သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-21
နယ်စပ်ရေးရာ ဒုတိယဝန်ကြီးအဖြစ်ကနေ မူလတပ်တာဝန်တွေကို ပြန်လည်ထမ်းဆောင်စေခဲ့တဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် လွှတ်တော် အတွက် တပ်မတော်ကိုယ်စားလှယ်အဖြစ် အစားထိုးပြောင်း လဲကြောင်း ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ကြေညာ ပါတယ်။
2014-06-21
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက် ပွဲ ဖြစ်ဖို့အတွက်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ဖို့ အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2014-06-21
ရန်ကုန်မြို့ စက်မှုလက်မှုလုပ်ငန်းရှင်များနဲ့ ကုန်သည်ကြီးများအသင်းချုပ် UMFCCI မှာ ထိပ်တန်းစစ်ဘွဲ့ထူးတွေအပေါ် ဝေဖန်ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်လို့ စစ်တပ်အကြီးအကဲတွေနဲ့ စစ်မှုထမ်းဟောင်း အရာရှိကြီးတွေကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ ကြေညာချက်ထုတ် ပြန်တောင်းပန်လိုက်ပါတယ်။
2014-06-21
နိုင်ငံတကာသာသနာပြု ပီနန်ဆရာတော် ဦးပညာဝံသရဲ့ တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းနဲ့ ပတ်သက်ပြီး တရားသဖြင့်ဖြေရှင်းပေးဖို့ အမေရိ ကန်ရောက် မြန်မာရဟန်းသံဃာတွေနဲ့လူပုဂ္ဂိုလ်တချို့က နယူးယောက်မြို့က မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ မနေ့နေ့လည်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-06-21
အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဌာန လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ဟာ မွန်ပြည်နယ်၊ ကရင်ပြည် နယ် ဘားအံမြို့၊ ရန်ကုန်မြို့နဲ့နေပြည်တော်ကို ဇွန်လ ၂၂ ရက်နေ့ကနေ ၂၈ ရက်နေ့ထိ သွားရောက်မယ်လို့ ဝါရှင်တန်ဒီစီရုံးက ကြေညာလိုက်ပါတယ်။
2014-06-21
တရုတ်-အိန္ဒိယ နှစ်နိုင်ငံသဘောတူခဲ့တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး သဘောတူစာချုပ် အနှစ် ၆၀ ပြည့် အခမ်းအနားကို တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ အခုလကုန်ပိုင်းမှာကျင်းပ မှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန် တက်ရောက်မယ်လို့ သိရပါတယ်။
2014-06-21
ဇွန်လ ၂ဝ ရက် မနေ့ကကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ အမေရိကန်က နာမည်ကြီးမင်းသမီး အိန်ဂျလီနာဂျိုလီက မြန်မာ တိုင်းရင်းသား ဒုက္ခသည်တွေရှိတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင် ဒုက္ခသည်စခန်းကို သွားရောက်ခဲ့တယ် လို့ သိရပါတယ်။
2014-06-20
မြန်မာနိုင်ငံမှာ ပြဌာန်းဖို့ ပြင်ဆင်နေတဲ့ မျိုးစောင့်ဥပဒေမူကြမ်းကို ဆက်လက် အကောင်အထည်မဖေါ်ဖို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက မနေ့က တောင်းဆိုလိုက်ပါတယ်။
2014-06-20
မြန်မာနိုင်ငံဟာ အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးတွေကို အဓမ္မလုပ်အားပေးခိုင်းစေ တာနဲ့ အမျိုးသမီးနဲ့ ကလေးတွေကို လိင် လုပ်ငန်းအတွက် တခြားနိင်ငံရောင်းစားတဲ့ ပင်မတစ် နိုင်ငံဖြစ်နေတယ်လို့ အမေရိကန်ပြည်ထောင်စုက မနေ့ က ပြောကြားလိုက်ပါတယ်။
2014-06-20
မနေ့ညက ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို မန္တလေးတိုင်းဒေသကြီး ရမည်းသင်း မြို့ အကျဉ်းထောင်မှာ ဖမ်းဆီးထားတယ်လို့ သိရ ပါတယ်။
2014-06-20
PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို တိုင်းရင်းသားနိုင်ငံရေးပါတီ ၂၀ နဲ့ စုဖွဲ့ ထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ် သွားမယ်လို့ NBF ခေါင်းဆောင်တွေက ဒီနေ့ ပြောပါတယ်။
2014-06-20
အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်း သိမ်းခံထားရတဲ့ မဟာသန္တိသုခကျောင်း တိုက်က အင်္ဂလန်ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ပါးဟာ ဒီနေ့ တာမွေမြို့နယ် တရားရုံးက အာမ ခံပေးလိုက်ပြီး ညနေပိုင်းမှာ မဟာသန္တိသုခကျောင်းတိုက် အနီးက သာသနာ့ဇေယျမင်္ဂလာ ပရိယတ္တိစာသင်တိုက်မှာ သိမ်ဝင်ပြီး ရဟန်းအဖြစ် သိက္ခာတင်ခဲ့ပါတယ်။
2014-06-20
သြစတြေးလျနိုင်ငံကို အလည် အပတ်ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ကိုမင်းကိုနိုင် ဦးဆောင်တဲ့အဖွဲ့ဟာ သြစတြေးလျ နိုင် ငံခြားရေးဝန်ကြီး Julie Bishop နဲ့ မနေ့က တွေ့ဆုံ ခဲ့ပြီး မြန်မာနိုင်ငံက ဒီမိုကရေစီရေးလှုပ်ရှားမှုတွေနဲ့ သြစတြေးလျအစိုးရက ပါဝင်ကူညီနိုင်မယ့် ကိစ္စရပ်တွေ ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2014-06-20
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွားခဲ့တာ အချိန် ၂ နှစ်ကျော်အထိ ကြာမြင့်ခဲ့ပြီးဖြစ်ပေ မယ့် နှစ်ဘက်ဒုက္ခသည်တွေရဲ့ အခြေအနေတွေဟာ တိုးတက်မှု မရှိသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ်ကြီး Mr. Thierry Mathou က သတင်းထောက်တွေကို ဒီကနေ့ ပြောပါတယ်။
2014-06-19
အခြေခံဥပဒေပုဒ်မ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲကို ဗြိတိန်နိုင် ငံရောက် မြန်မာနိုင်ငံသားတွေက ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၆၉ နှစ်မြောက်မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက် မနေ့က လန်ဒန်မြို့ မြန်မာသံရုံးရှေ့မှာ ကျင်းပခဲ့ကြပါတယ်။