သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-28
ကချင်ပြည်နယ်၊ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ရဲ့ တောင်ပိုင်းကဧက ၉ သိန်း နီးပါးကို ထပ်မံတိုးချဲ့ပြီး ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် ထည့်သွင်းသတ်မှတ်နိုင်ဖို့ အစိုးရက ဆောင်ရွက်နေတာကို ပူတာအိုမြို့မှာ ဒေသခံ အယောက် တစ်သောင်းလောက်က ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2017-09-28
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသက လူ ၅၅၀၀ ကျော်ရှိတဲ့ ဒုက္ခသည်စခန်းမှာ စားနပ်ရိက္ခာ ပြတ်နေတာ ၃ ရက်လောက်ရှိနေပြီဖြစ်တယ်လို့ စခန်းတာဝန်ခံ ဦးထွန်းက ပြောပါ တယ်။
2017-09-28
မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပွင့်ဖြူ၊ စလေနဲ့ ပခုက္ကူမြို့တွေက အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စက်ရုံတွေကို ပိတ်သိမ်းသွားဖို့ ရှိ၊ မရှိနဲ့ပတ်သက်ပြီး ဒီနေ့တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ ရေနံချောင်းမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှက မေးမြန်းခဲ့ပါတယ်။
2017-09-28
ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့မှာ ပြီးခဲ့တဲ့နှစ်က ဆန္ဒပြခဲ့တဲ့ အမျိုးသားရေး လှုပ်ရှားသူ ၄ ယောက်ကို နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ငြိမ်းချမ်းစွာစုဝေးခွင့် စီတန်းလှည့် လည်ခွင့်ဥပဒေ ပုဒ်မ ၁၉ နဲ့ ကမာရွတ်မြို့နယ် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၇ လစီ ချမှတ်လိုက်ပါတယ်။
2017-09-27
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည် ၈ သိန်း ဝန်းကျင် အနေနဲ့ မူလနေထိုင်ရာအရပ်ကို ပြန်သွားခွင့်ရ မရ ဆိုတာ အရေးကြီးတဲ့မေးခွန်းကြီး ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ က ပြောလိုက်ပါတယ်။
2017-09-27
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်အတွင်း ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၆၃ ဦး သေဆုံးပြီး ၉၁ ဦး ပျောက်ဆုံးနေတယ်လို့ အစိုးရအရာရှိတွေက ပြောဆိုကြောင်း AP သတင်းက ဖေါ်ပြပါတယ်။
2017-09-27
ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း မီးရှို့ခံခဲ့ရတဲ့ ကျေးရွာတွေ ပြန်လည်ထူထောင်ရေးအတွက် အစိုးရက စီစဉ်ဆောင်ရွက်မယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။
2017-09-27
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့သူတွေအတွက် ပြန်လည်စိစစ် လက်ခံရေးစခန်းတွေကို တောင်ပြိုလက်ဝဲနဲ့ ငခူရကျေးရွာတွေမှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
2017-09-27
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်ခံရတဲ့ ကျေးရွာတွေနဲ့ တိုင်းရင်းသား လူမျိုးစုတွေ အများအပြား အသတ်ခံရတဲ့နေရာတွေကို မြန်မာနိုင်ငံ အခြေစိုက်သံရုံးတွေက သံတမန်တွေနဲ့ သံရုံးတာဝန်ရှိသူ ၇၀ ကျော်ဟာ မနက်ဖြန် စက်တင်ဘာလ ၂၈ ရက်နေ့မှာ သွားရောက်ကြည့်ရှုလေ့လာမှာ ဖြစ်ပါတယ်။
2017-09-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ အမျိုးသားဂုဏ်သိက္ခာနဲ့ အချုပ်အခြာအာဏာ အတွက် တိုက်ပွဲဝင်နေရတယ်လို့ ဒီကနေ့ ကျရောက်တဲ့ NLD ပါတီ (၂၉) နှစ်မြောက် နှစ်ပတ်လည်နေ့ ကြေညာချက်မှာ ထုတ်ပြန်ထားပါတယ်။
2017-09-26
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီနေ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2017-09-26
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဟာ ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက် မှုဖြစ်စဉ်တွေကို သွားရောက်လေ့လာပြီး နိုင်ငံတော်သမ္မတထံ အစီရင်ခံစာ ရေးသားတင်ပြသွားမယ်လို့ သိရပါ တယ်။
2017-09-26
ရခိုင်ပြည်နယ်အတွင်း အစွန်းရောက်အကြမ်းဖက်မှုတွေနဲ့ ရခိုင်အရေးကို ပြည်ပက ဝင်ရောက် စွက်ဖက်နေတဲ့အပေါ် ကန့်ကွက်ရှုတ်ချပွဲနဲ့ ဟောပြောပွဲကို မန္တလေးမြို့ မနော်ရမ္မံကွင်းမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2017-09-25
ရွှေဝါရောင် အရေးအခင်းကာလက စည်းလုံးမှုမျိုးနဲ့ဆိုရင် ဘာမဆိုရင်ဆိုင်နိုင်တဲ့အတွက် ရွှေဝါရောင် သံဃာတော်တွေအနေနဲ့ အမှန်တရားအတွက် ရှေ့ကနေဆက်လက်ရပ်တည်ပေးကြဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းနိုင်က ဒီနေ့ လျှောက်ထားခဲ့ပါတယ်။
2017-09-25
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာအနီးမှာ ရုပ်အလောင်း ၁၇ ခုကို ဒီနေ့ ထပ်မံတေ့ွရှိထားတယ် လို့ အဲဒီနေရာကို ရောက်ရှိနေတဲ့ ဟိန္ဒူဘာသာဝင် ကူညီရေးခေါင်းဆောင် ဦးနီမော်လ်က ပြောပါတယ်။