သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-09-02
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူမှု အထောက်အကူပြု အဖွဲ့ဝင်တွေ ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား ကိုစိန်လှိုင်၊ ကိုရွှေဂျိုးနဲ့ မချိုတို့ ၃ ယောက်ဟာ နယ်ထောင် အသီးသီး ကနေ ထောင်ဒဏ် နှစ်စေ့ပြီး ဒီနေ့ ပြန်လွတ်လာ ကြပါတယ်။
2011-09-01
ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လယ်ယာမြေ ဆိုင်ရာ ဥပဒေကြမ်း အဆိုကို အာဏာရ အစိုးရ ပါတီဖြစ်တဲ့ ကြံခိုင်ဖွံဖြိုးရေး ပါတီက စက်တင်ဘာလ ၁ ရက်နေ့က တင်သွင်းခဲ့ပါတယ်။
2011-09-01
ယခင် စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်းရဲ့ သား ထုတ်ဝေမဲ့ IGE ဂျာနယ်အပြင် တခြား နာမည်ကြီး စီးပွားရေးသမားတွေက ဂျာနယ် အသစ်တွေ ထုတ်ဝေဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2011-09-01
နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ အမျိုးသား လွှတ်တော် အစည်းအဝေးမှာ အမျိုးသား လွှတ်တော် ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဆွေးနွေး စဉ်းစားရန် အမျိုးသား လွှတ်တော် ဥက္ကဌရဲ့ အဆိုပြု တင်ပြချက်ကို သဘောတူ လက်ခံလိုက်ပြီလို့ သိရပါတယ်။
2011-09-01
ဧရာဝတီမြစ်ကို ကယ်တင်ဖို့ အစိုးရကို တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာနယ် အသီးသီးက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ အပါအဝင် ကျောင်းသား ပြည်သူတွေရဲ့ လက်မှတ်ပေါင်း (၁၆၀၀) ကို သမ္မတနဲ့ ဒုသမ္မတဆီ ဒီကနေ့ ပေးပို့လိုက်တယ်လို့ သိရပါတယ်။
2011-08-31
ငြိမ်းချမ်းရေး ကော်မရှင်လို အဖွဲ့မျိူး လွှတ်တော်က ဖွဲ့စည်းမယ်ဆိုရင် အများယုံကြည်လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး ပါဝင်ဖို့ ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။
2011-08-31
ရှုပ်ထွေးလှတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေ လဲလှယ်ရေးနှုန်း စနစ်ကို ခေတ်မီအောင် ပြင်ဆင်ရာမှာ အကူအညီပေးဖို့IMF ခေါ် အပြည်ပြည်ဆိုင်ရာ ရံပုံငွေအဖွဲ့က စီးပွါးရေး ပညာရှင်တွေ ပါဝင်တဲ့ နည်းပညာ အကူအညီပေးရေး အဖွဲ့တဖွဲ့ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ကြောင်း IMF ပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
2011-08-31
နိုင်ငံရေး ယုံကြည်ချက်ကြောင့် အစိုးရက ဖမ်းဆီး ထောင်ချတာ ခံရပြီး ပြန်လည် လွတ်လာကြသူတွေအနေနဲ့ မိမိတို့ နဂိုမူလ သက်မွေးဝမ်းကျောင်းမှုကို ပြန်လုပ်ခွင့်ရအောင် NLD ပါတီက ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်သွားမယ်လို့ သတင်းရရှိ ပါတယ်။
2011-08-31
နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ပြည်ပရောက် မြန်မာတွေ ပြန်လာရေး လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ့် အစီအစဉ်ဟာ အကောင်အထည် ပေါ်လာဖို့ အလားအလာ ကောင်းကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောပါတယ်။
2011-08-31
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အမျိုးသမီး အဖွဲ့က ရန်ကုန်တိုင်း အတွင်းမှာ ရှိတဲ့ ပျံကျ ဈေးသည်တွေကို အတိုးမဲ့ ချေးငွေတွေ ဒီကနေ့ ထပ်မံ ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။
2011-08-31
မြန်မာနိုင်ငံကို ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် စေလွှတ်ရေးကိစ္စ ဦးဆောင် ဆွေးနွေးဖို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးကို ဗြိတိန် ပြည်သူ ငါးထောင် သုံးရာက စာရေးသား တောင်းဆိုလိုက်ကြ ပါတယ်။
2011-08-30
ထိုင်းနိုင်ငံ တောင်ပိုင်း မှာ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် တကွန်ပါခရိုင် ထိခတ် ကျေးရွာ တဝိုက် ရေမြုပ်နေတဲ့ ရာဘာခြံ တွေမှာ ရေဘေးဒုက္ခ ကြုံတွေ့နေရတဲ့ မြန်မာလုပ်သား ၁၂၀ ကျော် အတွက် ဖန်ငါ့ဒေသ အခြေစိုက် ပညာရေး နဲ့ဖွံ့ဖြိုး တိုးတက်ရေး ဖေါင်ဒေးရှင်း FED က စားနပ်ရိက္ခာနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ မနေ့က သွားရောက် လှူဒါန်းခဲ့တယ်လို့သိရပါတယ်။
2011-08-30
သင်္ကန်းကျွန်း လွှတ်တော် အမတ် ဦးသိန်းညွန့်က ၁၉၅၀ နိုင်ငံတော် လုံခြုံရေး အရေးပေါ် စီမံချက် အက်ဥပဒေ ကို ဖျက်သိမ်းပေးဖို့ တနင်္လာနေ့က ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ အဆိုတင်သွင်း ခဲ့တာကို လွှတ်တော် အစည်းအဝေးမှာ ဒီကနေ့ မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့် သွားပါတယ်။
2011-08-30
အသက် ၁၅ နှစ် အရွယ် ကလေးတဦး စစ်သားအဖြစ် စုဆောင်းခံရတဲ့ အတွက် မိဘများက ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် အကူအညီနဲ့ ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်း နေတယ်လို့ သိရပါတယ်။
2011-08-30
လာမယ့် ဒီဇင်ဘာလမှာ ကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံကို စုံစမ်းရေး ကော်မရှင် စေလွှတ်ရေး ကိစ္စ ဆုံးဖြတ်ချက် ချနိုင်အောင် EU ဥရောပ သမဂ္ဂအဖွဲ့ အနေနဲ့ ကြိုးပမ်း ဆောင်ရွက်ဖို့ မြန်မာပြည်ဆိုင်ရာ ဥရောပ ပါလီမန် အမတ်များအဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်း လိုက်ပါတယ်။