သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-26
အာဆီယံဒေသတွင်း ဆိုင်ရာ ရှာဖွေ ကယ်ဆယ်ရေးဌာန ထူထောင်ရေးဆောင် ရွက်ဖို့ ထိုင်း လေတပ်ကာကွယ်ရေး ဦးစီး ချုပ်က အဆိုပြုခဲ့ပါတယ်။
2014-09-26
မြန်မာနိုင်ငံမှာ နိုင်ငံခြား ဘဏ်ခွဲတွေ ဖွင့်ခွင့်ပြုမယ့် စာရင်းကို အခုစက်တင် ဘာလကုန်မှာ ကြေညာမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဌ ဦးဆက်အောင်က ကတိပြုပြောကြား ခဲ့ပါတယ်။
2014-09-26
နော်ဝေးအခြေစိုက် တယ်လီနောကုမ္ပဏီရဲ့ မိုဘိုင်းဖုန်း Sim Card တွေကို စက်တင်ဘာ ၂၇ ရက် စနေနေ့မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။
2014-09-25
၁၉၉၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို အကောင် အထည်ဖေါ်ပေးဖို့ အဲဒီအချိန် ၁၉၉၀ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့မှာ အင်းစိန်ထောင်ကနိုင်ငံရေးအကျဉ်းသားတွေ ရဲ့တောင်းဆိုလို့ အကြမ်းဖက်ဖြိုခွင်းခံရတဲ့ ၂၄ နှစ်မြောက် အဖြစ် ကိုယ်တိုင်ပါဝင်ခဲ့သူတွေရဲ့ရှင်းလင်းပွဲတရပ်ကို ရန်ကုန်မြို့ မဂ္ဂင်ကျောင်းတိုက်မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2014-09-25
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော် မရှင်ဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တာဝန်ယူဖြေရှင်းဆောင် ရွက်ပေးတာ အားနည်းတယ်လို့ Equality Myanmar က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2014-09-25
မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် က လယ်ယာမြေဧက ၃ သောင်းကျော်ကို သစ်တောဦးစီးဌာနက သစ်တောကြိုးဝိုင်းအဖြစ် သတ်မှတ် ထားတဲ့အတွက် ဒေသခံ တစ်ထောင်ခန့်က မကွေးမြို့ သစ်တောရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2014-09-25
အစိုးရဘတ်ဂျက်ငွေကြေး နဲ့ ဆောက်လုပ်နေတဲ့ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ အဆောက် အဦးတွေနဲ့ လမ်းတံတားတွေမှာ အရည်အသွေး မပြည့်မီတာတွေတွေ့ရှိရင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အချက်အလက်တွေပေးပို့ကြဖို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီနေ့ ညွှန်ကြားချက်ထုတ်ခဲ့ပါတယ်။
2014-09-25
မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးပဲ စစ်သားအဖြစ် စုဆောင်းခံရတဲ့ ကလေး စစ်သား ၁၀၉ ဦးကို စစ်တပ်ထဲကနေ ဒီကနေ့ အခမ်းအနားနဲ့ နှုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
2014-09-25
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီတို့ ပူးပေါင်းထားတဲ့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ပထမဆုံးအကြိမ် ညီလာခံကို ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။
2014-09-25
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ တင်သွင်း ရာ ထောက်ခံသူမရှိတဲ့အတွက် လွှတ်တော်က ပယ်ချခဲ့ တယ်။
2014-09-24
ထိုင်းဘတ်ငွေ တစ်သန်း ပြန်ပေးခဲ့သူ မြန်မာအလုပ်သမား တစ်ယောက်ကို ပိုင်ရှင်တွေက ဘတ်ငွေ တစ်ထောင် ဆုချခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။
2014-09-24
ပဲခူးမြို့နယ် သာယာကုန်းကျေးရွာအုပ်စု အတွင်း စစ်တပ်ကသိမ်းယူထားတဲ့ လယ်ဧက ခြောက်ထောင်နီးပါးကို ပြန်ပေးဖို့ တောင်သူလယ်သမားတွေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြတောင်းဆိုသွားဖို့ ပြင်ဆင်နေကြပါတယ်။
2014-09-24
ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းမှာ ပီလောပီနံ စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ ယုဇနကုမ္ပဏီကို ကန့်ကွက်ကြောင်း ဖားကန့်မြို့နယ် ကျေးရွာ ၆ရွာက ဒေသခံတွေက ဆန္ဒမဲပေးခဲ့ကြတယ်လု့ိ သိရပါတယ်။
2014-09-24
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်ထဲမှာပါတဲ့ “နိုင်ငံရေးလမ်းပြမြေပုံ” နဲ့ပတ်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ UPWC နဲ့ အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖဲ့ွ NCCT တို့အကြား တိကျတဲ့ သဘောတူညီ မှုမရရှိသေးကြောင်း NCCT အဖဲ့ွဝင်တွေက ပြောပါတယ်။
2014-09-24
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၂၆ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ဒီနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ပါတီရုံးချုပ်မှာ ကျင်းပခဲ့ပြီး သတင်းစာရှင်းလင်းပွဲလည်း ကျင်းပခဲ့ပါတယ်။