သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-25
ရခိုင်ပြည်နယ် မောင်တောဒေသမှာ မြို၊ ခမီ၊ သက် ၊ ဒိုင်းနက် စတဲ့ တိုင်းရင်းသားလူမျိုးစုတွေအတွက် တိုင်းရင်းသားကျေးရွာတွေ ထပ်မံတည်ဆောက်ပေးသွားဖို့ရှိတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။
2017-09-25
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေကြောင့် ယာယီပိတ်ထားရတဲ့ စာသင်ကျောင်းတွေထဲက ၃၅ ကျောင်းကို ပြန်လည်ဖွင့်လှစ်နေပြီလို့ သိရပါတယ်။
2017-09-25
တနင်္သာရီတိုင်းဒေသကြီးမှာ ဒေသအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိထားတဲ့ မြေဧက ၂ သိန်းထဲက အမှန်တကယ် မစိုက်ပျိုးတဲ့ မြေဧက ၁ သိန်းခွဲကို တိုင်းအစိုးရက လုပ်ပိုင်ခွင့် ပြန်သိမ်းမယ်လို့ သိရပါတယ်။
2017-09-24
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဟိန္ဒူဘာသာဝင်တွေကို သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက်မြှုပ်နှံ ထားတာ တွေ့ရှိခဲ့ရတယ်လို့ သတင်းထုတ်ပြန်ရေးကော်မတီက မနေ့ကထုတ်ပြန်ခဲ့ပါတယ်။
2017-09-24
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိလာတဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးလာသူ ဒုက္ခသည် အရေအတွက် လေးသိန်းခွဲနီးပါးရှိလာပြီဖြစ်လို့ အမိုးအကာ၊ ရိက္ခာ၊ ကျန်းမာရေး စတာတွေအတွက် နိုင်ငံတကာ အကူအညီ အများအပြားလိုအပ်နေပြီလို့ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ က ပြောပါတယ်။
2017-09-24
ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ပျက်စီးဆုံးရံှုးသွားတဲ့ အိမ်ခြေတွေနဲ့ တခြားပျက်စီးမှုတွေကို မနေ့ကစပြီး စာရင်းကောက်ယူနေတယ်လို့ သိရပါတယ်။
2017-09-24
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ထိန်ကုန်းကျေးရွာက ရွှေလုပ်ကွက်တစ်ခုမှာ ကမ်းပါးမြေပြို မှုကြောင့် ရွှေတူးဖော်သူ ၃ ဦး သေဆုံးခဲ့ပါတယ်။
2017-09-24
ရှမ်းပြည်နယ်နဲ့ ထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း ၆ ခုက ရှမ်းဒုက္ခသည် ၆၀၀၀ ကျော်ကို လုံခြုံ စိတ်ချရတဲ့အချိန်ရောက်ပြီး နေရပ်ရင်းဒေသကိုပြန်နိုင်တဲ့ အခြေအနေရောက်တဲ့အထိ နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ ဆက်လက် ထောက်ပံ့ပေးဖို့ ရှမ်းပြည် ညီညွတ်ရေးကော်မတီ CSSU အဖွဲ့က ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2017-09-24
မစ္စတာကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာမှာပါတဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ အကြံပြုချက်ကို ကန့်ကွက်ကြောင်း စစ်တွေမြို့မှာ လူ ၂၀၀ ကျော်လောက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2017-09-24
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုင်တွယ်ဖြေရှင်းမှု ထောက်ခံပွဲကို ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံရှေ့ မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2017-09-24
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်း ၃၀ ကျော်ကနေ နေရပ်ပြန်ကြသူ တစ်ထောင်ကျော် ရှိနေပြီး လက်ရှိ ကယ်ဆယ်ရေးစခန်းတွေ မှာ လူဦးရေ ၅၀၀၀ ကျော် ကျန်ရှိနေသေး တယ်လို့ သိရပါတယ်။
2017-09-24
ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ထွက်ပြေးကြတဲ့ မွတ်စလင်ဒုက္ခသည်အမျိုးသမီးတွေထဲက တချို့မှာ အဓမ္မပြုကျင့်ခံရတဲ့ အထောက်အထားတွေ တွေ့ရကြောင်း သူတို့ကို အဓမ္မပြုကျင့်သူတွေဟာ တပ်မတော်သားတချို့ဖြစ်ကြောင်း ပြောဆိုတယ်လို့ ဘင်္ဂလားဒေ့ရ်ှဘက်ကို ထွက်ပြေးကြသူ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကုလသမဂ္ဂကျန်းမာရေးဝန်ထမ်းတွေရဲ့ပြောပြချက်ကို ကိုးကားပြီး ဒီကနေ့ ရိုက်တာသတင်းဌာနက ရေးသားပါတယ်။
2017-09-23
မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာ မြေမြှုပ်မိုင်းတွေ ထောင် ထားတယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က မနေ့က ကြေညာချက် ထုတ်ပြန်ပြီး စွပ်စွဲပြောကြားလိုက်ပါတယ်။
2017-09-23
မြန်မာအစိုးရဟာ နိုင်ငံတွင်းက ထွက်ပြေးနေတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို လူမျိုးတုံး ရှင်းလင်းရေး လုပ်နေတယ်ဆိုတာ ထင်ရှားတယ်လို့ နိုင်ငံတကာတရားသူကြီးတွေပါဝင်တဲ့ သမာဓိခုံရုံးအဖွဲ့က သောကြာနေ့က မလေးရှားနိုင်ငံမှာ ပြောဆိုလိုက်ပါတယ်။
2017-09-23
ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်၊ အီဂျစ်၊ ကာဇက်စန်၊ ဆီနီဂေါနဲ့ ဆွီဒင် နိုင်ငံတို့က မြန်မာနိုင်ငံ ထဲမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ဖို့ တောင်းဆိုလိုက်တယ်လို့ မနေ့ကထုတ်ဝေတဲ့ AFP သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။