သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-01-27
နယ်စပ်ဒေသက အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေကို နှိမ်နင်းဖို့အတွက် တရုတ်၊ ထိုင်းနဲ့ မြန်မာ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မယ်လို့ စစ်ကောင်စီက ပြောပါတယ်။
2025-01-27
မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ထိုင်းရေလုပ်သား လေးဦး ပြန်လည်လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောပါတယ်။
2025-01-27
ဇန်နဝါရီ ၂၇ ရက်နေ့ ည ၁၂ နာရီခွဲမှာ မောင်ခင်မင် (ဓနုဖြူ) ရုတ်တရက်ကွယ်လွန်သွားကြောင်းကို သမီးဖြစ်သူ မသူသူနွယ်အေးက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ အသိပေးထားတာပါ။
2025-01-27
ဇန်နဝါရီ ၁၇ ရက်နေ့ကနေ ၂၅ ရက်နေ့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးနဲ့အတူ သေနတ် ရှစ်လက်နဲ့ ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
2025-01-27
ဖမ်းမိထားသူရဲ့ မျိုးရိုးနာမည်က ယမ် ဖြစ်ပြီး စနေနေ့က တရုတ်နိုင်ငံကို ပြန်ရောက်သွားတယ်လို့ ဆိုပါတယ်။
2025-01-27
ဇန်နဝါရီ ၂၁ ရက်နေ့ မနက်ကစပြီး အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ငါးရက်အကြာ ဇန်နဝါရီ ၂၆ ရက်နေ့ မနက်မှာ သိမ်းယူနိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
2025-01-27
ရွှေဘိုမြို့နယ်ရဲမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အကြီးတန်းစာရေးနဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အငယ်တန်းစာရေးကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
2025-01-27
လေယာဉ်တွေကို အရပ်သားတွေ သတ်ဖြတ်ရာမှာ အသုံးပြုမယ်ဆိုတာသိသိနဲ့ ရောင်းလိုက်တာဖြစ်ပြီး အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာ လို့ Burma Campaign UK က ဖော်ပြပါတယ်။
2025-01-27
TNLA သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ခရိုင်အုပ်ချုပ်ရေးရုံးနဲ့ ညဈေးတန်းနေရာတွေကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လယ် ၂ နာရီအချိန်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2025-01-27
တောင်ကုတ်မြို့နယ် ပန်းတောင်း-တောင်ကုတ်လမ်းနဲ့ ပဲခူးတိုင်းအစပ်မှာရှိတဲ့ စစ်တပ်ရဲ့ မိုးထိတောင်အထိုင်စခန်းကို AA က ထိုးစစ်ဆင်နေတာကြောင့် ဇန်နဝါရီ ၂၇ ရက်နေ့အထိ တိုက်ပွဲတွေပြင်းထန်နေပါတယ်။
2025-01-27
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကင်မွန်းတောင့်ရွာကို ဇန်နဝါရီလ ၂၆ ရက်နေ့မှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ငါးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2025-01-27
ချင်းပြည်နယ် ပလက်၀ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ရွှေ့ပြောင်းသွားတဲ့ ဒေသခံတစ်ရာနီးပါးအတွက် အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
2025-01-27
ထိုင်းနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Provincial Electricity Authority (PEA) က မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ်အားရောင်းချတာ ရပ်ဆိုင်းဖို့ ပြင်ဆင်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဇန်နဝါရီလ ၂၆ ရက်နေ့က ဖော်ပြပါတယ်။
2025-01-27
မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အကူအညီပေးတဲ့ တရုတ်နိုင်ငံကို ကျေးဇူးတင်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီလ ၂၅ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ တရုတ်နှစ်သစ်ကူးနေ့ အခမ်းအနားမှာ ပြောပါတယ်။
2025-01-26
ထိုင်းနိုင်ငံကတစ်ဆင့် လူကုန်ကူးခံရပြီး ကယ်တင်ဖို့ကျန်ရှိနေတဲ့ ဟောင်ကောင်ဒေသခံ ဆယ်ဦးမှာ ကိုးဦးက မြန်မာနိုင်ငံမှာဖြစ်ပြီး နောက်ထပ် တစ်ဦးက ကမ္ဘောဒီးယားနိုင်ငံမှာ ရှိနေတယ်လို့ ဆိုပါတယ်။