သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-23
မြန်မာနိုင်ငံမြောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ အလုံးအရင်းနဲ့ ချီတက်နေရာ ယူနေကြတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အသက်ဆုံးရှုံးမှုတွေ ပေါ် ပေါက်လာဖွယ်ရှိကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် Tom Andrews က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စနေနေ့က သတိပေးပြောဆိုလိုက်ပါတယ်။
2021-10-23
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ရဲ့ အမှုနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို သတင်းမီဒီယာတွေနဲ့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း တွေကို ထုတ်ဖော်မပြောဖို့ ရှေ့နေ ဦးကြည်ဝင်းကို ဒီနေ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြန် ပြီး တားမြစ်ခံလိုက်ရပါတယ်။
2021-10-23
စစ်ကိုင်းတိုင်း ခင်ဦးနဲ့ တန့်ဆည်မြို့နယ်ထဲက ရွာတွေထဲကို စစ်ကောင်စီတပ်တွေနဲ့ လက်နက်ကိုင် ပျူစောထီးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ရွာထဲဝင်ရောက်စီးနင်း သေနတ်တွေနဲ့ ပစ်ခတ်တာတွေကြောင့် ရွာသား လေးယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-10-23
ရန်ကုန် စမ်းချောင်းမြို့နယ်၊ ဗားကရာချောက် မီးပွိုင့်မှာရှိတဲ့ ယာဉ်ထိန်းရုံးကို ဒီနေ့ အောက်တိုဘာ ၂၃ ရက် နေ့လယ်ပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့လို့ သေဆုံးတာတွေ ရှိတယ်လို့ စမ်းချောင်းမြို့နယ်မှာ နေထိုင်သူတွေက RFA ကို ပြောပါတယ်။
2021-10-23
မြန်မာပြည်သူတွေကို ကုလသမဂ္ဂက တကယ်ဂရုစိုက်တယ်ဆိုရင် စကားလုံး တွေထက် လက်တွေ့ပြဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိတ်ချ် အင်ဒရူး (Thomas H.Andrews) က အောက်တိုဘာ ၂၂ ရက်နေ့၊ အမေရိကန်စံတော်ချိန် နေ့လည် ၃ နာရီမှာကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောခဲ့ပါတယ်။
2021-10-23
ရန်ကုန် ဗိုလ်တစ်ထောင်မြို့နယ် မဟာဗန္ဓုလလမ်းနဲ့ ဗိုလ်တထောင်ဈေးလမ်းထောင့် မီးပွိုင့်ရဲ့ ယာဉ်ထိန်းရုံးမှာ ဒီနေ့ အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းက ပစ်ခတ်မှုဖြစ် ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးသူတွေရှိခဲ့တယ်လို့ ဗိုလ်တစ်ထောင်မြို့ထဲ နေထိုင်သူတွေက RFA ကို ပြောပါ တယ်။
2021-10-23
ပဲခူးတိုင်း၊ ဖြူးမြို့နယ်ထဲမှာ ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဖြူး PDF တပ်ဖွဲ့ဝင်တွေ ဒီနေ့ အောက်တိုဘာ ၂၃ ရက် မနက်အစောပိုင်းက အပြန်အလှန် ပစ်ခတ်ခဲ့ကြရာ ရဲတပ်ဖွဲ့ဝင်တစ်ယောက် သေဆုံးသွားတယ်လို့ ပဲခူး PDF အဖွဲ့က ပြောပါတယ်။
2021-10-23
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အခြေစိုက် ခမရ ၃၃၆ စစ်တပ်ရဲ့ ကင်းစခန်းကို ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF Pekhon က အောက်တိုဘာ ၂၂ ရက်နေ့ညပိုင်းမှာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ငါးယောက် သေဆုံးခဲ့တယ်လို့ PDF Pekhon က သတင်းထုတ်ပြန် ထားပါတယ်။
2021-10-23
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေထဲမှာ အောက်တိုဘာ ၂၀ ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ယာယီတပ်ရင်းမှူး အပါအဝင် ရှစ်ယောက်သေဆုံးခဲ့တယ်လို့ KNU က အောက်တိုဘာ ၂၂ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
2021-10-22
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ စွဲဆိုထားတဲ့ အမှုမှာ တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးရဲထက်က ထွက်ဆိုရာမှာ ကြိုတင်ရေးသားထားတဲ့ စာအုပ်ထဲက အကြောင်းအရာတွေကို ဖတ်ကြားခဲ့တဲ့အတွက် တရားရုံးက တားမြစ်ခဲ့ပြီး၊ လာမယ့် အောက်တိုဘာလ ၂၉ရက်မှာ ဆက်လက်စစ်ဆေးဖို့ ရုံးချိန်းယူခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဖြစ်သူက ပြောပါတယ်။
2021-10-22
အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်အနေနဲ့ နိုင်ငံအပေါ် အမှန်တကယ် စေတနာရှိတယ်ဆိုရင် ရာထူးက ဆင်းပေးပြီး၊ အရပ်သားခေါင်းဆောင်တွေကို အာဏာပြန်လွှဲပေးသင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတင်း ဘာဂနာ (Christine Schraner Burgener) က ပြောလိုက်ပါတယ်။
2021-10-22
အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ခွင့်မပေးဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကိုသာ ဖိတ်ကြားဖို့ ဆုံးဖြတ်ချက်ဟာ အာဆီယံ ပဋိဉာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်တွေနဲ့ မကိုက်ညီတဲ့အတွက် လက်မခံနိုင်ဘူးလို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက အောက်တိုဘာလ ၂၂ ရက်နေ့စွဲနဲ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။
2021-10-22
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး အခြေအနေအရပ်ရပ် ပျက်စီးယိုယွင်း လျက်ရှိရာ ပြဿနာများ ပိုပြီးဆိုးဝါးမလာခင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ ထိထိရောက်ရောက် ပါဝင်ဖြေရှင်းကြဖို့ မကြာခင်တာဝန်က အနားယူတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Schrner Burgener က မနေ့က သတင်းစာရှင်းလင်း ပွဲမှာ ပြောသွားပါတယ်။
2021-10-22
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာရှိတဲ့ ဘာလူကာလီ ရိုဟင်ဂျာဒုက္ခသည်စခန်းက အစ္စလာမ်စာသင်ကျောင်း အောက်တိုဘာလ ၂၂ ရက် ဒီနေ့မှာ တိုက်ခိုက်ခံရပြီး အနည်းဆုံး လူခုနစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရ သူတွေလည်းရှိခဲ့ပါတယ်။
2021-10-22
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်စဲနေတဲ့ကာလအတွင်း စစ်ကောင်စီက နေရပ် ပြန်ခိုင်းတာတွေနဲ့ ဒုက္ခသည်စခန်းမှာ စားဝတ်နေရေး အခက်အခဲတွေကြောင့် နေရပ်ပြန်သွားကြတဲ့ ဒုက္ခသည်တွေဟာ ဒီနေ့အထိ တစ်သိန်းခြောက်သောင်းခန့် ရှိတယ်လို့ ရခိုင်စစ်ဘေးဒုက္ခသည်တွေအကြောင်း စာရင်းပြုစုနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ကပြောပါတယ်။