့ အမျိုးသားတစ်ဦး မိုင်းထိပြီး သေဆုံးသွား ပါတယ်။
2021-11-02
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ သင်ပျိုရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးသိန်းဌေးဟာ နိုဝင်ဘာလ ၁ ရက် မနေ့ညနေပိုင်း အပစ်ခံရပြီး သေဆုံးသွားတယ် လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-02
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ နှစ်ဖွဲ့ နိုဝင်ဘာလ ၁ ရက် မနေ့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတွေက RFA ကို ပြောပါတယ်။
2021-11-02
ချင်းပြည်နယ် ထန်တလန်မြို့မှာ အောက်တိုဘာ ၂၉ ရက်နေ့က မီးလောင်မှုမှာ စစ်ကောင်စီတပ်သားတွေ မီးရှို့တဲ့ ခိုင်လုံတဲ့သက်သေအထောက်အထားရှိရင် ထုတ်ပြဖို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း က RFA ကို ဒီကနေ့ ပြောပါတယ်။
2021-11-02
မကွေးတိုင်း၊ ချောက်မြို့နယ် ဂွေးပင်ရွာက ကိုဖြိုးဝေထွန်းကို PDF အဖွဲ့တွေကို ထောက်ပံ့ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အောက်တိုဘာလ ၃၀ ရက်နေ့ညမှာ စစ်ကောင်စီ တပ်သားတွေက အိမ်ရှေ့မှာတင် အပြင်းအထန် ရိုက်နှက်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဂွေးပင်ရွာသား တစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
2021-11-02
စစ်အာဏာသိမ်း ကိုးလအကြာမှာ ခုခံစစ်များတဲ့ စစ်ကိုင်းတိုင်းထဲက ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာသလို၊ ကယားပြည်နယ်ဘက်မှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နှိမ်နင်းနေတယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2021-11-02
စစ်ကောင်စီ ကျန်းမာရေးဌာနက နိုဝင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ မြို့နယ်ပေါင်း ၁၂၃ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၇၅၂ ဦး တွေ့ရှိတယ်လို့ ထုတ်ပြန်ခဲ့ပြီး အဲဒီထဲမှာ ရှမ်းပြည်နယ်က ၄၁၃ ဦးနဲ့ အများဆုံးရှိနေပါတယ်။ ကယားပြည်နယ်က ၆၉ ဦးနဲ့ ဒုတိယအများဆုံးဖြစ်ပြီး ကချင်ပြည်နယ်ကတော့ ၆၄ ဦးနဲ့ တတိယအများဆုံးပါ။
2021-11-02
ချင်းပြည်နယ်မှာ နှစ်လအတွင်း နေအိမ် ၁၈၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ထန်တလန်မြို့ခံတွေဟာ နီးစပ်ရာတောတောင်တွေနဲ့ ကျေးရွာတွေကို ထွက်ပြေး တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-02
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ နိုဝင်ဘာလ ၁ ရက် မနေ့ညနေပိုင်းက မော်တော် ဆိုင်ကယ် စီးလာတဲ့ လူငယ်သုံးဦးကို စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ လိုက်လံပစ်ခတ်တာကြောင့် သုံးဦးစလုံး သေဆုံးခဲ့တယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။
2021-11-02
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့ကို နိုဝင်ဘာလ ၂ ရက် ဒီနေ့ နေပြည်တော်က အထူးတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
2021-11-02
အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန် (Bill Richardson) ဟာ နိုဝင်ဘာလ ၂ ရက် ဒီနေ့ နေပြည်တော်မှာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး ကျန်းမာရေးကိစ္စ အပါအဝင် မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
2021-11-02
ချင်းပြည်နယ် (တောင်ပိုင်း) မတူပီမြို့ကနေ ပြန်ဆင်းလာတဲ့ စစ်ကောင်စီတပ် သားတွေရဲ့ ယာဉ်တန်းကို နိုဝင်ဘာလ ၂ ရက် ဒီနေ့မနက်ပိုင်း မင်းတပ်မြို့ အနောက်ဘက် မိုင် ၅၀ အကွာအရောက်မှာ ချင်းကာကွယ်ရေးအဖွဲ့ (CDF) က ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
2021-11-02
ပဲခူးတိုင်း (အနောက်ပိုင်း)၊ ပြည်မြို့မှာ နိုဝင်ဘာလ ၂ ရက် ဒီနေ့မနက် ၁၀ နာရီ အချိန်ခန့်က စစ်ကောင်စီတပ်ကို ထောက်ခံပွဲပြုလုပ်နေချိန် ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-02
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် သရက်ကန်ရွာမှာ တောင်ယာလုပ်ကိုင်နေတဲ့ ဒေသခံ သုံးဦးကို နိုဝင်ဘာလ ၁ ရက် မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။