သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-01-29
ပိတ်မိနေတဲ့ တရုတ်နိုင်ငံသား ၁၆ဝ လောက်ကို ကယ်ဆယ်ဖို့အတွက် နည်းလမ်းတွေ ရှာဖွေဖို့ ထိုင်းအာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။
2025-01-29
အခုနောက်ဆုံးရောက်လာတဲ့ ဒုက္ခသည်တွေထဲမှာ ရိုဟင်ဂျာ ကလေးငယ် လေးဦးအပါအဝင် ၇၅ ဦးထက်မနည်း ရောက်လာတာလို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးအရာရှိက ပြောပါတယ်။
2025-01-29
အဲဒီမှာ မြန်မာကျောင်းဆရာ၊ ဆရာမ လေးဦးနဲ့ မြန်မာကလေး ၁၉ဝ ကျော် ပညာသင်ကြားနေတယ်လို့ ဖော်ပြပါတယ်။
2025-01-29
မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်မှာဖြစ်တာကြောင့် စစ်ဆင်ရေးကာလအတွင်း အခက်အခဲမကြုံရအောင် ရိက္ခာနဲ့ ဆေးဝါးတွေ ကြိုတင်ပြင်ဆင်ထားဖို့ ထုတ်ပြန်ထားတာပါ။
2025-01-29
စစ်ကောင်စီက စစ်မှုထမ်းဖို့ အင်အားသုံးဖမ်းဆီးနေတာတွေကို ဒေသခံတွေသတိထားကြဖို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
2025-01-29
ပြီးခဲ့တဲ့နှစ်က လူဦးရေ ၁၃.၃ သန်း ရှိခဲ့ရာကနေ ၂၀၂၅ ခုနှစ်မှာ လူဦးရေ ၁၅ သန်း အစာငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ WFP က ခန့်မှန်းထားတာပါ။
2025-01-29
တောင်သာမြို့နယ်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီး အသုံးပြုတိုက်ခိုက်မှုကြောင့် အရပ်သား ငါးဦးသေဆုံးခဲ့ပါတယ်။
2025-01-29
စစ်အာဏာသိမ်းပြီးချိန်ကစလို့ စင်ကာပူ Interra Resources ကုမ္ပဏီဟာ စစ်ကောင်စီကို ရေနံ ကန် ဒေါ်လာ သန်း ၁၅၀ ဖိုး ထောက်ပံ့ပြီး အရပ်သားတွေပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတာကို အားဖြည့်ပေးနေတယ်လို့ JFM က ကြေညာချက် ထုတ်ပြန်ပါတယ်။
2025-01-29
မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်နဲ့ မြဝတီမြို့အနီး အင်ကြင်းမြိုင် (KK Park) က နိုင်ငံခြားသားတွေကို ထိုင်းအာဏာပိုင်တွေထံ လွှဲပြောင်းပေးမယ်လို့ BGF ပြောခွင့်ရသူ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။
2025-01-29
မင်းကွန်းဒေသ မြသိန်းတန်စေတီတော်အနီးမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံငါးထောင်ခန့် ထွက်ပြေးနေရပါတယ်။
2025-01-29
တရုတ်အစိုးရဟာ စစ်ခေါင်းဆောင်ကို ကူညီထောက်ခံနေတဲ့အပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြလှုပ်ရှားမှုကို ဇန်နဝါရီ ၂၉ ရက် ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
2025-01-29
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၁ ဦးဟာ ဇန်နဝါရီ ၂၉ ဒီနေ့မနက် တစ်နာရီအချိန်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။
2025-01-29
လေကြောင်းအန္တရာယ်ကာကွယ်ဖို့ စတားလင့် အင်တာနက်နဲ့ CDMA ဖုန်းလိုင်းတွေကို ယာယီပိတ်မှာ ဖြစ်တယ်လို့ ကျောက်မဲမြို့ TNLA အုပ်ချုပ်ရေးဌာနကလည်း ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
2025-01-29
ပြည်သူ့စစ်မှုထမ်းအတွက် ဥပဒေပြဋ္ဌာန်းချက်အပေါ် မမှန်မကန်ဆောင်ရွက်တာကို ထိထိရောက်ရောက် အရေးယူမဲ့အပြင် လုပ်ကြံဝါဒဖြန့် ပြောဆိုမှုတွေကိုလည်း ဖော်ထုတ်မယ် ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောပါတယ်။
2025-01-29
သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာတွေထဲ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းနေတာကြောင့် ဒေသခံတစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။